Friday, January 16, 2015

လူကိုယူပါ ဘုရားကိုချမ်းသာပေးပါ(၃)” ===================

i“လူကိုယူပါ ဘုရားကိုချမ်းသာပေးပါ(၃)” ========================== အမည်က မခင်အေးမြင့် အသက်က ၂၉ နှစ် မိဘနှစ်ပါးလုံးက ကရင်ဗုဒ္ဓဘာသာ လင်ဖြစ်သူက ကိုအောင်(ခ)ဟာဆန်(၃၀)နှစ်။ မိဘနှစ်ပါးလုံးက မူဆလင် အောက်ကော့ရင်းရပ်ကွက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်။ နှစ်ယောက်လုံးက စည်ပင်လမ်းလုပ်သားတွေပါ။ အလုပ်လုပ်ရင်း ကရင်မနှင့် မူဆလင်နီးစပ်သွားတာဖြစ်ပါတယ်။ သူတို့လင်မယားဟာ မူဆလင်ကိုအောင်ရဲ့ မိဘနှစ်ပါးရှိရာ မွန်ပြည်နယ်၊ သထုံမြို့၊ ဗင်လိုင်ရပ်ကွက်မှာ နေကြပါတယ်။ လင်မယားနှစ်ယောက်လုံး ကြုံရာကျပန်း အလုပ်ကို လုပ်ကြပါတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုမယ်ဆိုတဲ့ ကတိစကားအတိုင်း မူဆလင်ကိုအောင်က မခင်အေးမြင့်ကို ဘာသာတရားနှင့်ပတ်သက်လို့ ပိတ်ပင်တားဆီးမှု မရှိခဲ့ပါဘူး။ နေကာဟ်ဖတ်ပြီး ကုလားလိုမင်္ဂလာဆောင်တာ၊ အိမ်မှာ ဘုရားစင်တည်ခွင့်မပေးတာကလွဲလို့ လင်နှင့်မယား ကြားမှာ ဘာသာရေးနှင့်ပတ်သက်လို့ ဘာပြဿနာမှမရှိခဲ့ပါဘူး။ မခင်အေးမြင့်ရဲ့ အဖွား သီလရှင်ဆရာကြီးဒေါ်ဓမ္မနန္ဒီက အသက်ရှစ်ဆယ်ကျော် ငယ်ဖြူဖြစ်ပါတယ်။ မခင်အေးမြင့်တို့ရဲ့ အစ်မကလည်း သီလရှင်ပဲဖြစ်ပါတယ်။ သထုံမြို့၊ ဓမ္မာရာမဝိပဿနာရိပ်သာဆရာတော်ဦးသုမင်္ဂလက အဖွားဒေါ်ဓမ္မနန္ဒီရဲ့ မွေးစားသားဖြစ်ပါတယ်။ ဒေါ်ဓမ္မနန္ဒီတို့ မြေးအဖွားသီလရှင်နှစ်ပါးက ဆရာတော်ဦးသုမင်္ဂလရိပ်သာထဲမှာပဲ သီတင်းသုံးနေထိုင်ပါတယ်။ မူဆလင်ကိုအောင်က မခင်အေးမြင့်ကို အိမ်မှာဘုရားရှိခိုးခွင့်၊ ဘုရားစာရွတ်ခွင့် မပေးပေမယ့် ဓမ္မရာမကျောင်း ကိုသွားရင်တော့ အကြိုအပို့လုပ်ပေးပါတယ်။ မခင်အေးမြင့်ကလည်း ကုလားလိုမင်္ဂလာဆောင်ထားတာ၊ အိမ်မှာ ဘုရားစင်တည်ခွင့်မပေးတာကလွဲလို့ ဘုရားသွားကျောင်းတက် လွတ်လပ်စွာကိုးကွယ်းခွင့်ရနေလို့ လင်တော်မောင်ကိုအောင်အပေါ် အပြစ်မမြင်ခဲ့ ပါဘူး။ ဒီလိုနဲ့ ပေါင်းသင်းလာတာ ၆ နှစ်သက်တမ်းရှိပါပြီ။ သားလေးကောင်းမြတ်ဦး(၅)နှစ်၊ သမီးလေး ခိုင်သဇင်ဦး (၂နှစ်ကျော်)တို့ ထွန်းကားခဲ့ပါတယ်။ ယောက္ခမအိမ်မှာ နေကြပေမယ့် ယောက္ခမတွေကလည်း ဘာသာရေးဖိနှိပ်ချုပ်ချယ်တာတွေ မလုပ်ကြပါဘူး။ အေးအေးလူလူပဲ နေထိုင်လာခဲ့ကြတာပါ။ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းလောက်ရောက်တဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူ မွတ်ဟာဆန်က အချိုးတွေ ပြောင်းလာတော့တယ်။ ကလေးနှစ်ယောက်ကို သူ့စိတ်တိုင်းကျ ပုံစံသွင်းလာပါတော့တယ်။ ဗမာအစားအစာတွေ မစားရဘူး၊ ဗမာတွေသ အသေစာတွေပဲ စားတာ။ ဟာလာလုပ်ပြီးသား မဟုတ်ဘူး။ လည်လှီးသားပဲစားရမယ် ဆိုတာတွေ။ ဗမာအိမ်မှာ ရေမသောက်ရဘူး။ ဝက်သားစားကြလို့ မသန့်ဘူး ဆိုတာတွေ ပြောလာတော့တာပါ။ ကလေးလေးတွေက မိခင်နှင့်အတူ ဘုန်းကြီးကျောင်းသွားတဲ့အခါ ဘုန်းကြီးကျောင်းက ကျွေးတာတွေ မွေးတာတွေကို မစားဖို့ ရည်ရွယ်ပြောဆိုတာ ဖြစ်ပါတယ်။ ကလေးတွေကို ပုံစံသွင်းရုံတင်မဟုတ်တော့ဘဲ မခင်အေးမြင့်ကိုပါ ပိတ်ပင်တားဆီးတာတွေ ပြုလုပ်လာပါ တော့တယ်။ နောက်ဆုံး အိမ်မှဆင်းလာရအောင် ပြဿနာဖြစ်တာကတော့ ဘုန်းကြီးရှိခိုးမိလို့ပါ။ ခါတိုင်းလိုပဲ ဓမ္မာရာမဝိပဿနာရိပ်သာကို မွတ်ဟာဆန်က လိုက်ပို့ပါတယ်။ မခင်အေးမြင့်နှင့်အတူ ကလေးနှစ်ယောက်လည်းပါပါတယ်။ ရိပ်သာဆရာတော် ဦးသုမင်္ဂလကို ဖူးမြင်လိုက်ရတာနဲ့ မခင်အေးမြင့်က ထိုင်ရှိခိုးလိုက်ပါတော့တယ်။ မွတ်ဟာဆန်က သူ့ရှေ့မှာ ဘုန်းကြီးရှိခိုးရကောင်းလားဆိုပြီး မျက်လုံးပြူးပြတာကို မခင်အေးမြင့်က ဂရုမစိုက် ပါဘူး။ အရင်တုန်းကတော့ မွတ်ဟာဆန်ပြန်သွားပြီးမှ ကျောင်းပေါ်တက်ပြီး ရှိခိုးကြတာပါ။ ဒီနေ့မှာတော့ ဆရာတော်က ကျောင်းဝင်းထဲမှာ စင်္ကြံကြွနေတာနှင့်ကြုံကြိုက်သွားလို့ ရှိခိုးမိလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကို သူ့ရှေ့မှာ ဘုန်းကြီးရှိခိုးတာဟာ သူ့ကိုတမင်ရွဲ့ပြီး ရှိခိုးတာပဲ တမင်သက်သက်စော်ကားတာပဲလို့ စွပ်စွဲလာတာဖြစ်ပါတယ်။ မခင်အေးမြင့်ကလည်း မွတ်ဟာဆန်မျက်လုံးပြူးပြတာကို သိလို့ မွတ်ဟာဆန်ကိုပြန်ခိုင်းလိုက်ပါတယ်။ လာကြို ရင်လည်းကြို မကြိုရင်လည်းနေလို့ပြောပြီး ပြန်လွှတ်ပေမယ့် မွတ်ဟာဆန်က မပြန်ဘဲဆက်လက် ပြဿနာရှာ ပါတော့တယ်။ သားအမိသုံးယောက်လုံး ကျောင်းပေါ်တက်ပြီး ဘုရားရှိခိုးပါတယ်။ အဖွားသက်တော်ရှည်သီလရှင်ဆရာကြီးကို ရှိခိုးပါတယ်။ အစ်မသီလရှင်ကို ရှိခိုးပါတယ်။ မွတ်ဟာဆန် စိတ်ထိန်းလို့မရတော့ပါဘူး။ သားအမိသုံးယောက်လုံးကို အတင်းခေါ်ပြီး ပြန်သွားပါတော့တယ်။ ခါတိုင်းဆိုရင် တစ်နေကုန်ထားပြီးမှ လာကြို ပေမယ့် အခုတော့ လုံးဝမထားနိုင်တော့ဘဲ ချက်ချင်းပြန်ခေါ်သွားတာ ဖြစ်ပါတယ်။ ဆိုင်ကယ်စီးရင်း စကားများကြပါတယ်။ မခင်အေးမြင့်က မွတ်ဟာဆန်ကို မေးပါတယ်။ နင့်ရှေ့မှာ ရှိခိုးတာနဲ့ နင့်ကွယ်ရာမှာ ရှိခိုးတာ ဘာကွာလို့လဲ? အိမ်ထောင်ဦးစီးတစ်ယောက်ကို အလေးအနက်မထားရာရောက်တယ်လို့ မွတ်ဟာဆန်က ပြန်ဖြေပါတယ်။ နင်က ဘာကောင်မို့လဲ? ဘုန်းကြီးနဲ့နင်က ဘယ်ဟာက ပိုအရေးကြီးလဲ? ဒါဆိုရင် မပေါင်းနိုင်တော့ဘူး။ နင်သေချာလား? သေချာရင် အခုဆင်းမယ်။ နားလည်မှုတစ်စက်မှမရှိတဲ့ ယောက်ျားမျိုး ငါလုံးဝမပေါင်းနိုင်ဘူး။ မခင်အေးမြင့် ဆင်းမယ်လုပ်တော့ မွတ်ဟာဆန်က သားကိုမင်းပိုင်တယ်။ သမီးကို ငါပိုင်တယ်ဟုဆိုကာ အငယ်မလေးကို ယူထားလိုက်ပါတယ်။ မခင်အေးမြင့်တို့သားအမိက သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ ဓ ဓမ္မဒူတသုခိတာရုံကျောင်းမှာ ခိုလှုံနေတာ တစ်လကျော်ပါပြီ။ ငါးနှစ်သားအရွယ်သားလေးကောင်းမြတ်နိုးဦးရဲ့ မွေးစာရင်းသွားတောင်းတဲ့အခါ ၂-နှစ်သားအရွယ်သမီးလေး ခိုင်းသဇင်ဦးက အပြေးအလွှားပွေ့ဖက်လာပါတယ်။ မွတ်ဟာဆန်က ကလေးကိုအတင်းဆွဲခေါ်သွားလို့ ငိုတဲ့အခါ ရိုက်နှက်ပြီး တိတ်ခိုင်းပါတယ်။ ကျိုက္ကောမဘသနှင့် ဝံသာနုရက္ခိတအဖွဲ့က တာဝန်ယူဖြေရှင်းနေပါတယ်။ စာရေးသူက မခင်အေးမြင့်တို့သားအမိကို ငွေ(၁)သိန်းကျပ် ထောက်ပံ့ခဲ့ပါတယ်။ သားလေးကောင်းမြတ်ဦးကို “မင်းကြီးလာရင် ဘာလုပ်မလဲ” မေးတဲ့အခါ အလုပ်လုပ်မယ် ညီမလေးကို သွားပြန်ခေါ်မယ်လို့ ဖြေပါတယ်။ အမေနှင့်ပဲနေမယ်လို့ ပြောနေပါတယ်။ ညီမလေးကိုလည်း အတော်ချစ်ပုံရပါတယ်။ အဖေနှင့်ဘာလို့ မနေချင်တာလဲမေးတော့ အဖေက ရိုက်လို့ပါတဲ့။ အိမ်ဘေးနားက အလှူပွဲမှာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မတေးသီချင်း အသံချဲ့စက်နှင့်ဖွင့်တော့ မောင်နှမနှစ်ယောက် လုံးကွေးနေအောင်ကပြီး လိုက်ဆိုတာကြောင့် ရက်ရက်စက်စက် ရိုက်နှက်ခံခဲ့ရတာဖြစ်ပြီး ကလေးတွေကို သိမ်းသွင်းထားတယ်ဆိုတာ မိခင်ကိုပါ ရန်တွေ့တဲ့အကြောင်း ပြောပြပါတော့တယ်။ ဒီလို သဘောထားပြောင်းသွားတာဟာ ဗလီဆရာကြီးတွေက ခဏခဏခေါ်ပြီး သွေးထိုးပေးလို့ဖြစ်ကြောင်း မခင်အေးမြင့်က ပြောပါတယ်။ မွတ်ဟာဆန်က ဗလီတက်တာ မှန်လာသလို လ္ဘက်ရည်ဆိုင်မှာလည်း ဂိုဏ်းချုပ်ဆရာကြီးတွေနှင့် ခဏခဏ တွေ့ဆုံကြရာမှ သဘောထားပြောင်းလဲလာတာလို့ မခင်အေးမြင့်က ပြောလာပါတယ်။ လင်နှင့်မယား သင့်မြတ်ကြပြန်တော့လည်း ဗလီဆရာမော်လဝီဆိုသူတွေက တစ်မှောက်ပါလားနော်။ လူကိုယူပါ ဘုရားကိုချမ်းသာပေးကြပါဗျာ။

No comments: