Monday, January 19, 2015

မြန်မာ့တပ်မတော်ထဲမှာ ရဲဘော်တွေကို အိမ်မှာခေါ်ခိုင်းတဲ့ကိစ္စက နေရာတိုင်းလိုလိုရှိတယ်။ အခုပါလာတဲ့ သတင်းထဲက

မြန်မာ့တပ်မတော်ထဲမှာ ရဲဘော်တွေကို အိမ်မှာခေါ်ခိုင်းတဲ့ကိစ္စက နေရာတိုင်းလိုလိုရှိတယ်။ အခုပါလာတဲ့ သတင်းထဲက တပ်ရင်းမှုးတစ်ယောက်တည်း မဟုတ်ပါဘူး။ တချို့ ကြတော့လည်း အထက်လူကြီးကို ဖားချင် နေရာလိုချင်တော့ မျက်နှာလိုမျက်နှာရလုပ်ပေးကြတာရှိတယ်။ နှစ်ဦးနှစ်ဘက် ကျေကျနပ်နပ်ကြီးလက်ခံကြတာရှိသလို ကြောက်လို့ လုပ်ပေးတာလည်းရှိတယ်။ ဘယ်လိုပုံစံပဲရှိရှိ ဒီကိစ္စက လက်ခံစရာကိစ္စမဟုတ်ဘူး။ အဲဒိယဉ်ကျေးမှု့ ကိုလက်ခံလိုက်ရင် တပ်ပျက်ဖို့ ပဲရှိတယ်။ စိတ်ဓာတ်တွေပျက်စီးဖို့ ပဲရှိတယ်။ လူ့ သဘာဝက အဲဒါကို သာယာစိတ်ရှိတယ်။ ဆိုတော့ အဲဒိသာယာစိတ်ကို ချေဖြတ်ဖို့ လိုတယ်။ တပ်မှုးတွေ၊ ဗိုလ်ချုပ်တွေလည်း လခစားတွေဖြစ်တယ်။ ရဲဘော်တွေလည်း လခစားတွေဖြစ်တယ်။ ကိုယ့်အိမ်မှာ လိုအပ်လို့ ခိုင်းချင်ရင် ငွေပေးပြီး အိမ်ဖော်ထားခွင့်ရှိတယ်။ တပ်ရင်းမှုးလည်း အိမ်ဖော်ထားခွင့်ရှိသလို၊ ရဲဘော်လည်း ငွေရှိရင် ထားခွင့်ရှိတယ်။ ငွေမပေးပဲ တပ်ရင်းက ရဲဘော်တွေနဲ့ သူတို့ မိသားစုတွေကို ခေါ်ခိုင်းခွင့်လုံးဝ မဖြစ်သင့်ဘူး။ ဒီလိုလုပ်ရင် အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တာပဲ။ ဗိုလ်ချုပ်အောင်ဆန်းတောင် သူ့ မိန်းမကို တခါပြောဖူးတယ်။ ရဲဘော်ဆိုတာက တိုင်းပြည်အတွက်အလုပ်လုပ်ဖို့ ။ နင်ခေါ်ခိုင်းဖို့ မဟုတ်ဘူးဆိုတဲ့စကား။ အတိအကျတော့ မဟုတ်ပေမဲ့၊ အလိုခပ်ဆင်ဆင်တူပါတယ်။ သောင်းဝေဦးရေးတဲ့ စာအုပ်တအုပ်ထဲမှာဆိုရင် တပ်ရင်းမှုးဘေးနားမှာ အကူရဲဘော်တစ်ယောက်ပါတယ်။ ရှေ့ တန်းမှာ တပ်ရင်းမှုးအတွက် လိုအပ်တဲ့ အရာတွေကို ဖြည့်စည်းကူညီပေးရတယ်။ အဲဒိရဲဘော်က အလိုက်သိတယ်။ သူ့ တပ်မှုး အရမ်းပင်ပန်းနေတော့ ရေနွေးကျိုပေးတယ်။ ရေနွေးနဲ့ ရေအေးရောပြီး ရေချိုးဖို့ အဆင်သင့်လုပ်ပေးတယ်။ ထမင်းချက်ပေးတယ်။ အရက်သိမ်းပေးတယ်။ေ မပုံတွေကအစ သိမ်းဆည်းပေးတယ်။ နောက်ဆုံး သူ့ ရဲ့ ဆားဗစ်ကို တပ်ရင်းမှုးဖြစ်တဲ့ သောင်းဝေဦးက စာအုပ်ထဲမှာပါ ရေးရတဲ့အထိချီးမွန်းတယ်။ အဲဒိရဲဘော်ကြောင့် သူတို့ စစ်ကြောင်းဟာ ဒုက္ခမရောက်ခဲ့ဘူး။ လာအိုနယ်စပ်နားက မြေပုံတခုကို သူက လိုရမယ်ရ ယူလာခဲ့လို့ ။ သူသာမယူခဲ့ရင် တိုင်ပတ်ပြီ။ ဆိုတော့ စစ်မြေပြင် တာဝန်ချိန်မှာ ကူညီပေးတဲ့ အဒိလိုအကူရဲဘော်မျိုးကတော့ တကယ်လိုအပ်ပါတယ်။ တပ်မှုးတွေအနေနဲ့ တချိန်လုံး ကိုယ်တိုင်လုပ်နေလို့ မရဘူး။ ဒါ့ကြောင့်တပ်ရင်းမှုးက သူ့ ကို ရှေ့ တန်းအပြန်မှာ တပ်ကြပ်ကနေ တပ်ကြပ်ကြီးရာထူးတိုးပေးလိုက်တယ်။ အရမ်းကောင်းတဲ့ ဥပမာလေးတခု။ ရဲဘော်တွေနဲ့ တပ်ရင်းမှုးအကြားမှာ အဲလိုရှိတာကိုလက်ခံလို့ ကောင်းတယ်။ ဆရာတပည့် အပြန်အလှန်လေးစားမှု့ ရှိတယ်။ သောင်းဝေဦးရဲ့ အိမ်မှာ ရဲဘော်ကို ခေါ်ခိုင်းတာမဟုတ်တဲ့အတွက် နားလည်ပေးနိုင်တယ်။ မော်လမြိုင်ကတပ်ရင်းမှုး ပုံစံကတော့ အင်မတန်ဆိုးလွန်းတယ်။ ကိုယ့်အိမ်မှာ ရာထူးအာဏာကို အသုံးပြုပြီး မိမိအကျိုးအတွက် အသုံးချသလိုဖြစ်နေတယ်။ အဲလိုတပ်ရင်းမှုးမျိုး၊ အရာရှိမျိုးတွေ တပ်မတော်ထဲမှာ အများကြီးပဲ။ ဒီအက်စ်အေမှာ အောက်ခြေရဲဘော်ကို အဲလိုခိုင်းဖို့ တော့ မသင်ပေးပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ကလည်း အရာရှိတိုင်း တပ်မှုးတိုင်း မိမိအိမ်မှာခိုင်းဖို့  ရဲဘော်သုံးယောက်စီ ခံစားခွင့်ရှိစေဆိုပြီးအမိန့် မထုတ်ပါဘူး။ တိုင်းမှုးကတော်တွေကလည်း တပ်မှုးကတော်တွေကို ဟဲ့..ကောင်မတို့  ..အကျယ်ချဲ့ ပြီးရှည်ရှည်ဝေးဝေးမပြောချင်ဘူး....ရဲဘော်မယားတွေကို နင့်တို့ အိမ်မှာ သုံးယောက်စီ အနဲဆုံး ခေါ်ခိုင်းကြလို့ မပြောပါဘူး။ သုံးယောက်နဲရင် လိုရမယ်ရ ဖုန်းကျော်တို့ လို ရဲဘော်သားသမီးတွေကို အိမ်သာဆေးခိုင်းဟလို့ ...အမိန့် မပေးပါဘူး။ ဒါဆိုရင် ဘာ့ကြောင့်အဲလိုဖြစ်နေတာလဲဆိုတာ ကိုပြန်ကြည့်။ ဟိုစကားပုံထဲကလိုပဲ။ ရှေ့ ဆောင်နွားလာဖြောင့်ဖြောင့်သွားတော့ နောက်နွားတသိုက်ဖြောင့်ဖြောင့်လိုက်၏တဲ့။ ခေါင်က စပြီးမလုံတော့ တစ်အိမ်လုံးလည်း စိုရွှဲလို့ ပေါ့။ အဲဒိလိုပုံစံနဲ့ တူတယ်။ တပ်မတော်ထဲမှာ ရဲဘော်၊ မယား၊ သူတို့ သားသမီးတွေကို အထက်အရာရှိက မိမိကိုယ်ကျိုးစီးပွားအတွက် ခိုင်းရတယ်လို့ မပြောဘူး။ စစ်သည်တော်ကျင့်ဝတ်မှာလည်း ရဲဘော်တွေကို တပ်ရင်းမှုးနဲ့ ကတော်တွေက ခလေးထိန်းခိုင်းဆိုတာ ပါလို့ လား။ သစ္စာဓိဌာန်လေးချက်မှာလည်း ငါ့နိုင်ငံတော် ငါ့တပ်မတော်ကို အသက်ပေးမယ်ဆိုတာပဲပါတယ်။ ငါ့အသက်ကို တပ်မှုးအတွက် မပေးရပါဘူး။ ကတော်အတွက် မပေးရဘူး။ အခုဟာက သိသိကြီးနဲ့ အထက်က နွားတွေကလည်း မသိချင်ဟန်ဆောင်။ အောက်ကနွားတွေကလည်း ခေါင်းထဲမှာ အုံးနှောက်မရှိဘူး။ အသားလုံးပဲရှိတယ်။ စစ်ရုံးက နွားအိုကြီးတွေကလည်း သေခါနီးဆိုတော့ ပုတီးစိပ်ဖို့ လောက်ပဲသိလားမသိဘူး။ တပ်မတော်ထဲမှာ အာဏာကိုအလွဲသုံးနေတဲ့ အရာတွေကို ပြင်ကြပါအုံးဟ။ 

No comments: