Monday, January 26, 2015

အစိုးရစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် နှစ်ဦးမှ တစ်ဦးသေဆုံးပြီး

အစိုးရစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် နှစ်ဦးမှ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးအားပြန်လည် လွှတ်ပေး ခြင်းမရှိသေး ဗိုလ်မှူးဝင်းထွန်းအောင်ဦးဆောင်သော ခလရ (၆၈)တပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် နှစ်ဦးထဲမှတစ်ဦး ဖြစ်သူ လရှန်းတူးနန်မှာ သေဆုံးသွားပြီဖြစ်ကြောင်း နှင့် ရုပ်အလောင်းလာရောက်ကောက်ယူရန်အစိုးရစစ်တပ်မှ ၂၃ ဇန်နဝါရီ တွင် မော်ဟန်အုပ်ချုပ်ရေးမှူးထံ အကြောင်း ကြားလာရာ ယနေ့ ၂၄ ဇန်နဝါရီ ၂၀၁၅တွင် သွားရောက်ကောက်ယူပြီး မနက်ဖန်သဂြိုလ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။ ၂၂ ဇန်နဝါရီတွင် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာရှိ ရင်ခွဲတောင် သွားရာလမ်းလရှန်းတူးနန် နှင့် ၄င်း၏သူငယ်ချင်းဖြစ်သူမှာ သစ်ခုတ်နေသည့်အချိန်တွင် တိုက်ပွဲဖြစ်လာသောကြောင့် ပုန်းခိုလျက်ရှိရာ အစိုးရစစ်တပ်မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ နေ့လည် ၁နာရီတွင် ၄င်းတို့နှစ်ဦးအား ချည်နှောင်ဖမ်းဆီးထားခြင်းအား ဒေသခံများမှ တွေ့မြင်ကြောင်းဆို သည်။ သို့သော်ညနေ ၄နာရီအချိန်ခန့်တွင်မူ တစ်ဦးတည်းကိုသာ ချုပ်နှောင်ဖမ်းဆီးထားတော့ကြောင်း ထိုနေရာသို့ ဖြတ်သွားဖြတ်လာသည့် ဒေသခံများမှဆိုသည်။ သေဆုံးသွားသူ လရှန်းတူးနန်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာအနှံ့အပြားရရှိထားကြောင်းသိရသည်။ ဘယ်ဖက်ခြေထောက်တွင် သေနတ်ဖြင့်ပစ်ထားသည့် ဒဏ်ရာနှစ်ပေါက် မေးရိုးအောက်တွင်သေနတ်ဒဏ်ရာ တစ်ပေါက်နှင့် မျက်နှာတစ်ခုလုံးတွင် ညှင်းပန်းနှိပ်စက်ထားသည့်ဒဏ်ရာများအားတွေ့ရသည်။ လရှန်းတူးနန်၏သူငယ်ချင်းမှာ ယခုအချိန်ထိအစိုးရစစ်တပ်မှ ဖမ်းဆီးထားကြောင်းသတင်းရရှိသည်။ 

No comments: