Friday, January 2, 2015

KIA မှထွက်ပြေးလွတ်မြောက်လာသူများ


KIA မှထွက်ပြေးလွတ်မြောက်လာသူများ

ဇန်န၀ါရီလ ၂ ရက်၊ ၂၀၁၅

KIA တို့၏ အဓမ္မတပ်သားသစ်အဖြင့် ဖမ်းဆီးခံရပြီး၊ KIA-တပ်ရင်းတပ်ဖွဲ့ အသီးသီးတို့တွင် တာဝန်ထမ်းဆောင်စေခိုင်းခြင်းခံရပြီးနောက် ကိုယ်လွတ်ရုန်းထွက်ပြေးလာကြသည့် လူငယ်များသည် သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A)-မြန်ပြည်မြောက်ပိုင်း (ကချင်ပြည်နယ်)-မြစ်ကြီးနားမြို့သို့ ဆက်သွယ်ရောက်ရှိလာကြောင်း သိရှိရသည်။

အဆိုပါ ဆက်သွယ်ရောက်ရှိလာကြသူများမှာ -
(က) မောင်ကျော်စိုး(ခ) မောင်စိုးဝင်းဋ္ဌေး၊ (ဘ)ဦးမောင်သာကျော်၊ ကိုယ်ပိုင်အမှတ်(A-၅၆၁၄၅)

(ခ) မောင်စိုင်းကျော်ဇင်ထက်၊ (ဘ)ဦးပေါ်အိုက်၊ ကိုယ်ပိုင်အမှတ်(A-၅၇၇၅၅)

(ဂ) မောင်စိုင်းယောန၊ (ဘ)ဦးအားစည်၊ ကိုယ်ပိုင်အမှတ်(A-၅၈၈၂၆) တို့ဖြစ်ပြီး (၃၀-၁၂-၂၀၁၄)နေ့တွင် KIA-ရင်း(၁၈)မှ ထွက်ပြေးလာကြကြောင်းနှင့် (၃၁-၁၂-၂၀၁၄)နေ့တွင် သျှမ်မျိုးနွယ်စုရေးရာအဖွဲ့သို့
ရောက်ရှိခဲ့ကြောင်းသိရှိခဲ့ရသည်။
သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ယင်းလူငယ်သုံးဦးတို့အား နွေးထွေးစွာကြိုဆို၍(၁-၁-၂၀၁၅)ရက်နေ့တွင် သက်ဆိုင်ရာသို့ အပ်နှံလိုက်ကြောင်း သိရှိရသည်။

အထက်ပါထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောပြချက်အရ KIA-တို့သည် လူမျိုးရေးခွဲခြားဆက်ဆံမှု
ရှိကြောင်း သျှမ်းဟုဆိုလျှင် ပို၍တင်းကြပ်စွာ ဖိနှိပ်ချုပ်ခြယ်ခိုင်းစေကြောင်း နှင့် ယင်းတို့သင်တန်းဆင်း
ရာတွင် (၇၅)ဦးရှိကြောင်း ၊ မိမိတို့(၃)ဦးသာ ထွက်ပြေးလွတ်မြောက်လာ ခဲ့သေးကြောင်း ပြောပြ
သည်ဟုသိရသည်။

Sai Thar Zone

ဧရာဝတီမြစ်ဖျားဆီက


No comments: