မန်း-မူဆယ် ကားလမ်းတွင် (၄)ရက်ကြာ ကားထောင်ချီပိတ်ဆို့နေ
မန္တလေး-မူဆယ် ကားလမ်းတွင် လေးရက်ကြာ ကားများပိတ်ဆို့နေ ကြောင်း မူဆယ် အဝေးပြေး ကုန်တင်ယာဉ် အသင်းထံက သိရသည်။
ဒီဇင်ဘာလ (၄)ရက်နေ့မှ စတင်ကာ မန္တလေး-မူဆယ်ကားလမ်း၊ ကွတ်ခိုင်မြို့နယ် နန့်ဖက်ကာ အနီးတွင် ကားလမ်းများပိတ်ဆို့ နေသည်မှာ ယနေ့အထိ ဖြစ်နေကြောင်းမူဆယ် အဝေးပြေး ကုန်တင်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောသည်။
''ကျွန်တော်တို့ စကြားတဲ့ သတင်းအရ တော့ အဲဒီနားမှာ ကုန်ကားတစ်စီး လမ်းချော် တာကနေ အခုလို ပိတ်ဆို့မှုဖြစ်သွားတာပါ။ ချက်ချင်း ရှင်းလင်းမှု အားနည်းတဲ့အတွက် အခုလိုဖြစ်တယ်လို့ပဲ မြင်တယ်။ ဒီလမ်းမှာသွား နေတဲ့ ကုန်တင်ကားတွေက နည်းတာမှမဟုတ် တာ။ ပြီးတော့ အိမ်စီးကားနဲ့ လိုင်းကားတွေက လည်း အများကြီး''ဟု ဦးဝင်းအောင်ခန့်က ပြောသည်။
အဆိုပါ လမ်းပိတ်မှုသည် ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြားအထိ ကားအစီးရေ ထောင် ချီ ပိတ်ဆို့နေခြင်းဖြစ်ပြီး အဝေးပြေး ကုန်တင်ကားများအနေဖြင့် အဆိုပါလမ်း ပိတ်သည့်နေရာတွင် နှစ်ညခန့် အိပ်စက် နေကြရကြောင်း မန္တလေး-မူဆယ် အဝေးပြေး ကုန်တင်ယာဉ်လိုင်း ပိုင်ရှင်တစ်ဦးက ပြော သည်။
''အဲဒီနားတင် ပိတ်နေတယ်။ မရှိဘူးဆို ရင် အနည်းဆုံး ခြောက်မိုင်ကျော်လောက်အထိ ပိတ်နေတယ်။ ဘာမှ စားစရာမရှိဘူးလေ။ အဲဒီနားက သိတဲ့အတိုင်းပဲ၊ ရွာနီးချုပ်စပ်က လူတွေ လာရောင်းကြတာတွေတောင်ရှိတယ်၊ ဈေးကတော့ တအားကြီးတယ်။ ဒါပေမဲ့ ဝယ် စားကြရတာပဲလေ။ ဘယ်လိုမှ ရှေ့ဆက်လို့မရ တာ''ဟု မူဆယ်- မန္တလေး အဝေးပြေးကုန် တင်ကား မောင်းနှင်နေသည့် ကားဒရိုင်ဘာ ဦးစိုးသန်းက ပြောသည်။
အဆိုပါ လမ်းပိတ်ဆို့နေမှုများကြောင့် လမ်းပိတ်သည့်နေရာမှ နမ့်ဖက်ကာအထိ ဆိုင်ကယ်တက္ကစီများဖြင့် သွားလာမှုများလည်း ရှိပြီး အနီးအနားရှိ ရွာများ လာရောက်၍ ထမင်း၊ ဟင်းနှင့် ခေါက်ဆွဲကြော်၊ ကြာဇံ ကြော်များ လာရောက် ရောင်းချနေကြမှုများ လည်း ရှိနေသည်။
....................................................................................
မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://m.facebook.com/mandalayahlindailynewspaper/
No comments:
Post a Comment