Sunday, January 18, 2015

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အပါအ၀င် အစိုးရ၀န်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများအပေါ် KIA ၏ ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးမှုများ

 ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အပါအ၀င် အစိုးရ၀န်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများအပေါ် KIA ၏ ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးမှုများ ဇန်န၀ါရီလ ၁၅ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်း ဒူးနော်၊ ပြည်နယ် အင်ဂျင်နီယာမှူးကြီး ဦးအေးသိန်း၊ မိုးညှင်း ခရိုင် အင်ဂျင်နီယာမှူး ဦးခင်မောင်ထွေး ဦးစီးအဖွဲ့သည် ဆိပ်မူရဲစခန်းမှ ဒုရဲအုပ် မြင့်စိုးဦးစီး ရဲတပ်ဖွဲ့ဝင် ၃ ဦး လုံခြုံရေး လိုက်ပါလျက် ဖားကန့်မြို့မှ ဝှေခါး-ဝှေလုံ-ညောင်ပင်-ဟိုပင် လမ်းကြောင်းအတိုင်း မြစ်ကြီးနားသို့ ထွက်ခွာလာရာ KIA အဖွဲ့၏ နှောင့် ယှက်ပစ်ခတ်တားဆီးခြင်းခံရသော သတင်းက ဟိုးလေးတကြော် ပျံ့နှံ့နေပါ သည်။ ၎င်းအဖွဲ့မှ လုံခြုံရေး လိုက်ပါလာသော ရဲတပ်ဖွဲ့ဝင် ၃ ဦးအား ဖမ်းဆီးထားပြီး ၀န်ကြီးနှင့်အဖွဲ့အား ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရပါ သည်။ ကချင်ပြည် နယ် တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအပေါ် KIA အဖွဲ့၏ ခြိမ်းခြောက်မှုများကို ၀န်ကြီးဖြစ်စဉ် က သက်သေပြနေပါသည်။ လူမသိ သူမသိ အဖမ်းခံရသော၊ သတ်ဖြတ်ခံရသော အပြစ်မဲ့ပြည်သူ ဘယ်နှစ်ဦး လောက် ရှိပြီ မသိနိုင်ပါ။ သေချာတာတစ်ခုကတော့ KIA အဖွဲ့ရဲ့ တရားဥပဒေ အပေါ် မလေးစားမှု၊ ပြည်နယ်တွင်း လုံခြုံ ရေးကို ခြိမ်းခြောက်နေမှုတို့က တဖြည်းဖြည်းနှင့် အန္တရာယ်ကြီးမားသော အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ ပြည်နယ်ဝန်ကြီးကိုတောင် ကားပေါ်ကဆင်း၊ ဒူးထောက်၊ လက်မြှောက်ခိုင်းရဲတဲ့ KIA အဖွဲ့ရဲ့ လုပ်ရပ်က ခံပြင်းစရာ ကောင်းလှသည်။ ငြိမ်းချမ်းရေးလည်း မယူ၊ ပြည်နယ်အကျိုးလည်း ဘာတစ်ခုမှ မသယ်ပိုးပဲ လက်နက် ကိုင် သောင်း ကျန်းနေသော KIA အဖွဲ့ကို ဒီအတိုင်းလွှတ်ထားခြင်းက မြွေပွေးကို ခါးပိုက် ပိုက်ထားသည်နှင့်အတူတူပင် ဖြစ်ပါ သည်။ အချိန်မရွေး ဒုက္ခပေးနိုင်သော KIA အဖွဲ့ကို ဘာလုပ်လုပ် အပြစ်ပေးအရေးယူမယူဘဲ ကြည့်နေခြင်းက ငြိမ်းချမ်း ရေးအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုရှုတ်ထွေးစေရုံသာ ဖြစ်ပါသည်။ ကချင်ပြည်နယ်မှာ KIA အဖွဲ့ရဲ့ အစိုးရ၀န်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများက အကြိမ် အရေးအတွက် မရေတွက်နိုင်အောင် များပြားလွန်းပါသည်။ ယခုဖြစ်စဉ်နှင့်ဆက်စပ်ပြီး KIA အဖွဲ့၏ အစိုးရ၀န်ထမ်းများ နှင့် အပြစ်မဲ့ပြည်သူများအပေါ် ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးမှုများအား ပြန်လည် ဖော်ပြပေးချင်ပါသည်။ ယခင်ကတည်းက ကျူးလွန်နေသော ပြစ် မှုများကို ယနေ့အချိန်ထိလည်း KIA ကျူးလွန်နေဆဲပဲ ဆိုတာ မြင်သာစေရန် ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် ဇွန်လ ၈ ရက်နေ့က မန်စီမြို့နယ် ကိုက်ထိပ်ကျေးရွာအနီးရှိ ဆက်သွယ်ရေးမိုက်ခရိုဝေ့စ် စခန်းလုံခြုံရေး ရဲကင်းရှိ ရဲတပ်သား တစ်ဦးနှင့် အရပ်သားတစ်ဦးကို KIA အဖွဲ့က ၀င်ရောက်ဖမ်းဆီးသွားခဲ့သည်။ ၎င်းတို့ကို ပြန်လွှတ် ပေးရန် သက်ဆိုင်ရာရဲတပ်ဖွဲ့က ညှိနှိုင်းတောင်း ဆိုသော်လည်း လွှတ်မပေးခဲ့ဘဲ ဇွန်လ ၁၂ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းက သွားရောက် တောင်းခံမှသာ လွှတ်ပေးခဲ့ကြောင်း သိရပါသည်။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ဗန်းမော်မြို့မှ လေအေးပေးစက်ပြင် အလုပ်သမား ၃ ဦး၊ စကားပြန် ၁ ဦး၊ မိုးမောက်ရဲစခန်းမှ ဒုရဲအုပ် ၁ ဦး၊ ယာဉ်မောင်း ၂ ဦးနှင့် အရပ်သား ၁ ဦး စုစုပေါင်း ၈ ဦးတို့သည် တာပိန်ရေအားလျှပ်စစ် စက်ရုံရှိ လေအေးပေးစက်များအား သွားရောက် ပြင်ဆင်ခဲ့ပြီး ဗန်မော်မြို့သို့ ပြန်လည်ထွက်ခွာလာရာ KIA အဖွဲ့ တစ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၇ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ပါသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့တွင် မူဆယ်မြို့၊ တီမာရဲဘက်စခန်းသို့ KIA အဖွဲ့တစ်ဖွဲ့ ၀င်ရောက်၍ အကျဉ်း ဦးစီးဌာနမှ ထောင်မှူးကြီးနှင့် ရဲဝန်ထမ်းများ၊ ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ရဲဘက်အကျဉ်းသား ၅၅ ဦး တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ အလားတူ ၂၀၁၂ ခုနှစ် အေပြီလ ၂၈ ရက်နေ့တွင် ဆဒုံးမြို့နယ်ခွဲ အထွေထွေ အုပ်ချုပ်ရေးရုံးခန်းအနီးသို့ KIA အဖွဲ့မှ အင်အား ၃၀ ဦးခန့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ဆဒုံးမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး အပါအ၀င် ၄ ဦး သေဆုံးခဲ့ပါသည်။ မေလ ၃၁ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအား KIA အဖွဲ့က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့၍ ဦးနေလင်းအောင် သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့လည် ၁၁ နာရီချိန်တွင် ဖားကန့်မြို့ နယ်၊ မှော်ဝမ်းလေးရွာနေ ဦးမင်းခိုင်၏ နေအိမ်သို့ KIA တပ်ဖွဲ့ဝင် ၂ ဦး ရောက် ရှိလာပြီး ၎င်းအား ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။ ဒီဇင် ဘာ ၁၈ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် KIA အင်အား ၅၀ ခန့်က ကာမိုင်းရဲစခန်းအား ၀င်ရောက်စီးနင်းခဲ့သဖြင့် ရဲ တပ်ဖွဲ့ဝင် ၁ ဦးနှင့် မိသားစုဝင် ၂ ဦး သေဆုံးခဲ့ရရှာသည်။ အဆိုပါဖြစ်စဉ်မျာမှာ အကျဉ်းမျှသာဖြစ်ပြီး KIA အဖွဲ့၏ ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးခံရသော ဖြစ်စဉ်များလည်း များစွာ ကျန်ရှိနေပါသေးသည်။ မည်သို့ပင်ဖြစ်စေ အစိုးရ၀န်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက် ခြင်းသည် အကြမ်းဖက်လုပ်ရပ်သာ ဖြစ်ပါသည်။ ထိုမိသာစုဝင်များ၏ တရားမျှတမှုအတွက် မည်သည့်အဖွဲ့အစည်းကမျှ KIA အဖွဲ့အပေါ် ဖိအားပေးရှုတ်ချခြင်းများ၊ ဆန္ဒဖော်ထုတ်ပွဲများ၊ ဆုတောင်းပွဲ များ ပြုလုပ်မပေးခဲ့ပါ။ KIA သည် ငြိမ်းချမ်း ရေးမလိုချင်သော အဖွဲ့ ဖြစ် တာကြောင့် ပြဿနာ ကို တစ်ခုပြီးတစ်ခု လုပ်ကာ အစိုးရအဖွဲ့၊ တပ်မတော်တို့ နှင့် ထိပ်တိုက် ရင်ဆိုင်နေခြင်း ဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုသော် ကချင်ပြည်နယ်ကို ကချင်ပြည်နယ်အစိုးအရအဖွဲ့က အုပ်ချုပ်ခြင်းဖြစ်ပြီး မြို့ပြလုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လမ်းကြောင်း များနှင့် နယ်မြေလုံခြုံရေးအတွက် တပ်မတော်က တာဝန်ယူဆောင်ရွက် လျက်ရှိပါ သည်။ သို့ဆိုလျှင် ကချင်ပြည်နယ်မှာ KIA ဘာလုပ် သလဲ မေးစ ရာ ဖြစ်လာပါသည်။ နိုင်ငံတော်မှ အခွင့်အာဏာ ပေး ထားသော အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း တစ်နည်းအားဖြင့် တပ်မတော်ကဲ့သို့ လက်နက်ကိုင်အဖွဲ့အစည်း မဟုတ် သောကြောင့် မည်သူ့အတွက်မှ အသုံးမ၀င်ဘဲ KIA ထိပ် ပိုင်းခေါင်းဆောင်များ၏ ကိုယ်ကျိုးရှာ လက်နက်ကိုင်အဖွဲ့သာ ဖြစ်ပါသည်။ အရှင်းဆုံးပြောရရင် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းရင်းသားများအတွက် အသုံး မ၀င်ဘဲ ဒုက္ခပေးနေသော KIA အဖွဲ့ကို ထိရောက်စွာ အပြစ်ပေးသင့်ပြီ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ဇော်လင်းအောင်

No comments: