Monday, January 12, 2015

KIA အဖွဲ့မှ သတ်ဖြတ်ခဲ့သော ရ၀မ်တိုင်းသား(၁၅)ဦး အတွက် အောက်မေ့ သတိရဆုတောင်းပွဲပြုလုပ်

KIA အဖွဲ့မှ သတ်ဖြတ်ခဲ့သော ရ၀မ်တိုင်းသား(၁၅)ဦး အတွက် အောက်မေ့ သတိရဆုတောင်းပွဲပြုလုပ်


 ဇန်န၀ါရီလ ၁၁ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆာခွန်ဒမ်းကျေးရွာ၌ ၁၉၆၃ ခုနှစ်တွင် KIA အဖွဲ့များဝင်ရောက်၍ ကျေးရွာသား ရ၀မ် လူမျိုး ၁၅ ဦးအား သတင်းပေး ဟုစွပ်စွဲ၍ သတ်ဖြတ်ခဲ့မှုအပေါ် အောက်မေ့သတိရဆုတောင်းပွဲအား ဇန်န၀ါရီ ၈ ရက်နေ့ တွင် ဆာခွန်ဒမ်းကျေးရွာရှိ အုတ်ဂူကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ အောက်မေ့သတိရဆုတောင်းပွဲအား နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး ရ၀မ် စာပေးနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးရယ်ဒန်တန် ဦးစီးကော် မတီဝင် ၂၅ ဦး၊ ဆာခွန်ဒမ်းကျေးရွာအုပ်စုအနီး ပတ်ဝန်ကျင်မှ ဒေသခံ ရ၀မ် လူမျိုးများ စုစုပေါင်း အင်အား(၄၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။ “ လူမျိုးရေးအမုန်းပွားစေချင်တဲ့စိတ်နဲ့ မဟုတ်ပါဘူး၊ သေဆုံးသွားတဲ့ ရွာသားတွေ အတွက် ဆုတောင်းမေတ္တာပို့သ ပေးတာ ပါ၊ ရ၀မ်လူမျိုးတွေဟာ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ဒေသလေးမှာ နေကြတဲ့ လူနည်းစုတိုင်းရင်း သားတွေဖြစ်တာကြောင့် အနိုင်ကျင့်ခံရတယ်လို့ မှတ်ယူပါတယ်” ဟု ဦးရယ်ဒန်တန်က ပြောသည်။ ယင်းဆုတောင်းပွဲတွင် ဆာခွန်ဒမ်းကျေးရွာနေ သိက္ခာတော်ဆရာဦး အဒီဝမ်ဂျိုး ဇက်က သမ္မာကျမ်းစာပါ “ သတ်ဖြတ်မှု ခံရခြင်းနှင့် ၀ဋ်ကြွေးအရသေ ဆုံးရခြင်း” အကြောင်းအား ဖတ်ကြား၍ တက်ရောက်လာသူများက ဆုတောင်းခဲ့ကြကြောင်း သိရသည်။ အဆိုပါဆုတောင်းပွဲတွင် တက်ရောက်လာသော ဒေသခံတစ်ဦးက “ သေဆုံး သွား တဲ့ ရွာသားတွေ ရဲ့ သားသမီးမြေးမြစ်တွေ ဒီနေ့အထိ အသက်ရှင်နေကြ ပါတယ်၊ သူတို့အဘိုးအဖေတွေအတွက် တရားမျှတမှု လိုချင်ကြတယ်၊ KIA အဖွဲ့ရဲ့ အနိုင် ကျင့်သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ကို အရေးယူစေချင်ပါတယ်” ဟု ပြောကြားသွား သည်။ ခိုင်တီးဖုန်ဆာ(ပူတာအို)

No comments: