Saturday, January 17, 2015

ငြိမ်းချမ်းရေးကို မလိုလားဘဲ စစ်ကိုသာ လိုလားနေသော KIA

ငြိမ်းချ ငြိမ်းချမ်းရေးကို မလိုလားဘဲ စစ်ကိုသာ လိုလားနေသော KIA မ်းရေးကို မလိုလားဘဲ စစ်ကိုသာ လိုလားနေသော KIA

ဇန်န၀ါရီလ ၁၇ ရက်၊ ၂၀၁၅ တိုက်ပွဲသတင်းများနဲ့အတူ ကချင်ပြည်နယ်ငြိမ်းချမ်းရေးက စိတ်ပျက်ဖွယ်ကောင်းနေတာတော့ အမှန်ပဲဖြစ်ပါတယ်။ အဓိက ကတော့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေ ထောင်ချီပိတ်မိနေတယ်ဆိုပြီး သတင်းတွေ အစုံကြားနေရတယ်။ အစကတည်းက လှုပ်တုတ်တုတ်ဖြစ်နေတဲ့ ကချင်ငြိမ်းချမ်းရေးဟာ ဘယ်သို့ ဦးတည်နေ သလဲဆိုတာ ငြိမ်းချမ်းရေးအကြောင်း တီးမိခေါက်မိထားသူအားလုံး သဘောပေါက်ကြမှာပါ။ ကြားနေကြ ဓါတ်ပြားဟောင်းကြီး ဖွင့်တာကို ဒီတစ်ကြိမ်လက်ခံမယ်ဆိုရင်တော့ အပျက်သဘောဆီသို့ ၀ိုင်းဝန်းတွန်းပို့ နေကြတယ်လို့ပဲ ပြောချင်ပါတယ်။ အစိုးရတပ်မတော်က စစ်ရေးအရ ဖိအားပေးထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်ဆိုပြီး KIA ဘက်က တဖွဖွ လိုက်ပြောပေးနေသူတွေကိုလည်း အံ့သြလွန်းလို့ ဘာပြောရမှန်းကို မသိတော့ဘူး။ တကယ်တော့ ငြိမ်းချမ်းရေးမရအောင် KIA က တမင်ဖန်တီးနေတာဖြစ်ပါတယ်။ အခုဖြစ်စဉ်ကိုကြည့်ပါ။ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့ကို ဝှေလုံ - ဝေခါ၊ ညောင်ပင် လမ်းမှာ KIA ကတားဆီးစစ်ဆေးတယ်ဆိုတာ လက်ရှိ အုပ်ချုပ်နေတဲ့အစိုးရကို သူတို့ ဂရုမစိုက်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ ပြီးတော့ ၀န်ကြီးခရီးစဉ် လုံခြုံရေးလိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို လက်ထိပ်ခပ်ပြီး ဖမ်းသွားတာကရော တရားဥပဒေကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တာပဲ မဟုတ်ဘူးလား။ အစိုးရ၀န်ကြီးနဲ့ အစိုးရ၀န်ထမ်းရဲတပ်ဖွဲ့ဝင်တွေအပေါ် KIA ရဲ့ ရိုင်းပျစော်ကားမှုဟာ ဘယ်လိုမှ လက်သင့်ခံစရာ အကြောင်း မရှိပါဘူး။ ဒါ့ကြောင့် တပ်မတော်စစ်ကြောင်းတွေက ၀န်ကြီးကို တားဆီးစစ်ဆေးပြီး ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းသွားတဲ့နေရာမှာ လာရောက် ရှင်းလင်းရတာဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီး တစ်ယောက်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မရိုမသေလုပ်တာ ကို မြန်မာမပြောနဲ့၊ ဘယ်နိုင်ငံမှာမှ လက်ခံမှာမဟုတ်ဘူး။ ဒီတော့ လက်နက်ကိုင်အဖွဲ့တွေကို ပြန်လည်ရင်ဆိုင်ဖြေရှင်းနိုင် တာဆိုလို့ တပ်မတော်ပဲရှိတဲ့အတွက် လမ်းဘေးဝဲယာတွေကို လိုက်လံရှင်းလင်းရတာဖြစ်ပါတယ်။ တပ်မတော်စစ်ကြောင်းတွေလာတော့ KIA အဖွဲ့က နှောင့်ယှက်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲတွေ ဖြစ်လာရတယ်။ ဒီနေ့ အထိလည်း ဖမ်းသွားတဲ့ရဲ ၃ ယောက်ကို ပြန်လွှတ်မပေးသေးဘူး။ ဘယ်လောက်ထိအောင် ဗြောင်ငြင်းသလဲဆိုတော့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းသွားတာ KIA အဖွဲ့မဟုတ်ဘူး၊ ပြည်သူ့စစ်တွေပါလို့ အရှက်မရှိ ပြောထွက်သေးတယ်။ KIA ဟာ မျက်နှာပြောင်တိုက် အရှက်မရှိစွာနဲ့ ကိုယ်လုပ်တာကိုယ် ၀န်မခံရဲဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ဒေသခံပြည်သူတွေနဲ့ ပြည်နယ်ငြိမ်းချမ်းရေးကို စာနာထောက်ထားပြီး အစိုးရက ညင်သာစွာ ငြိမ်းချမ်းရေး ကမ်းလှမ်းနေတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ လိုလားချက်အရ တပ်မတော်ကလည်း KIA အပေါ် အင်အားသုံး ဖြေရှင်းတာမလုပ်ခဲ့ပါဘူး။ တကယ်တမ်း လိုင်ဇာကို တိုက်မယ်ဆိုရင် မိနစ်ပိုင်းနဲ့ လုံလောက်ပါတယ်။ အစိုးရနဲ့ တပ်မတော် တို့ရဲ့ သဘောကောင်းမှုကို KIA အခွင့်ကောင်း ယူနေသလားလို့ မေးစရာ ဖြစ်လာပါပြီ။ ပြည်နယ်ဝန်ကြီးဖြစ်စဉ်နောက်ပိုင်း ဖြစ်ပွားလာသော KIA ၏ ဖြစ်ရပ်ကို လုံးဝခွင့်လွှတ်နိုင်စရာအကြောင်း မရှိပါ။ လုံးခင်းရဲ စခန်းထဲကို KIA အဖွဲ့က စေလွှတ်ခိုင်းစေတဲ့ လူတစ်ဦးက လက်ပစ်ဗုံး ပစ်သွင်းလို့ မှီခိုသူ မိသားစုဝင် ရဲမေ၂ ဦး ၊ ရဲတပ်ကြပ်ကြီး၏ သားနဲ့အတူ အားလုံးပေါင်း ၄ ယောက်မှာ ဗုံးစတွေ ထိမှန်ဒဏ်ရာရခဲ့ကြတယ်။ ဒါဟာ KIA ဟာ အကြမ်း ဖက်လုပ်ရပ်တွေကို အချိန်မရွေး ကျူးလွန်တတ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ အဲဒီ ဇန်န၀ါရီ ၁၅ ရက်နေ့ တစ်နေ့တည်းမှာပဲ လုံးခင်းရဲစခန်း ဖောက်ခွဲတိုက်ခိုက်မှုအပါအ၀င် ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံပြည်သူများရဲ့ လုံခြုံရေးဟာလည်း အာမခံချက်မရှိသောအနေအထားသို့ ရောက်ရှိလာခဲ့တယ်။ အချုပ်ပြောရရင် အဖျက်အမှောက်အလုပ်တွေကို ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ကျူးလွန်နေတဲ့ KIA ကြောင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးဟာ အဆိုးဘက်ကို ဦးတည်သွားတော့မှာ ဖြစ်ပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ရိုးသား ပွင့်လင်းစွာပြောရရင် KIA ကို ဒီအတိုင်းလွှတ်မထားသင့်ဘဲ ထိရောက်ပြင်းထန်စွာ အရေးယူသင့်ပါကြောင်း ရေးသားလိုက် ရပါတယ်။ ဇော်လွန်းခေါင် 

No comments: