Tuesday, January 6, 2015

တစ်ပတ်အတွင်းမူစလင်အကြမ်းဖက်မှုသီတင်းများ -------------------------------------------------------

တစ်ပတ်အတွင်းမူစလင်အကြမ်းဖက်မှုသီတင်းများ -------------------------------------------------------

၁) တနင်္ဂနွေနေ့က ဆိုမာလီမြို့တော် မိုဂါဒစ်ရှုးတွင် လုံခြုံရေးတာဝန်ရှိသူများအား ပစ်မှတ်ထားသည့် ကားဗုံးတစ်လုံးပေါက်ကွဲပြီး သာမာန်အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့သည်ဟု အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ၎င်းဖေါက်ခွဲမှုသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု အယ်လ်ကိုင်ဒါနှင့် ခ်ျတ်ဆက် အယ်လ် ရှာဘတ်များက ကြေငြာခဲ့ပြီး ၎င်းတိုက်ခိုက်မှုသည် အမေရိကန်အားပေးတပ်ဖွဲ့များကို ဦးတည်ချက်ထားသည့်အကြောင်း နှင့် ၎င်းတို့မှ မြောက်များစွာသော အစိုးရစစ်သားများကိုလည်း သုတ်သင်ခဲ့ပြီးကြောင်း ပြောကြားခဲ့သည်။ ၂) ပြီးခဲ့သည့် နှစ်ရက်အတွင်း ဆူဒန်တောင်ပိုင်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အနည်းဆုံး သာမာန်အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့သည်ဟု သူပုန်များက ပြောကြားသည်။ ၃) အစ္စလမ္မစ်စစ်သွေးကြွများက ဝေးလံခေါင်သီသော နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းဒေသရှိ ဘာဂါမြို့ကို ဝန်းရံထားကြောင်း လုံခြုံရေးရင်းမြစ်နှစ်ခုက တနင်္ဂနွေနေ့က ပြောကြားသည်။ ၄) အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ်များက ဆီးရီးယားနှင့် အီရတ်ရှိ အစ္စလမ္မစ် နိုင်ငံတော် ပစ်မှန်များအား ၇ ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့မှ တနင်္ဂနွေနေ့က ပြောကြားသည်။ ၅)အစ္စလမ္မစ်တိုက်ခိုက်ရေးသမားများက ပြိုင်ဘက်၎င်းထက်သေးငယ်သော သူပုန်အုပ်စုတစ်ခုကို အသေအကြေတိုက်ပွဲများဆင်နွှဲပြီး ဒမတ်စကတ်မြို့တော်အရှေ့ပိုင်းရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို သိမ်းယူလိုက်သည်ဟု စောင့်ကြည့်ရေးအဖွဲ့တစ်ခုက ပြောကြားသည်။ ၎င်းမှာ လေးနှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်အတွင်း သူပုန်အချင်းချင်း တိုက်ခိုက်ကြသည့် ဥပမာတစ်ခုဖြစ်သည်။ "အစ္စလာမ်တပ်မတော်"အဖွဲ့မှ တိုက်ခိုက်ရေးသမားများနှင့် ဒူးမားရှိ တိုက်ခိုက်ရေးသမားများ ထိတွေ့ခဲ့ကြခြင်းဖြစ်သည်ဟု ဗြိတိသျှအခြေစိုက် လူ့အခွင့်အရေးလေ့လာရေးအဖွဲ့က ပြောကြားသည်။ အုပ်စုနှစ်ခုလုံးမှာ သမ္မတဘာရှား အယ်လ်အာဆတ် အစိုးရကို ဆန့်ကျင်သော ဆွန်နီမူဆလင် သူပုန်များ ဖြစ်ကြသည်။ တိုက်ပွဲများမှာ နယ်မြေလုခြင်းထက် ဝါဒရေးရာ ပဋိပက္ခများကို အခြေခံသည်။ ၆)တနင်္ဂနွေနေ့က မာလီမြောက်ပိုင်းတွင် လမ်းဘေးထောင်ဗုံးတစ်လုံးပေါက်ကွဲပြီး အနည်းဆုံး ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိသည်။ မာလီမြောက်ပိုင်းသည် ၂၀၁၂ ခုနှစ်က ပြင်သစ်ဦးဆောင်သော ကုလသမဂ္ဂတပ်ဖွဲ့များမှ ကြားဝင်ပြီး အယ်လ်ကိုင်ဒါစစ်သွေးကြွများအား ၎င်းတို့သိမ်းထားသော မြို့များမှ နှင်ထုတ်ခဲ့ပြီးသည့်နောက် ၂ နှစ်အကြာတွင် လွန်စွာ မငြိမ်မသက် ဖြစ်လျက်ရှိသည်။ ၇) လစ်ဗျား နိုင်ငံတကာအသိအမှတ်ပြုအစိုးရအား သစ္စာခံတပ်ဖွဲ့များက မိစရာတာရှိ နိုင်ငံ့အကြီးဆုံး သံမဏိစက်ရုံအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး နှစ်ရက်ဆက်တိုက်အဖြစ် နိုင်ငံအနောက်ပိုင်းရှိ ပြိုင်ဖက်အုပ်စုအခြေတည်မြို့အား တိုက်ခိုက်ခြင်းဖြစ်သည်။ ၈) အီဂျစ်လူမျိုး ခရစ်ယာန် ၁၃ ဦးတို့ လစ်ဗျားနိုင်ငံ၊ ဆိုင်ယာတီမြို့၌ ပြန်ပေးဆွဲခံရပြီး ပြီးခဲ့သည့်အပတ်ကလည်း ၇ ဦး ပြန်ပေးဆွဲခံခဲ့ရသေးသည်ဟု အီဂျစ်နိုင်ငံတော်ပိုင် သတင်းဌာနက စနေနေ့က ပြောကြားသည်။ ၉) တနင်္ဂနွေနေ့က ယီမင်အရှေ့တောင်ပိုင်း ရှာဘွာပြည်နယ်၌ ယီမင်စစ်တပ်အရာရှိတစ်ဦးကို အမည်မသိ သေနတ်သမားတစ်ဦးက ပစ်သတ်သွားသည်။

No comments: