Friday, January 2, 2015

ရွက်ဆစ်သို့ အိတ်ဖွင့်ပေးစာ


ရွက်ဆစ်သို့ အိတ်ဖွင့်ပေးစာ

ရွက်ဆစ်..
ခင်ဗျားတို့ပြောတော့ ဒေသဖွံ့ဖြိုးရေးဆိုဗျ။ ကိုရွက်ဆစ် ခင်ဗျားကိုယ်တိုင် ရှမ်းပြည်တပ်မတော်
နေ့က ပြောခဲ့တယ်နော်။ အေး.. ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ခင်ဗျားတို့ပါးစပ်ကပြောနေရုံနဲ့
မပြီးဘူး။ ဒေသတွင်းအမှန်တကယ်ဖွံ့ဖြိုးစေချင်ရင် ပထမအဆင့်က အပစ်အခတ်တွေရပ်စဲဖို့လိုတယ်ဗျ။ ဒါမှ နောက်တစ်ဆင့် ဒေသဖွံ့ဖြိုးရေးတွေလုပ်နိုင်မှာ။ အခုခင်ဗျားရဲ့ လက်အောက်ခံအဖွဲ့တွေ
ရဲ့လုပ်ရပ်ဟာ ဒေသဖွံ့ဖြိုးရေးလားဗျ။ အပြစ်မဲ့တဲ့သစ်တောဝန်ထမ်းတွေကို သတ်ဖြတ်ခဲ့တာ အကြမ်းဖက်လုပ်ရပ်ဗျ။ နိုင်ငံ့ဝန်ထမ်းဆိုတာ နိုင်ငံရဲ့စွမ်းအားတစ်ခုပဲ.. မရှင်းလို့မေးပါရစေ.. ခင်ဗျားရဲ့အဖွဲ့အစည်းကို ဘယ်လို စည်းမျဉ်းတွေပြဌာန်းပေးထားသလဲ။ ဒီလိုပဲလက်နက်ကိုင်ပြီး ရမ်းချင်တိုင်းရမ်းလို့ရအောင် လွှတ်ပေးထား သလား။ ဒါဆိုရင်တော့ ခင်ဗျားတို့က တိုင်းရင်းသားလက်နက်ကိုင်မဟုတ်တော့ဘူးဗျ... လက်နက်ကိုင်ပြီး အကြမ်းဖက်နေတဲ့တိုင်းရင်းသား
တွေဖြစ်နေပြီ။

ဒီနေရာမှာတစ်ခုပြောချင်တယ် ကျုပ်တို့တိုင်းရင်းသားဒေသတွေမယ် ဒေသဖွံ့ဖြိုးမှုဘာလို့နောက်ကျ သလဲ... ခင်ဗျားတို့လို လက်နက်ကိုင်ဆိုးသွမ်းသူတွေရှိနေလို့ပဲ... ခင်ဗျားတို့ရှိနေတဲ့အတွက် နိုင်ငံ့ ၀န်ထမ်းတွေ
မရောက်နိုင်ဘူး... သူတို့မရောက်တဲ့အတွက် ဒေသအခြေအနေမှန်ကို အစိုးရကမသိနိုင် ဘူး.. ဒါကြောင့် ဒေသဖွံ့ဖြိုးမှုနောက်ကျနေတယ်... ဒီအဖြေကို ကျုပ်လိုတောင်ယာစိုက်စားနေတဲ့ သာမန်ပြည်သူတောင်သိတယ်....

ရွက်ဆစ်ရေ SSA (ရွက်ဆစ်)အဖွဲ့က သစ်တောဝန်ထမ်းတွေကို တရားမဲ့သတ်ဖြတ်ခဲ့မှုဟာ ကျုပ်တို့ဒေသရဲ့
ဖွံ့ဖြိုးရေးအတွက် အမဲစက်စွန်းထင်ခဲ့ရပြီ.... ကျုပ်တို့ သာမန်တောသူတောင်သား ပြည်သူတွေ
အနေနဲ့ ဒေသဖွံ့ဖြိုးရေးကိုပဲ လိုအပ်ပြီး.. လက်နက်ကိုင်ပြီးတရားမဲ့သတ်ဖြတ်တာမျိုးကို လုံးဝရှုတ်ချတယ်လို့ပြောချင်တယ်ဗျာ .....

ရှမ်းတိုင်းရင်းသားတစ်ဦး






No comments: