Saturday, January 17, 2015

မိုးကောင်းမြို့ပေါ်ရှိ ယာဉ်လိုင်းများ ကို ကေအိုင်အေ မှ ဆက်ကြေးများပေးရန်တောင်းဆိုထားကြောင်းသိရ သည်

 မိုးကောင်းမြို့ပေါ်ရှိ ယာဉ်လိုင်းများ ကို ကေအိုင်အေ မှ ဆက်ကြေးများပေးရန်တောင်းဆိုထားကြောင်းသိရ သည်

။ကေအိုင်အေ တပ်ဖွဲ့မှ မိုးကောင်းမြို့ပေါ်ရှိ အဝေးပြေးယာဉ်လိုင်းများအား ကားအကြီး ၊ အသေးလိုက် မူတည်၍ဆက်ကြေးများပေးရန် ဆောင်းခါတိုက်နယ်ရုံး မှ တိုက်နယ်မှူးအဆင့်ရှိ ဆလန်ကဘာလဆိုင်း မှ တဆင့် ခြိမ်းခြောက်တောင်းဆိုထားကြောင်းသိရသည်။. “ကျွန်တော်တို့ကားဂိတ်တာဝန်ခံတွေ အားလုံးကို ပထမဆုံး တိုက်နယ်မှူး ဆလန်ကဘာလဆိုင်း က တိုက်နယ်ရုံးကို လာခဲ့ဖို့ခေါ်တာ။ ကျွန်တော်တို့ သွားတော့ ကေအိုင်အေ က ဆက်ကြေး ပေးဖို့ တောင်းဆိုထား တဲ့အတွက် ဆင့်ခေါ်ရတာဖြစ်တယ်လို့ ဦး လဆိုင်းက ပြောတယ်” ဟု ကားဂိတ်တာဝန်ခံများထဲမှ အမည်မဖော်လိုသူတစ်ဦးက (OE) သတင်းထောက်တစ်ဦးဖြစ်သူ ကိုမင်းဇော်အားပြောပြပါသည်။ “ဦးလဆိုင်း ပြောတာကတော့ တစ်နှစ်စာအတွက် အဝေးပြေးယာဉ် အကြီးဆိုရင် ၂ သိန်း ၊ အသေးဆိုရင် ၁ သိန်း ပေးရမယ်လို့ပြောတယ်။မပေးရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။ ဆက်လက်လုပ်စားကြအုံးမလား ၊ မလုပ် စားတော့ဘူးလားဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ကြ။ အသက်အန္တရာယ်နဲ့ ဆိုင်ရာက စလို့သူကတော့ တာဝန်မယူ နိုင်ဘူးလို့ဆိုတယ်” ဟု ၎င်း က ပြောသည်။ ၎င်း ဆက်ကြေးပေးရန်အတွက် ခြိမ်းခြောက်ခံထားရသည့် ယာဉ်လိုင်းများမှာ မဂွေထူး ၊ ရွှေလွှန်းပျံ ၊ ဒုဌ၀တီ၊ မြတ်မန္တလာထွန်း ၊ ဗန်းမော်မန်း၊ ရာဇာအောင် ၊ ရွှေကချင်၊ နန်းတော်ဝင် ၊ ဂျိန်းဖော့ရွှေမြေ၊အောင်မြတ်သိန်း စသည့် ကားဂိတ်များဖြစ်ကြောင်းသိရသည်။ မင်းဇော်(မိုးကောင်း)

No comments: