"လူနည်းစုတဲ့လား…!"(အပိုင်း-၁-)
▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼
မြန်မာမိန်းကလေးတွေ- အသိဥာဏ်မဲ့တာလား! ရိုးတာလား! အ,တာလား! အရှက်အကြောက်ကြီးတာလား! အားနာတတ်တာလား! အညှာမခိုင်တာလား! အယုံလွယ်တာလား! ဈေးပေါတာလား! တစ်ခုခုတော့ တစ်ခုခုပဲနော်။
ကမ္ဘာ့နိုင်ငံများက ပြောပြောနေတဲ့ "လူနည်းစု" ဆိုတဲ့လူသားမျိုးစိတ်တစ်ခုပါ။ လူနည်းစုကပေးတဲ့ ဒုက္ခတွေကလည်း ကုန်-မကုန်နိုင်ပါဘူးဗျာ။
ဒီကလေးမလို မိန်းကလေးတွေ ဘယ်လောက်များရှိနေမလဲ…!၊ လူမသိ သူမသိဘ၀နဲ့ ဒူးနဲ့မျက်ရည်သုတ်ပြီး ဘ၀ကို ဇာတ်မြှုပ်ကာ မထူးဇာတ်ခင်းရင်း လည်စင်းခံနေရတဲ့ မိန်းကလေးတွေရဲ့ ဘ၀ကို စာနာကြပါဗျာ။
သူတို့လေးတွေအတွက် အကာအကွယ်လိုအပ်နေတာတော့ အမှန်ပဲမဟုတ်လား…! IQ မြင့်မမကြီးများ၊ ရေပေါ်ဆီမမ၊ အီလစ်ကြီးများ-အရပ်ထဲဆင်းပြီး မိန်းမသားချင်း စာနာပေးဖို့ မသင့်ပါလားဗျာ...။
တိုင်ကြားသူက မကေဇင်ခိုင်၊ အသက် (၂၁) နှစ်၊ (ဘ) ဦးမောင်မြင့်၊ အမှတ်(၂) ရပ်ကွက်။ လယ်ဝေးမြို့-တိုင်ကြားခံရသူက ကိုထက်အောင်လွှမ်း-အသက်(၂၄)နှစ် (ဘ) ဦးမျိုးခိုင်။ ရွှေပင့်ကူ CDဆိုင်။ အမှတ်(၆) ရပ်ကွက်၊ လယ်ဝေးမြို့။ ရပ်ကွက်လူကြီးက သုံးကြိမ်တိုင်ဆင့်ခေါ်သော်လည်း ကိုထက်အောင်လွှမ်းက မလာသဖြင့် ကွာရှင်းခွင့်မရသေးကြောင်း သိရပါတယ်။ မကေဇင်ခိုင်ရဲ့ ဘ၀တစ်စေ့တစ်စောင်းကို စာနာလိုက သူမ တိုင်စာလေးကို ဖတ်ကြည့်စေချင်တယ်….။
သို့/
လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်
အကြောင်းအရာ။ ။ ညှဉ်းပန်းနှိပ်စက်ခြင်း
ကျွန်မသည် မကေဇင်ခိုင် ဖြစ်ပါသည်။ အဖ (ဦးမောင်မြင့်) အမိ ဒေါ်သန်းသန်းအေး ၏ သမီးဖြစ်ပါသည်။ လယ်ဝေးမြို့၊ အမှတ်(၃) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပါသည်။ ကျွန်မသည် (2.2.2012) တွင် ပင့်ကူအခွေဆိုင်မှာ စာရေးမအလုပ် လုပ်ခဲ့ရာမှ ၄င်းဆိုင်ပိုင်ရှင် ထက်အောင်လွှမ်းနှင့် စတင်၍တွေ့ဆုံခဲ့ပါသည်။ (13.5.2012) တွင် ၄င်းဆိုင်ရှင် ထက်အောင်လွှမ်း၏ မြူဆွယ်ဖြားယောင်းမှုနှင့် စတင်၍ ၄င်းနှင့်ချစ်ကြိုက်ခဲ့ပါသည်။ ကျွန်မအား သားမှတ်မှတ် မယားမှတ်မှတ် တရားဝင်လက်ထပ်ယူပါမည်ဟု ပြောကြား၍ ယုံမှတ်ကာ ကျွန်မ၏ဘ၀အား ပုံအပ်လိုက်မိပါသည်။ သူသည် ကျွန်မအား လူပျိုဟုပြောကာ မြူဆွယ်ဖြားယောင်ခဲ့ပါသည်။
ကျွန်မသည် (12) လပိုင်းတွင် ကိုယ်ဝန်ရှိသည်ကိုသိရှိ၍ သူ့အား လက်ထပ်ရန်ပြောကြားခဲ့ပါသည်။ သူသည် ကျွန်မအား အကြောင်းအမျိုးမျိုးပြ၍ ရှောင်နေခဲ့ပါသည်။ ကျွန်မ၏မိဘများက ကျွန်မအား ကိုယ်ဝန်ရှိမှန်းမသိ၍ ကျန်းမာရေးမကောင်းဟုဆိုကာ (22)ရက်နေ့တွင် ဆေးစစ်ရန် ကုတင်(၁၀၀) ဆေးရုံသို့ ကျွန်မအား ခေါ်သွားခဲ့ပါသည်။ ထိုသို့ခေါ်သွားပြီး ဆေးရုံမှ ဆေးဝယ်ရန်အတွက် ကျွန်မအား အပြင်သို့ လွှတ်လိုက်ပါသည်။ လမ်းတွင် ထက်အောင်လွှမ်းနှင့်တွေ့ကာ ကျွန်မဆေးရုံမှ ပြန်လာကြောင်း ဆေးရုံတွင် အမေစောင့်နေကြောင်း သူ့အားပြောပြရာတွင် သူသည် ကျွန်မအား ကိုယ်ဝန်ရှိမရှိသေချာစေရန် (နှင်းဆေးခန်း) သို့သွားရောက်စစ်ဆေးခဲ့ပါသည်။
ဆရာမ မှ ကိုယ်ဝန်ရှိကြောင်းသေချာသည်ဟု ပြောသည်။ မိခင်နှင့်ကလေးသို့ (အာထရာဆောင်း) သွားရိုက်ရန်ပြော၍ သူနှင့်ကျွန်မ သွားရောက်စစ်ဆေးခဲ့ပါသည်။ သူသည် ကျွန်မအား ကိုယ်ဝန်ဖျက်ချရန် အမျိုးမျိုးခြိမ်းခြောက်ခဲ့ပါသည်။ ကျွန်မသည် ကိုယ်ဝန်ဖျက်ချရန်အတွက် လက်မခံခဲ့ပါ။ ကျွန်မ၏မိဘများထံသို့ ပြန်မသွားရဲသဖြင့် ထက်အောင်လွှမ်းခေါ်ရာနောက်သို့ လိုက်သွားမိခဲ့ပါသည်။ လိုက်သွားခဲ့သောအချိန်မှာ (22.4.2013) ရက်နေ့ဖြစ်ပါသည်။ သူသည်ကျွန်မ၏ မိဘများကျွန်မတို့အားလိုက်ရှာနေသည်ကိုသိရှိ၍ နေရာအနှံ့သို့ ခေါ်ဆောင်သွားခဲ့ပါသည်။ သို့သော် သူသည် ကျွန်မအား "ဘာသာမတူ၍ လက်ထပ်၍မရပါ။
မည်သူကမျှ လက်ထပ်မပေးပါ"ဟုဆိုကာ အကြောင်းအမျိုးမျိုးပြခဲ့ပါသည်။ ကျွန်မတို့အား ကျွန်မ၏မိဘများက ရုံးတွင်တိုင်ကြား၍ မလာပါက ၄င်း၏ဖခင် ဦးမျိုးခိုင်အား တရားစွဲမည်ဟု ဖုန်းဆက်ပြောကြားခဲ့ပါသည်။ ထိုမှသာ အမှတ်(၆) ဥက္ကဋ္ဌမှ ကျွန်မတို့အား ခေါ်ဆောင်မှသာ ကျွန်မအား သူ၏အဒေါ်မှ အရှေ့မကျီးကုန်းသို့ခေါ်သွားပြီး လက်ထပ်စာချုပ်ချုပ်ဆိုရန် ပြောဆို၍ အရှေ့မကျီးကုန်း ဥက္ကဋ္ဌအိမ်တွင် တစ်ညတည်းခို၍ မနက် (8:00) နာရီခန့်အချိန်တွင် ဥက္ကဋ္ဌအိမ်တွင် လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ပါသည်။
ထိုသို့ချုပ်ဆိုရာတွင် သူသည် ဥက္ကဋ္ဌအား ကွာရှင်းစာချုပ်ပါ ချုပ်ပေးပါရန် တောင်းဆိုခဲ့ပါသည်။ ဥက္ကဋ္ဌမှ မချုပ်ပေးပါဟု ပြောသဖြင့် သူသည် "ကွာရှင်းစာချုပ်အလွတ်တွင် ကျွန်မအား လက်မှတ်အတင်းထိုးခိုင်းခဲ့ပါသည်။ ဥက္ကဋ္ဌ၏ ယောက္ဖမှလည်း ကွာရှင်းစာချုပ်အလွတ်သည် အသိသက်သေနှင့် လူကြီးများမပါ၍ တရားမ၀င်ပါ"ဟု ပြောသဖြင့် ကျွန်မသည် ၄င်းထက်အောင်လွှမ်းအား ကြောက်လန့်ကာ လက်မှတ်ထိုးပေးခဲ့ပါသည်။
(28.4.2013) အချိန် (၁၀) နာရီခန့်တွင် အမှတ်(၆) ယ.ရ.က ရုံးတွင် ကျွန်မ၏ မိဘများနှင့် လူကြီးများရှေ့တွင် "သူသည်ကျွန်မအား မရိုက်နှက်၊ မထိုးကြိတ်ဘဲ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းကာ သူ၏ဘာသာထဲသို့ ဇွတ်အတင်းမ၀င်ခိုင်းဘဲ၊ မနှိပ်စက်၊ မညှဉ်းဆဲပါ"ဟု ၀န်ခံကတိ လက်မှတ်ရေးထိုးခဲ့ပါသည်။ လက်မှတ်ထိုးပြီးနောက်ပိုင်းတွင်လည်း ကျွန်မအား ကိုယ်ဝန်ဖျက်ချရန် အကြိမ်ကြိမ်အခါခါပြောကြားသည်။ ကျွန်မသည် လက်မခံခဲ့ပါ။ ကျွန်မသိအောင် ကျွန်မ၏ကိုယ်ဝန်အား ဖျက်ချရန် ဆရာမ ဒေါ်လှဝင်းမော်အား သွားရောက်ပြောကြားခဲ့၍ ဆရာမ မှ "ဖျက်ချပေး၍မရပါ။ ရာဇ၀တ်မှုဖြစ်ချင်သလား" ဟု ပြောလိုက်သဖြင့် သူ၏ သူငယ်ချင်းနှစ်ယောက်ဖြင့် ဆိုင်ကယ်နှင့် မောင်းပြေးခဲ့သည်ဟု ဆရာမ မှ ကျွန်မ၏အမေအား ခေါ်ပြောမှသာ ကျွန်မသည် (ကိုယ်ဝန်ဖျက်ချရန်အကြောင်း လက်ထပ်ပြီးနောက်တွင်) ကျွန်မအား ကိုယ်ဝန်အရင့်အမာကြီးနှင့် သူ၏အဖေရှိရာ လယ်ကွင်းနား နွားခြံ၏အပေါ် စပါးကျီပေါ်သို့ ကျွန်မအား ၀ါးလှေကားဖြင့် တက်ခိုင်းရာ စပါးကျီပေါ်တွင်သာ နေခိုင်းခဲ့သည်။ သူက အောက်သို့ဆင်းဆိုမှသာ ကျွန်မမှာ အောက်သို့ဆင်းရသည်။ (၁၀)ရက်ခန့်အကြာတွင် သူ့သူငယ်ချင်း ကျော်ထက်လူမှ ကိုယ်ဝန်အရင့်အမာဖြင့် လိမ့်ကျမှာစိုးရိမ်သဖြင့် သူ၏အိမ်သို့ လိုက်နေကြရန် ပြောသဖြင့် သူ၏အိမ်သို့ နှစ်ယောက်စလုံး လိုက်သွားမိခဲ့ပါသည်။
သူသည် ၄င်းကျော်ထက်လူအိမ်သို့ ရောက်သွားသည့်အချိန်မှစ၍ အိမ်သို့ပြန်လာချိန်မှာလည်း ည(12:00) နာရီ (1:00) နာရီခန့် အကြာမှ ပြန်လာခဲ့ပါသည်။ ကျွန်မအားလည်း ထမင်းကို တစ်ရက်လျှင် တစ်ကြိမ်သာကျွေးခဲ့၍ ကျွန်မမှာ ကိုယ်ဝန်အရင့်အမာဖြင့် အဟာရ ချို့တဲ့ခဲ့ပါသည်။ ဗိုက်ဆာ၍ ၀ယ်စားချင်တာတောင်မှ ပိုက်ဆံ တစ်ပြားတစ်ကျပ်မှ ပေးမသုံးသဖြင့် ကျွန်မမှာ အငတ်ငတ် အပြတ်ပြတ် နေခဲ့ရပါသည်။ ထို့အပြင် ကျွန်မတွင်ရှိသော ဖုန်းလည်းရောင်းပေးမည်ဟုဆိုကာ ယူသွားခဲ့ပြီး ကျွန်မအား ပိုက်ဆံမပေးခဲ့ပါ။
(15.5.2013) တွင် ကျွန်မကလေးအား မီးဖွားခဲ့ပါသည်။ ကလေးမီးဖွားခါနီးအချိန်တွင်လည်း ကျွန်မက ဗိုက်နာသည်ဟုပြောသဖြင့် သူ၏သူငယ်ချင်း ရာကွတ်အား သွားခေါ်ကာ ကျွန်မအား သူ၏သူငယ်ချင်းနှင့်အတူ ဆိုင်ကယ်ဖြင့် သားဖွားဆရာမ ဒေါ်ဋ္ဌေးဋ္ဌေးအိမ်သို့ သွားခိုင်းခဲ့ပါသည်။ ဆရာမမှ ကျွန်မအား ဆေးထိုးပေးပြီး အိမ်သို့ပြန်ပြီး မီးဖွားဖို့ ပြင်ဆင်ခိုင်းခဲ့ပါသည်။ ဆရာမအား နောက်နာရီဝက်ခန့်အကြာတွင် သွားရောက်ခေါ်ယူကာ ကျွန်မ မီးဖွားခဲ့ပါသည်။ ကလေးမှ သားယောကျာ်းလေးဖြစ်ပါသည်။ ကလေးမီးဖွားပြီး ဆရာမအား နောက်ရက်မှ ကန်တော့မည်ဟုပြောကာ ဆရာမအား ပြန်လိုက်ပို့ပါသည်။ ဆရာမသည် ကျွန်မအား သနား၍ နေ့စဉ်နေ့တိုင်း ကျွန်မအား လာကြည့်ပေးခဲ့ပါသည်။
ကျွန်မသည် ထက်အောင်လွှမ်းအား ဆရာမကို ကန်တော့ပြီးပြီလားဟု မေးရာတွင်လည်း ကန်တော့ပြီးပါပြီဟု ကျွန်မအား ပြောခဲ့ပါသည်။ ဆရာမအား ကျွန်မ မေးကြည့်ရာတွင်မှသာ မကန်တော့ရသေးကြောင်း သိခဲ့ရပါသည်။ ကျွန်မသည် မီးဖွားပြီးသော်လည်း အဟာရပြည့်ပြည့်၀၀မစားသောက်ရသဖြင့် ကျွန်မ၏မိဘများထံသို့ ဖုန်းဆက်ခေါ်ဆိုကာ အစားအသောက်များကို လာပို့ခိုင်းခဲ့ပါသည်။ ကျွန်မ၏ မိဘများလာသောအခါတွင်သူသည်ကျွန်မအားကျွန်မ၏မိဘများနှင့် ပြန်လိုက်သွားရန် ပြောခဲ့ပါသည်။ သူသည်ကျွန်မအားဘာမှသူမလုပ်ပေးတတ်သဖြင့် ကျွန်မ၏မိဘများအိမ်သို့သာ ပြန်လိုက်သွားရန်အမျိုးမျိုး ချော့ကာ ခြောက်ကာ ပြောခဲ့ပါသည်။ ထို့နောက် ၄င်းအိမ်ရှင် ကျော်ထက်လူ၏အဖွားမှာ ကျွန်မတို့အား သူမြေးအိမ်တွင် မနေရန် ကျွန်မအားပြောသဖြင့် ကျွန်မသည် သူ့အား အိမ်ငှားရှာပေးပါရန် ပြောကြားခဲ့ပါသည်။ သူက ကျွန်မအား အိမ်ငှားရှာနေသည်ဟု လိမ်လည်ပြောခဲ့ပါသည်။
မီးဖွားပြီး ငါးရက်အကြာတွင် ကျွန်မသည် ကလေးအား ရေချိုးပေးရန် ရေမရှိသဖြင့် အိမ်ရှေ့ရှိ ရေတွင်းမှ ရေငင်သောအခါ ကျွန်မ မူးလဲသွားခဲ့ပါသည်။ ထိုအခါ အိမ်ဘေးမှ သနားသောသူများက ထက်အောင် နင့်မိန်းမ မူးလဲနေပြီ သွားကြည့်လိုက်ပါဦး ဟု ပြောရာတွင် သူသည် ကျွန်မအား "သေပစေ သေအောင်ထားတာ"ဟု အိမ်ဘေးမှ လူများက ပြောပြမှသာ ကျွန်မသိခဲ့ရပါသည်။ ကျွန်မအား သူသည် အနုနည်းဖြင့် အမျိုးမျိုးနှိပ်စက်နေသဖြင့် ကျွန်မသည်သူ့ဘာသာထဲသို့လည်း မ၀င်နိုင်သဖြင့် ကျွန်မအား မီးဖွားပြီးချိန်အထိ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခဲ့ပါသည်။ ကျွန်မသည် သူ၏အနှိပ်အစက်အားမခံနိုင်သဖြင့် ကျွန်မ၏မိဘများထံသို့ သူနှင့်မပေါင်းနိုင်ပါဟု ဖုန်းဆက်ပြောကာ ကျွန်မ၏ မိဘများထံသို့ ပြန်လိုက်မည်ဟုပြောကာ အမှတ်(၆) ဥက္ကဋ္ဌအား ပြောကြား၍ မိဘများနှင့် ပြန်လိုက်သွားခဲ့ပါသည်။
ပြန်လိုက်မသွားမီအချိန်တွင် ကလေးအား သူ၏ဘာသာထဲသို့ ခေါ်သွားရန် ကျွန်မက မပေးသဖြင့် ကျွန်မနှင့်သူ စကားများခဲ့ပါသည်။ စကားများပြီးချိန်တွင် သူသည် အပြင်သို့ ထွက်သွားခဲ့ပါသည်။ ထို့နောက် သူသည် (၃) ရက်အထိ ကျွန်မဆီသို့ ပြန်မလာခဲ့ပါ။ သူပြန်မလာ၍ ကျွန်မမှာ ဥက္ကဋ္ဌများကိုပြောကာ ကျွန်မ၏မိဘများနှင့် လိုက်သွားခဲ့ပါသည်။ ရုံးတွင် ဆရာမ ဒေါ်ဋ္ဌေးဋ္ဌေးနှင့်တွေ့ကာဆရာမမှထက်အောင်လွှမ်း၏အိမ်သို့သွားရာမှ ပြန်လာကြောင်း မီးဖွားစရိတ်လိုချင်၍ သွားတာမဟုတ်ကြောင်း ကျွန်မအား သနား၍ ထက်အောင်လွှမ်း၏အဒေါ်အား အိမ်သို့ခေါ်ထားရန် သွားရောက် ပြောခဲ့ရာ သူ၏အဒေါ်သည် ကျွန်မအား ကလေးမွေးတာ သူတာဝန်မယူကြောင်း ကိုယ်ဝန်အား ဖျက်ချခိုင်းထားကြောင်း ဆရာမအားပြောပြီး သူတာဝန်မယူကြောင်း ဆရာမအား ပြောခဲ့ပါသည်။ သူသည် ထွက်သွားပြီး (၃) ရက်ကြာသည်အထိ ကျွန်မအား ထမင်းမပို့ဘဲ အငတ်ငတ်အပြတ်ပြတ် ထားခဲ့ပါသည်။ ညအချိန်မှသာ ထမင်းတစ်နှပ်တည်း ဆိုင်ကယ် ကယ်ရီသမားဖြင့် ပို့ခဲ့သည်ကို ဆရာမဒေါ်ဋ္ဌေးဋ္ဌေး သိခဲ့ပါသည်။
ဤတိုင်ကြားစာသည်မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်ခြင်း သွေးဆောင်ဖြားယောင်းခြင်းကြောင့်မဟုတ်ဘဲ ကျွန်မဘ၀ အဖြစ်အပျက်အမှန်အား လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ ကျွန်မ၏သဘောဆန္ဒအလျှောက် တင်ပြတိုင်ကြားအပ်ပါသည်။
တိုင်ကြားသူ
=============
အမည်။ ။ မကေဇင်ခိုင် (၂၁)နှစ်။ 09-420707846
အဖအမည်။ ။ (ဦးမောင်မြင့်)
မှတ်ပုံတင်အမှတ်- ၉/လဝန (နိုင်) ၂၀၀၀၃၂)။
အမှတ်(၂)ရပ်ကွက်၊ လယ်ဝေးမြို့။
__________________________
No comments:
Post a Comment