Friday, January 30, 2015

" ယခုအချိန်ထိ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များကို သဘာဝကျကျနဲ့ လက်တွေ့ဖြစ်စဉ်များအတိုင်း သုံးသပ်ကြည့်လိုက်ပါက "ဘာကြောင့်လဲ" ဆိုသည့် အဖြေမှန်ကို တွေ့ရှိနိုင်ပါသည်".. " ကျောင်းသားများ၏ လှုပ်ရှားမှုများကို သေးသိမ်ရန် အထင်အမြင်လွဲမှားစေရန် အွန်လိုင်းမှနေ၍ နည်းမျိုးစုံဖြင့် အပုတ်ချကာ ပထမပြုလုပ်ဆောင်ရွက်ခဲ့ကြပေသည်.. ထို့နောက် မြင်းခြံတွင် အလံကိစ္စကို အကြောင်းပြု၍ ပြဿ နာကို ကြီးထွားအောင်ပြုလုပ်ပြီး အကျယ်ချဲ့သည်.. ထို့နောက် စွန်းလွန်းဂူကျောင်းဝင်းထဲ ညဖက်အနားယူနေစဉ်တွင် သတင်းမျိုးစုံလွှင့်ပြီး သွေးတိုးစမ်းအကွက်များ အသုံးချကာ ဆောင်ရွက်ကြပြန်သည်.. ထို့နောက်တွင်မူ တောင်သာသို့သွားရာ ချီတက်ရာလမ်းကြောင်းရှိ နန်းမြင့်တောင်ကြားတွင် သတ်ကွင်းပြုလုပ်ထားပြီး အဆင့်ဆင့်ပြုလုပ်ကာ စစ်ရေးမဟာဗျူ ဟာနည်းလမ်းအတိုင်း အကွက်ကျကျ စီမံထားခဲ့ပေသည်.. ဘာကြောင့်လဲ?. နည်းပညာ၏ ဖွံဖြိုးမှုကြောင့် ချီတက်နေသူ ကျောင်းသားများရော ဖွင့်ကြည့်နေသူ ပြည်သူလူထုရော Fb မှ နေ၍ ဖြစ်ပျက်နေသော မြင်ကွင်းများ လှုပ်ရှားမှု စီစဉ်ထားမှုများကို မြင်တွေ့သိရှိနေရပေသည်.. (မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ ပုံစံမျိုး ဖြစ်နေပါတယ်.. သတင်းဋ္ဌာနတွေကလည်း ရသမျှကို တင်ပေးနေပါတယ်).. ထို့ပြင် လွှတ်တော်ခေတ္တနားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှလည်း သတင်းဋ္ဌာနများ၏ မေးခွန်းကို ဖြေကြားခဲ့ပါသည်.. သွယ်ဝိုက်သောအားဖြင့် ပြဿ နာကို ညှိနှိုင်းမှု ဖြေရှင်းမှု ပြုလုပ်ရန်နှင့် သူမသည်လည်း ထိုကိစ္စကို အလေးအနက်ထားကာ စောင့်ကြည့်နေကြောင်းသဘောမျိုး ဖြေကြားခဲ့ပါသည်.. ဦးဋ္ဌေးဦး.. ဦးအောင်သောင်းတို့မှလည်း မေးခွန်းများကို ဖြေကြားခဲ့ပြီး မြင်သာထင်သာရှိသော အနေအထားတစ်ခုလည်း ဖြစ်ခဲ့ပါသည်.. ထို့ကြောင့် နောက်ဆုံး အဆုံးအဖြတ်ပေးရတော့မည့် အခြေအနေနှင့် အချိန်အခါရောက်လာသောအခါ အပေါ်မှ အစိုးရအဖွဲ့မှ တိုက်ရိုက်အမိန့်ကို အသုံးချ၍ ပညာရေးဋ္ဌာနမှ တာဝန်ရှိသူများကို စေလွှတ်ပြီး ဆွေးနွေးညှိနှိုင်းလမ်းကြောင်းကို အကောင်အထည်ဖော်ကာ လမ်းကြောင်းပြောင်းလဲကာ နေပြည်တော်မှာ ကျောင်းသားခေါင်းဆောင်တို့နှင့် ဆက်လက်၍ ဆွေးနွေးရန် သဘောတူညီပြီး အဖြစ်အပျက်တစ်ခု ပြီးဆုံးခဲ့ရပါသည်.. နောက်ဆုံးဆိုလိုရင်းမှာ လူ့လောက ကမ္ဘာကြီးသည် အစဉ်အမြဲ ပြောင်းလဲကာ ခေတ်သစ် စနစ်သစ်များကို ရွေ့လျားနေပေသည်.. "အင်အားသည်သာ ပဓာန" ဆိုသော အနေအထားသည် အချိန်ကာလတစ်ခုမှာတော့ မှန်ကန်တဲ့ သီအိုရီပုံစံ ဖြစ်နေပေမည်.. သို့သော်လည်း အမြဲတမ်း မှန်ကန်တဲ့ နိယာမတရားတော့ မဟုတ်ပါပေ.. " လူသားတို့၏ ပြင်းပြသော စိတ်ဆန္ဒနဲ့ ယုံကြည်ချက်" သည် အရာရာကို ကျော်ဖြတ်ပြီး ပြောင်းလဲနိုင်စွမ်းရှိပါသည်.. ထို့ကြောင့်လည်း လူ့လောကဖြစ်စဉ် ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းတို့သည်လည်း ပြောင်းလဲမှုဖြစ်စဉ်နိယာမတရားအတိုင်းသာ ရွေ့လျားပြောင်းလဲနေကြရသည် မဟုတ်ပါလားဗျာ..

No comments: