Friday, January 30, 2015

iဘယ်သူမှားသလဲ ???? --------------------- ကျွန်တော် မူလတန်းဆရာဘဝမှာ နှစ်အတန်ကြာ ကျင်လည်ခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း ၂၀၀၅ ခုနှစ် လောက်ကတည်းက ကြီးပွားရေးမဂ္ဂဇင်းမှာရေးဖူးတယ်။ ဒုတိယတန်းစာမေးပွဲစစ်တော့ ကျောင်းသားတစ် ယောက် စာမေးပွဲကျနေတယ်။ ကျောင်းသားစာမေးပွဲကျတာ ဆန်းသလားဆိုတော့ မဆန်းပါဘူး။ ဒါပေမဲ့ တော်တဲ့ ကျောင်းသား စာမေးပွဲ ကျတာကတော့ ဆန်းသပေါ့။ ဒါကြောင့် အတန်းပိုင်ဆရာမကို ဘာကြောင့် ဒီကလေး စာမေးပွဲကျသလဲလို့ ခေါ်မေးတော့ မြန်မာစာကျနေတာပါတဲ့။ မဖြစ်နိုင်ပါဘူး။ ဒီကလေးက မြန်မာစာ တော်တယ်၊ လက်ရေးလက်သားလှတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်။ ဒါနဲ့ ဆရာမရယ် ပြန်စစ် စမ်းပါဦးဆိုပြီး မြန်မာစာ အဖြေလွှာယူခိုင်းလိုက်တော့ မေးခွန်းတစ်ခုမှာ "ဘုရားပွဲတွင် မည်သည့် အရုပ်များ တွေ့ရသနည်း။ အရုပ် ငါးရုပ်ဖြေဆိုပါ" ဆိုတာကို ကလေးက ဖြေထားရက် သားနဲ့ ဆရာမက အမှားပေးထားတယ်။ ဘာကြောင့် အမှားပေးထားတာလဲ။ ကလေးဖြေထားတာ ပြန်ရေးပြရရင် "ဘုရားပွဲတွင် သရဲရုပ်၊ ဘီလူးရုပ်၊ တစ္ဆေရုပ်၊ ကလေးရုပ်၊ ခွေးရုပ် များကို တွေ့ရပါသည်" လို့ဖြေထားတယ်။ အဲဒါကို ဆရာမက အမှားတွေပေးထား တာ။ ဘာဖြစ်လို့ အမှားပေးထားတာလဲဆိုတော့ ဆရာမက သူသင်ထားတဲ့အထဲက တစ်ရုပ်မှ မပါတဲ့အတွက် အမှတ် မပေးတာလို့ ပြောပါတယ်။ သူသင်ထားတာက ပစ်တိုင်းထောင်ရုပ်၊ နွားရုပ်တွေပါလို့ ကျွန်တော့်ကို ဆင်ခြေ ပြန်ပေးတယ်။ ကျွန်တော်က ဆရာမရယ် ကလေးက အဲဒီအရုပ်တွေကို ဘုရားပွဲမှာ သူတကယ်မြင်ခဲ့ရတာတွေ ပြန်ရေးတာ ကော မဖြစ်နိုင်ဘူးလား။ သူတွေ့တဲ့အတိုင်း ပြန်ရေးပြနိုင်တာဟာ ဆရာမသင်ထားတာနဲ့ မကိုက်ဘူးဆိုရင် တောင် မှန်နေတာဖြစ်လို့ ဂုဏ်ထူးတောင် စဉ်းစားသင့်တယ်မဟုတ်လားလို့ ပြောလိုက်တော့ "ကျွန်မက အမှတ်ပေးစည်းမျဉ်းအတိုင်း စစ်တာပါ" တဲ့။ အဲဒီအကြောင်းကို ကျွန်တော် ၂၀၀၅ လောက်ကတည်းက ရေးခဲ့ တယ်။ စာပေစိစစ်ရေး ဖြစ်ညှစ်တဲ့ကြားက လွတ်လာတဲ့ စာလေးပါ။ နောက်တစ်ခုရှိသေးတယ်။ တတိယတန်းဆရာမက ကျောင်းသူလေးတစ်ယောက်ကို အမှားပေးလိုက်တဲ့ အင်္ဂလိပ်စာ။ မေးခွန်း မှာ What is your father name? လို့မေးထားတာကို The name of my father is U Hla. လို့ဖြေတာကို အမှားပေးထားတယ်။ ဘာဖြစ်လို့ အမှားပေးထားတာလည်းဆိုတော့ သူ့အမှတ်ပေး စည်းမျဉ်းမှာက My father name is …. ဆိုပြီးပေးထားတဲ့ အတိုင်း မဖြေလို့ဆိုပြီး ပြောပါတယ်။ ကဲဗျာ … ကျွန်တော်တို့ကလေးတွေဟာ အဲဒီလို ဆရာတွေ၊ အဲဒီလို ပညာရေးတွေနဲ့ ကြီးပြင်းခဲ့ရတာပါ။ အဲဒီ လောက် စုတ်ပြတ်နေတဲ့ ပညာရေးကို တော်လှန်ရေးလုပ်နေတာကို ကလေးတွေ မှားတယ်လို့ ခင်ဗျားတို့ ပြော မှာလား။ ဒါတောင် ကျွန်တော်က အခြေခံအမှားလောက် ပြောသေးတာ။ ပညာရေးမှာ မှားနေတာတွေ အများကြီး။ အဲဒီအမှားတွေကို မပြင်ဘဲ ဟုတ်ပါ့ဘုရား…မှန်ပါ့ဘုရား…အမိန့်တော်မြတ်အတိုင်းပါဘုရား… လုပ်နေကြလို့ ဒီနေ့ ဒီလိုတွေဖြစ်လာကြရတာ။ အဲဒါ ဘယ်သူမှားသလဲ၊ ဘယ်တုန်းကတည်းက မှားနေတာလဲ၊ ဘယ်သူတွေကြောင့် မှားနေတာလဲ ဖြေကြည့် စမ်းပါ။ (Y) ပညာရေး http://www.searchmyanmar.com/click/Education#content-46661

No comments: