Tuesday, January 6, 2015

KIA အဖွဲ့အား ပိုက်ဆံပေးပြီး ဒေသခံများ မူးယစ်ဆေးဝါးသုံးစွဲ

KIA အဖွဲ့အား ပိုက်ဆံပေးပြီး ဒေသခံများ မူးယစ်ဆေးဝါးသုံးစွဲ

5.1.2015

ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲသူအများဆုံး ဒေသတစ်ခု ဖြစ်သည်။ KIA ဗဟိုဌာနချုပ်အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညွန်ကြားထား သည်ဟု သိရသော်လည်း မိုင်ဂျာယန်ဒေသရှိ KIA တပ်ဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို အလေးထား လိုက်နာ ဆောင် ရွက်ခြင်း မရှိကြောင်းသိရသည်။

KIA တပ်ဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးဝါး ရောင်း/၀ယ်သူများအား တရုတ်ငွေ ယွမ် ၃၀၀၀ ဖြင့်လည်းကောင်း၊ သုံးစွဲသူ များအား တွေ့ရှိပါက တရုတ်ငွေ ယွမ် ၂၅၀၀ ဖြင့်လည်းကောင်း ဒဏ်ငွေအဖြစ် သတ်မှတ်ကောက်ခံပြီး ပြန်လည်စေ လွှတ် ပေးလျက်ရှိကြောင်း သိရသည်။

KIA တပ်ဖွဲ့မှ ငွေကြေးကောက်ခံနေမှုနှင့် ပတ်သက်ပြီး “ KIA ဌာနချုပ်ကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို ထိထိရောက်ရောက်လုပ်ဖို့ ညွှန်ကြား ထားတယ်လို့တော့ ပြောသံကြားတယ်။ ဒါပေမယ့် လက်တွေ့ မှာ KIA တပ်ဖွဲ့ဝင်တွေ က လိုက်နာလုပ်ဆောင်မှုမရှိဘူး။

မူးယစ်ဆေးဝါးရောင်း/၀ယ်တဲ့သူနဲ့ သုံးစွဲတဲ့သူတွေ ဆီ က ပိုက်ဆံတောင်ြး ပီး ပြန် လွှတ်ပေး နေတယ်။ သူတို့ KIA တပ်ဖွဲ့ဝင်တွေရဲ့ လုပ် ရပ်ကြောင့် ဒေသ တွင်း မှာ ဘိန်းစားတွေနှင့် သူခိုးကျပိုးတွေ တစ်နေ့ တစ်ခြား ပိုများများလာတယ် ” ဟု နန့်လင်းပါကျေးရွာ ဒေသခံ တစ်ဦး မှ ပြောပြသည်။

KIA တပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ထိရောက်စွာ လုပ်ဆောင်မှုမရှိဘဲ ငွေကြေး ကောက်ခံပြီး ပြန်လွှတ်ပေးနေကြောင်း ဒေသခံတစ်ချို့မှ KIA ဌာနချုပ်ကို စားရေးပြီး တိုင်ကြားမှုများ ရှိသော ကြောင့် KIA တပ်ဖွဲ့ဝင်များမှ တိုင်ကြားသူများကို ရှာဖွေဖော်ထုတ်ပြီး ညဉ်းပန်းနှိပ် စက်မှုများ၊ ခြိမ်းခြောက် မှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

စောအောင်(မြစ်ကြီးနား)

No comments: