Monday, January 12, 2015

မှော်လုပ်သား လူငယ် (၂၀)ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီး

မှော်လုပ်သား လူငယ် (၂၀)ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီး

 ဇန်န၀ါရီလ ၁၁ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊တနိုင်းမြို့နယ်အတွင်းရှိ အောင်ဘာမှော်နှင့် မျောက်လွှဲကျော်ကုန်းတို့တွင် အလုပ် လုပ်ကိုင်သည့် မှော်သူမှော်သားများအနက်မှ လူငယ်များအား ဇန်န၀ါရီလ ၆ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းမှော်သူ မှော်သားများထံမှ သိရသည်။ “ဖမ်းသွာတာက အယောက် ၂၀ လောက်ရှိပါတယ်။ အသက် ၁၅ နှစ်နဲ့ ၂၀ ကြားက လူငယ်တွေချည်းပဲ ပါသွာတာ၊ လူသစ်လုပ်ခိုင်းဖို့ကလွဲလို့ အခြားမရှိပါဘူး” ဟု မှော်လုပ်သားတစ်ဦးကပြောသည်။ အဆိုပါအောင်ဘာမှော်သည်ယင်းမှော်ဒေသတွင်ပါဝင်ပြီး မှော်သူမှော်သားအများစုမှာဒေသခံတိုင်းရင်းသား များဖြစ်ကြောင်းနှင့် KIA ထံ ဆက်ကြေးဦးစွာပေး သွင်းပြီးမှ တူးဖော်နေကြသူများဖြစ်ကြောင်း သိရသည်။ “မှော်ထဲမှာလုပ်နေတာကတော့ ကချင်ရော၊ ဗမာရော မျိုးစုံပါပဲ၊ လူငယ်လေးတွေကိုရွေးပြီးဖမ်းသွားတော့ မိဘတွေအတွက်စိတ်မကောင်းဘူး၊ KIA အဖွဲ့ဖမ်းတာခံရတဲ့ လူငယ်မှန်သမျှ ပြန်လာရတယ်ဆိုတာ ရှားပါ တယ်၊ သူတို့နယ်မြေဆိုတော့ သူတို့လုပ်သမျှခံနေရတာပါပဲ”ဟု တနိုင်းမြို့သို့ ပြန်လာသော မှော်လုပ်သား ကိုဆန်းမောင်ကပြောသည်။ KIA အဖွဲ့သည် ပယင်းမှော်ဒေသအပါအ၀င် ရွှေ၊ ပယင်း၊ ကျောက်စိမ်း တူးဖော်သောမှော်များတွင် လူ ဖမ်းဆီးမှုများကို ယနေ့အချိန်အထိပြုလုပ်နေ မှုကြောင့်ဖမ်းဆီးခံရှမ်းတိုင်းရင်းသားများပြန်လည်လွတ်မြောက် ရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှဦးဆောင်ကာ ဆုတောင်းပွဲကို မြစ်ကြီးနားမြို့၊ ဆုတောင်းပြည့်ဘုရား ရင်ပြင်တွင် ဇန်န၀ါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဒေသခံ ရှမ်း၊ ဗမာ၊ လီဆူး၊ ရ၀မ်၊ ပလောင်၊ ကချင် လူငယ်များအား KIA အဖွဲ့မှ ဖမ်းဆီးမှုများ ပြုလုပ်ခြင်းကိုသက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် ကာကွယ်ပေးရန်လိုအပ် ကြောင်း ဒေသခံလီဆူးတိုင်းရင်းသားအကြီးအကဲတစ်ဦးက ပြောကြားသွားခဲ့သည်။ ကေကေ(တနိုင်း)

No comments: