Monday, January 19, 2015

ကေအိုင်အေ(ကချင်)အဖွဲ့က ဒေသခံပြည်သူများနေထိုင်လျက်ရှိသည့် နေရာများနှင့် တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ကေအိုင်အေ(ကချင်)အဖွဲ့က ဒေသခံပြည်သူများနေထိုင်လျက်ရှိသည့် နေရာများနှင့် တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လုံးခင်းနယ်မြေရဲစခန်းဝင်းအတွင်းသို့ ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီခွဲခန့် တွင် ကေအိုင်အေ(ကချင်)အဖွဲ့ဝင် တစ်ဦးက ဆိုင်ကယ်စီးနင်း၍ လက်ပစ် ဗုံးတစ်လုံးဖြင့် အလစ်အငိုက်ပစ်သွင်း ထွက်ပြေးသွားခဲ့ရာ ရဲတပ်ကြပ်ကူရှင် ဖုန်းဆားရ်၏ ဇနီးဖြစ်သူ ဒေါ်နန်းဆိုင် (၅၂)နှစ်၊ သားဖြစ်သူ ဆခေါင်ဝမ်ဖုန်း ဆားရ် (၂၃)နှစ်၊ တူဖြစ်သူ ဖုန်တီအောင် (၁၈)နှစ်နှင့် ရဲတပ်ကြပ် စောထွန်း အောင်၏ဇနီးဖြစ်သူ ဒေါ်ခိုင်ဇာနည် မြင့် (၃၇)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ ထို့အတူ မွန်းလွဲ ၂ နာရီခန့်တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီးရှိ ဂျိတ်ပါဝါ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဝင်းအတွင်းရှိ ဂိတ်တဲအား ကေအိုင်အေ (ကချင်)အဖွဲ့ဝင်တစ်ဦးက ဆိုင်ကယ်စီးနင်းရောက်ရှိလာပြီး လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သော်လည်း ပေါက်ကွဲမှုမဖြစ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းခဲ့ပြီး အဆိုပါ လက်ပစ်ဗုံး နှစ်လုံးအား ဖောက်ခွဲဖျက်ဆီးခဲ့သည်။ အလားတူ ဇန်နဝါရီ ၁၆ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် စည်ပင်သာယာ ပန်းခြံထောင့်ရှိ အမှိုက်ပုံအနီး၌ မော်ဝမ်းရပ်ကွက်ဘက်မှ မြို့မရပ်ကွက်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ ကေအိုင်အေ (ကချင်)အဖွဲ့ဝင်တစ်ဦးက မိုင်းတစ်လုံးအား ပစ်ပေါက်ခဲ့ရာ အမှိုက်ပုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ညနေ ၆ နာရီ မိနစ် ၄ဝ ခန့်တွင် လည်း ဖားကန့်မြို့ မြို့မရပ်ကွက်ရှိ ဥရုရတနာ ကျောက်စိမ်းတံတားထိပ်၌ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား ငှက်ပျောတောရပ်ကွက်ဘက်မှ မြို့မရပ်ကွက် ဘက်သို့ ကေအိုင်အေ(ကချင်)အဖွဲ့ဝင်နှစ်ဦး မောင်းနှင်လာသည့်ဆိုင်ကယ်ပေါ်မှ မိုင်းတစ်လုံးအား ပစ်ပေါက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေသည့် အနီးကတ္တရာလမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့အတူ ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်ရှိ ဖားကန့် မြို့မရဲစခန်း ခြံစည်းရိုးရှေ့ကားလမ်းဘေး ရေမြောင်းအနီး (ရဲစခန်းဝင် ပေါက်၏ ဝဲဘက်)၌ ကေအိုင်အေ (ကချင်)အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရဲစခန်း ရှေ့ခြံစည်းရိုးအတွင်း စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်များ ပျက်စီးသွားခဲ့သည်။ အလားတူ ည ၇ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း) ရုံးဝင်း အုတ်တံတိုင်းရှေ့အား လုံးခင်းဘက်မှ အေးချမ်းသာယာ ရပ်ကွက်ဘက်သို့ ကေအိုင်အေ(ကချင်)အဖွဲ့ဝင်နှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ မိုင်းတစ်လုံးအား ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ သော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။ ထို့ပြင် မိုးကောင်းမြို့နယ် (၈) မိုင် လမ်းဆုံ၏ အနောက်မြောက်ဘက် ၁ မိုင် ၃ ဖာလုံအကွာ မိုးကောင်း- ဖားကန့်သွားကားလမ်း မိုင်တိုင်အမှတ် (၉/၃) ရှိ တံတားအမှတ် (၁/၁ဝ) အရှည် ပေ ၆ဝ၊ အကျယ် ၁၂ပေရှိ ဘေလီ သံပေါင်တံတား(ပါဟုတ် ချောင်းကူးတံတား)အား ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီခန့် တွင် လည်းကောင်း၊ အဆိုပါ တံတား၏ အနောက်မြောက်ဘက် လေးဖာလုံခန့် အကွာ၊ မိုင်တိုင်အမှတ် (၉/၇)ရှိ တံတားအမှတ် (၂/၁ဝ) အရှည်ပေ ၃ဝ၊ အကျယ် ၁၂ ပေရှိ ဘေလီသစ်သား တံတား(၁ဝ မိုင်ချောင်းကူးတံတား) အား ညနေ ၄ နာရီခွဲခန့်တွင် လည်းကောင်း ကေအိုင်အေ (ကချင်) အဖွဲ့က မီးရှို့ဖျက် ဆီးခဲ့သဖြင့် တံတားများ မီးလောင်ပျက်စီးခဲ့သည်။ အလားတူ ညနေ ၃ နာရီခန့်တွင် အဆိုပါ ကားလမ်းပေါ်ရှိ ခွန်ဆိုင်ဇွပ် ကျေးရွာအဝင်မှ အရှည်ပေ ၂ဝ၊ အကျယ် ၁၂ ပေရှိ သစ်သားတံတားအား လည်းကောင်း၊ နန့်ခိုင်ကျေးရွာအနီးမှ အရှည် ပေ ၂၁၊အကျယ် ၁၄ ပေရှိ ကွန်ကရစ်တံတားနှင့် အရှည် ၂၄ ပေ၊အကျယ် ၁၇ ပေရှိကွန်ကရစ် တံတားနှစ်စင်းအား ညနေ ၅ နာရီခန့်တွင် လည်းကောင်း ကေအိုင်အေ (ကချင်)အဖွဲ့က အောင်မြင့်ကြိုင် ကုမ္ပဏီပိုင် ဘက်ဟိုးယာဉ်မောင်းအား ခြိမ်းခြောက်၍ ဖျက်ဆီးခိုင်းခဲ့သဖြင့် တံတားများပျက်စီးသွားပြီး မိုးကောင်း-ဖားကန့်သို့ သွားလာလျက်ရှိသော မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုနိုင်ဘဲ သွားလာမှုပြတ်တောက်ခဲ့ကြောင်း သိရသည်။ ကေအိုင်အေ(ကချင်)အဖွဲ့အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ဒေသခံပြည်သူများ နေထိုင်လျက်ရှိသည့်နေရာများနှင့် တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ဒေသခံပြည်သူများ အထိတ်တလန့်ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။ (မြဝတီ) 

No comments: