Friday, January 30, 2015

ခေတ်သစ်ဇာနည် ========================== သမိုင်းတစ်ခေတ်ရဲ့ အာဇာနည် ဘာမထီ ဇာနည်ဘွားရယ်လို့ အမှောင်ချခံပညာရေး တကယ်ပင် ရင်လေးစေသမို့ နောက်တွန့်ကာ ဒို့မကြောက် ရဲရင့်စွာ တူစုံလျှောက်ပါလို့ နောင်လာနောက်သား ကောင်းစားဖို့အရေး မျှော်တွေးကာ တွန်းလှန်လို့ရယ် ခေတ်သစ်ဇာနည် ရွှေမြန်ပြည်သား… သမိုင်းကိုဖုံးကွယ် အနာဂတ်ကို မပွင့်လင်း ပစ္စုပ္ပန်ဘယ်လိုလျှောက်ရမယ် ပညာမြင့်မှ လူမျိုးတင့် လူမျိုးတင့်ဖို့အရေး ဤပညာရေးမြှင့်တင်နိုင်ကာမှ အနာဂတ်ရဲ့ ငွေကြယ်ပွင့်များ လင်းလတ်တောက်ပ စန်းထနိုင်မည် နိုးကြားကြလော့ ခေတ်သစ်ဇာနည် ရွှေမြန်ပြည်သား… ဧရာဝတီသား ဖျာပုံ

No comments: