Wednesday, January 7, 2015

“ကျေးဇူးတင်ပါတယ် ဝန်ကြီးရယ် ဦးဇင်းတို့လဲ ကူပါ့မယ်” =====================================

“ကျေးဇူးတင်ပါတယ် ဝန်ကြီးရယ် ဦးဇင်းတို့လဲ ကူပါ့မယ်” =====================================

“မောင်တောမြောက်ပိုင်းမှ ရခိုင်တိုင်းရင်းသားများ လျော့ပါးလာမှုအတွက် အဓိကလိုအပ်ချက်များကို ပြည်နယ်အစိုးရ စတင်ကူညီနေပြီ” ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ တိုင်းရင်းသားလူဦးရေ ပျောက်ကွယ်လုနီးပါးဖြစ်နေသော မောင်တောမြောက်ပိုင်းဒေသအချို့အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့က လယ်မြေဖော်ထုတ်ပေးခြင်း၊ ငွေကြေးထောက်ပံ့ခြင်း နှင့် ကားများထောက်ပံ့ပေးခြင်းတို့ စတင်တော့မည်ဖြစ်ကြောင်း ၃-၁-၂၀၁၅ ရက်က သတင်းရရှိသည်။ မောင်တောမြောက်ပိုင်းဒေသအချို့သည် ပြည်မကြီးနှင့်ကင်းကွာမှုရှိရုံမျှမက ရခိုင်ပြည်နယ် မြို့ကြီးများနှင့်ပါ အလှမ်းဝေးသည့်အနေအထားဖြစ်နေပြီး ရခိုင်တိုင်းရင်းသားလူနည်းစုသာ ကျန်ရှိတော့သည့်အတွက် ဘင်္ဂလား ဒေ့ရှ်ဘက်မှခိုးဝင်လာရောက်နေထိုင်သူများလာနိုင်ပြီး ပြည်နယ်ခွဲထွက်ခွင့်တောင်းဆိုနိုင်သည်အထိလူအင်အားများလာနိုင်ကြောင်းလည်း မောင်တောဒေသခံရခိုင်တိုင်းရင်းသားများက ထုတ်ဖော်ပြောကြားလာကြသည်။ “အချို့အိမ်တွေဆိုရင်ပျက်နေတဲ့အတိုင်းနဲ့နေကြတယ်၊ဘာဖြစ်လို့ပြန်မဆောက်လဲမေးတော့ ပြန်ဆောက်လည်းပဋိပက္ခနဲ့ကြုံလာရင် ပြန်ဖျက်ဆီးခံရတာပဲဆိုတော့မလိုအပ်တော့ပါဘူးလို့ပြောတယ်” ဟု မောင်တော အခြေစိုက်ရခိုင်တိုင်းရင်းသားတစ်ဦးကပြောသည်။ မောင်တောတွင် ရခိုင်တိုင်းရင်းသားများက မိမိပိုင်နက် နယ်မြေအတွင်းမှာပဲ အခြားတစ်ပါးသော ခိုးဝင်လာသူများ၏ အင်အားကိုစိုးရိမ်နေကြရပြီး မိမိလုံခြုံရေးအတွက် မလိုအပ်ဘဲ စကားအပိုပြောခြင်းများပင် မလုပ်ရဲကြကြောင်း ဆိုသည်။ “ဝန်ကြီးချုပ်ကတော့ ဒီဒေသမှာ ရခိုင်တွေ အင်အားပိုများလာအောင် လုပ်ဖို့စပြီး စီစဉ်နေတယ်လို့ကြားတယ်” ဟု မောင်တောဒေသခံ သတင်းရင်းမြစ်တစ်ဦးဖြစ်သူ ကိုဝင်းသိန်းက ပြောကြားခဲ့ပြီး မောင်တောတွင် ရခိုင်တိုင်းရင်းသား အစစ်မှာ နှစ်ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်းလည်း သိရသည်။ ပြည်နယ်အစိုးရအနေဖြင့် မောင်တောမြောက်ပိုင်း နံ့သာတောင်ကျေးရွာဘက် စာသင်ကျောင်း ကျောင်းသားများ အတွက် လေးလစာစားစရိတ်ကျပ်သိန်း ၁၀၀၊ ကျောင်းအတွက်အသုံးပြုရန် ကားတစ်စီး၊ ဘင်္ဂလားဒေ့ရှ်မှ နေရပ်ပြန်လည်ခိုလှုံလာသူများ အသုံးပြုရန် ကားနှစ်စီး(လူမှုရေး၁၊ စီးပွားရေး၁) မြောက်ပိုင်းတိုင်းရင်းသား ကျေးရွာများ အသုံးပြုရန် ကားနှစ်စီး(လူမှုရေး၁၊ စီးပွားရေး၁) တို့ကို ပံ့ပိုးမည်ဖြစ်ကြောင်း အကြောင်းပြန်လာ သည်ဟု စစ်တွေမြို့ခံ ရခိုင်တိုင်းရင်းသား ဦးသန်းထွန်းက လူမှုကွန်ရက်မှတစ်ဆင့် ဆက်သွယ်ပြောကြား လာသည်။ ယင်းအပြင် ရခိုင်အပါအဝင် မျိုးနွယ်စုများ အခြေချနိုင်ရန် နံ့သာတောင်ရွာတွင် အိမ်မြေကွက် ၆၀ (လယ်မြေအပါအဝင်)ကျွန်းတောင်ရွာဟောင်းတွင် ၃၃ကွက်(လယ်မြေအပါအဝင်)တို့ကို ဖော်ထုတ်ပေးခဲ့ ကြောင်းနှင့် အိမ်များဆောက်ပေးရန်အတွက်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနထံသို့ တင်ပြတောင်းဆိုထား ကြောင်း သိရသည်။ Iris 

No comments: