Monday, January 12, 2015

KIA အဖွဲ့ဝင်တစ်ဦး ကိုယ်တိုင် ထောင်ထားသည့်မိုင်းအား ပြန်လည်နင်းမိ၍ ပွဲချင်းပြီး သေဆုံး

 KIA အဖွဲ့ဝင်တစ်ဦး ကိုယ်တိုင် ထောင်ထားသည့်မိုင်းအား ပြန်လည်နင်းမိ၍ ပွဲချင်းပြီး သေဆုံး

ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ မြေမြုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (LIBL) မှ ကမ္ဘာတစ်ဝှမ်းရှိ လူသတ်မိုင်း ရှင်းလင်းပပျောက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေချိန်တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့သည် ကချင်ပြည်နယ်အတွင်း မြေမြုပ်မိုင်းများအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိ ကြောင်း သိရသည်။ ကချင်ပြည်နယ်၊ ဂျာရိုင်ယန်နှင့် ဖော်မော်ဒေသရှိ ကျေးရွားများသို့ ဇန်န၀ါရီလ ၇ ရက်နေ့က KIA တပ်မဟာ-၃ မှ အဖွဲ့ဝင်များ ရောက်ရှိလာပြီး ရွာသားများထံမှ ဆန်နှင့်ဆက်ကြေးငွေများ အတင်းအကြပ် လာရောက်ကောက်ခံ ခဲ့ကြောင်း၊ ရွာသားများထံမှဆက်ကြေးအဖြစ် ကောက်ခံရရှိသောငွေများဖြင့် သောာက်စားမူးယစ်သောက်စားပြီး ညနေစောင်းချိန်တွင် ပြန်လည်ထွက်ခွာ သွားခဲ့ရာ ၄င်းတို့၏ စခန်းအရောက်တွင် KIA အဖွဲ့ဝင်တစ်ဦးသည် ၄င်းတို့ကိုယ်တိုင် ထောင် ထားသောမိုင်းကို ပြန်လည်နင်းမိသဖြင့် နေရာ၌ပင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၃ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း ယင်းစခန်းရှိ ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။ KIA အဖွဲ့မှ ထောင်ထားသောမိုင်းများကြောင့် ရွာသူ၊ရွာသားများအနေဖြင့် မကြခဏ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း၊ KIA အဖွဲ့အနေဖြင့် ယခုအချိန်အထိ ၄င်းတို့ထောင်ခဲ့သော မိုင်းများကို ပြန်လည်ရှင်းလင်းပေးခြင်း မရှိသောကြောင့် KIAအဖွဲ့ဝင်များကိုယ်တိုင် ယခုလို ပြန်လည်နင်းမိသည်အထိ ကချင်ပြည်နယ်တွင် မိုင်းအန္တရာယ်မှာ အခြေအနေ ဆိုးရွားလျက်ရှိကြောင်း ယင်းဒေသရှိ ရွာသားများ၏ ပြောပြချက်အရ သိရသည်။ KIA အဖွဲ့မှ မိုင်းထောင်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ဒေသခံပြည် သူများ အား ၄င်းအဖွဲ့မှ တာဝန်ယူ၍ ထောက်ပံ့ပေးခြင်း မရှိခဲ့ဖူးကြောင်းသိရ သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက လိုင်ဇာမြို့ နော်အီးခူ ၀တ်ပြုကျောင်းဆောင်သစ်ဖွင့်ပွဲ ပြုလုပ်စဉ်တွင် မူးယစ်ရမ်းကားနေသော KIAတပ်ဖွဲ့ဝင်တစ်ဦးကြောင့် ဗုံးပေါက် ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ အောင်ဇော်(မြစ်ကြီးနား)

No comments: