Tuesday, January 6, 2015

တောင်ယာလုပ်ကိုင်နေသော ရွာသားများအား KIA အဖွဲ့ဝင်များမှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

တောင်ယာလုပ်ကိုင်နေသော ရွာသားများအား KIA အဖွဲ့ဝင်များမှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

6.1.2015 KIA တပ်ဖွဲ့ဝင်များအနေဖြင့် ကချင်ပြည်နယ်ရှိ မြို့နယ်နှင့် ကျေးရွားအများ အပြားတွင် နေထိုင်သော ဒေသခံ တိုင်းရင်းသားများအား KIA တပ်ဖွဲ့တွင် တပ်သားသစ်အဖြစ် တာဝန်ထမ်းဆောင်ရန် အဓမ္မဖမ်းဆီးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျှက်ရှိကြောင်း ယင်းဒေသခံအချို့ထံမှ ကြားသိရသည်။ တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာသို့ ဇန်န၀ါရီ ၁ ရက်နေ့တွင် KIA အဖွဲ့မှရောက် လာပြီးရွာသား (၂)ဦးအား KIA တပ်ဖွဲ့တွင် စစ်သင်တန်းတက်ရောက်ပြီး တပ်သားသစ် အဖြစ် တာဝန်ထမ်းဆောင်ခိုင်းစေရန် အဓမ္မဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။ အဆိုပါအဖွဲ့မှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံနှစ်ဦးမှာ ရှဒူဇွပ်ကျေးရွာ၊ ရပ်ကွက်(၁)နေ၊ မုန်ဒေါင် ၃၀ နှစ်နှင့် လမူလ ၂၈ နှစ် တို့ဖြစ်ကြောင်း ယင်းကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။ ဆက်လက်၍ KIA တပ်ဖွဲ့မှ လူသစ်စုဆောင်းရေးအဖွဲ့သည် တနိုင်းမြို့နယ် ၀ါရာဇွပ်ကျေးရွာနှင့် ပတ်ဝန်းကျင် တ၀ိုက်ရှိ လယ်တဲများတွင် လယ်ယာလုပ်ကိုင် စားသောက်နေသော ဒေသခံ တောင်သူလယ်သမား ၂၀ ကျော်ကိုလည်း KIA တပ်ဖွဲ့တွင် တပ်သားသစ်အဖြစ် တာဝန်ထမ်းဆောင်ခိုင်းစေရန် အဓမ္မဖမ်း ဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရသည် မိသားစုဝင်များ ၏ ပြောပြချက်အရ သိရသည်။ ကချင်ပြည်နယ်ရှိ ကျေးရွာများတွင် KIA တပ်ဖွဲ့၏ လူသစ်အဖြစ် အဓမ္မဖမ်း ဆီးခြင်း များကြောင့် ဒေသခံများသည် ၄င်းတို့နေ ထိုင်သော ကျေးရွာ များမှ မကြာခဏ ထွက်ပြေးတိမ်းရှောင် မှုများ ပြုလုပ်နေ ရကြောင်း သိရသည်။ ရန်နောင်(တနိုင်း) 

No comments: