Sunday, January 18, 2015

ရဲစခန်းများနှင့် မြို့တွင်းလမ်းများပေါ်တွင် မိုင်း / လက်ပစ်ဗုံးဖြင့်တိုက်ခိုက်မှုများ လုံးဝမပြုလုပ်ရန် KIA အဖွဲ့အား နယ်လုံဝန်ကြီး သတိပေး

 ရဲစခန်းများနှင့် မြို့တွင်းလမ်းများပေါ်တွင် မိုင်း / လက်ပစ်ဗုံးဖြင့်တိုက်ခိုက်မှုများ လုံးဝမပြုလုပ်ရန် KIA အဖွဲ့အား နယ်လုံဝန်ကြီး သတိပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ရဲစခန်းများနှင့် မြို့တွင်းလမ်းများပေါ် တွင် KIA အဖွဲ့မှမိုင်းနှင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ကချင်ပြည်နယ်၊ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးမှ ဇန်န၀ါရီလ (၁၇) ရက်နေ့ တွင် KIA အဖွဲ့အား သတိပေးပြောကြားထားကြောင်း နယ်စပ်ရေးရာလုံခြုံရေး ၀န်ကြီးရုံး တာဝန်ရှိသူတစ်ဦးမှ ပြောသည်။ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရဲစခန်းအတွင်းသို့ ဇန်န၀ါရီလ (၁၅)ရက်နေ့၊ ညနေ (၆)နာရီခွဲအချိန်ခန့်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးမှ ရဲစခန်းအတွင်းသို့ လက်ပစ်ဗုံးတစ်လုံးအား ပစ်ပေါက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် မိသားစုများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အလားတူ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာအနီးရှိ ဂျိတ်ပါဝါကျောက်မျက် တူးဖော်ရေးကုမ္ပဏီအတွင်းသို့ ဇန်န၀ါရီလ (၁၅)ရက် နေ့လည်(၂)နာရီ အချိန်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးမှ လက်လုပ်ဗုံး(၂)လုံးအား ဆိုင်ကယ်ပေါ်မှ တစ်ဆင့် ကုမ္ပဏီအတွင်းသို့ ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း စက်ပြင် လုပ်သား တစ်ဦးမှလည်း ပြောပြခဲ့ပါသည်။ ထို့အပြင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ငြိမ်းချမ်းသာယာရပ်ကွက်၊ လမ်းဆုံနေရာ၌ ဇန်န၀ါရီလ(၁၅)ရက်၊ ည(၇)နာရီခွဲအချိန်ခန့်တွင် လက်လုပ်မိုင်းတစ်လုံးအားလည်းကောင်း၊ အောင်ရာရပ်ကွက် လမ်းဘေး တစ်နေရာ တွင် ည(၈)နာရီ (၁၅)မိနစ် အချိန်ခန့်တွင် မိုင်းတစ်လုံးအား လည်းကောင်း KIA အဖွဲ့မှဖောက်ခွဲခဲ့မှု ကြောင့် မြို့ခံပြည်သူလူထုများ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးမှပြောသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ လူ၊ တိရစ္ဆာန်များနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုမရှိသော်လည်း KIA အဖွဲ့၏ အကြမ်းဖက်တိုက် ခိုက်မှု များကြောင့် ဒေသခံပြည်သူလူထုများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး ၎င်းတို့၏ အသက်အန္တရာယ်လုံခြုံရေးအတွက် KIA အဖွဲ့အား ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဖားကန့်မြို့ခံ ကျောက်မျက် လုပ်ငန်းရှင်တစ်ဦး မှ ပြောကြားခဲ့ပါသည်။ ထွန်းနိုင်(ဖားကန့်) Kachin Daily News

No comments: