Wednesday, January 7, 2015

“ကုလား သမဂ္ဂအလိုမရှိ” =================

“ကုလား သမဂ္ဂအလိုမရှိ” =================

ဂျီဟဒ်ဝါဒီတွေဟာ လူ့အခွင့်အရေးတို့ ဒီမိုကရေစီအရေးတို့၊ လူနည်းစုအခွင့်အရေးတို့ကို ခုတုံးလုပ်ပြီး UN တို့ EU တို့၊ USA တို့ကို ကောင်းကောင်းကြီး အသုံးချတတ်ကြပါတယ်။ ငွေကလည်းပေါ၊ ကြံစည်ချိန်လည်းပေါတော့ ခရဇ်ယာန်ဘာသာဝင် ကိုဆိုဗိုနိုင်ငံကိုတောင် မူဆလင်နိုင်ငံဖြစ် အောင် တိုက်ယူနိုင်ခဲ့ပါတယ်။ နေတိုးတို့ UN တို့၊ ကလင်တန်တို့ကတော့ ဂျီဟဒ်ဝါဒီတွေရဲ့ ခိုင်းနွားကြီးတွေပေါ့။ နဖားကြိုးအထိုးခံရလို့ ခံရမှန်းတောင် သိကြပုံမပေါ်ပါဘူး။ အဲဒီလို ပိရိအောင်လည်း လူ့အခွင့်အရေးတို့ လူနည်းစု အရေးတို့နှင့် လှည့်စားထားနိုင်ခဲ့ကြပါတယ်။ အခုလည်း ရိုဟင်ဂျာဆိုတာတွေလာပြန်ပါပြီ။ နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ UN က ဆုံးဖြတ်ချက် ချပြန်ပါပြီ။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မြန်မာပြည်သူတွေကပဲ ပိုင်ဆိုင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ကံကြမ္မာကို မြန်မာပြည်သူတွေကပဲ ဖန်တီးပိုင်ခွင့် ရှိပါတယ်။ ဒါဟာ ပြည်သူ့အမိန့်ပါပဲ။ ဝီရသူ(မစိုးရိမ်) 6.1.2015 PM 5:00 (7 Day သတင်းစာ(6.1.2015) ပူးတွဲတင်ပြလိုက်ပါတယ်။) ===================================================== “နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ချက် မည်သူမျှ တိုက်တွန်း၍မရဟု မြန်မာတုံ့ပြန်” အေးသူစံ၊ ရန်ကုန်။ မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် မည်သူကမျှ မြန်မာအစိုးရအား တိုက်တွန်း၍ မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေများဖြစ်ကြောင်း ကုလသမဂ္ဂသို့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်လိုက်သည်။ အီးယူနိုင်ငံများကတင်သွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးတွင် ဒီဇင်ဘာ ၂၉ ရက်က ချမှတ်ခဲ့ရာ လူနည်းစုများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ရိုဟင်ဂျာအမည်များကို သုံးစွဲခွင့်ပြုရန်နှင့် ၄င်းတို့ကို မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် အချက်တို့ ပါဝင်ခဲ့သည်။ “EUဆုံးဖြတ်ချက်မှာကတော့ နိုင်ငံသားဖြစ်ရေးအတွက်လိုအပ်တဲ့အခွင့်အရေးတွေ ညီတူညီမျှပေးအပ်ဖို့လို့ ဖော်ပြထားတယ်။ နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ မည်သူတစ်ဦးတစ်ယောက်ကမျှ မြန်မာနိုင်ငံအစိုးရကိုတိုက်တွန်းလို့မရပါဘူး။ နိုင်ငံသားဖြစ်ရေးဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ၊ အထူးသဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီသာ ဆောင်ရွက်ရမယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းပြော ကြားခဲ့ပါတယ်” ဟု အီးယူကတင်သွင်းသည့် ဆုံးဖြတ်ချက်ကို မူကြမ်းမှစ၍ နောက်ဆုံးကုလတွင် အတည်ပြုသည်အထိ ပါဝင်ဆွေးနွေးခဲ့သော နိုင်ငံခြားရေးရာဝန်ကြီးဌာန၊အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနှင့် တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ နိုင်ငံသားအဖြစ်စိစစ်ရန်ပထမအဆင့်အဖြစ် နိုင်ငံသားစိစစ်မှုရှေ့ပြေးစီမံချက်ကို ဆောင်ရွက်ခဲ့ပြီး ကိုက်ညီသူများကို နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံသားအဖြစ် စိစစ်ခွင့်ပြုခဲ့သည်ဟု ၄င်းက ဆိုသည်။ “စိစစ်မှုအောင်မြင်တဲ့သူတို့ရဲ့ သားသမီးတွေဟာ ဒီဥပဒေနဲ့အညီ အခွင့်အရေးတွေ ရရှိပြီးဖြစ်ပါတယ်။ ဒီလိုစိစစ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်းကိုလည်း ကျွန်တော်တို့ ဒီအစည်းအဝေးတစ်လျှောက်လုံး ကန့်ကွက်ခဲ့တာပါ။ ရိုဟင်ဂျာလို့ ဘယ်တုန်းကမှမရှိတဲ့ နာမည်ကို သုံးစွဲနေမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ပြဿနာတွေကို ဖြစ်ပေါ်စေတယ်လို့လည်း ပြောခဲ့ပါတယ်” ဟု ၄င်းကပြောကြားသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လိုလားပါက လက်တွေ့ကျသည့် ဖွံ့ဖြိုးတိုးတက်မှု အကူအညီများပေးအပ်ရန်လိုကြောင်း ထောက်ပြခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးကာလတွင် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူနည်းစုရိုဟင်ဂျာဟု သုံးနှုန်းခဲ့သဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဘန်ကီမွန်းထံ ကန့်ကွက် သည့်သတိထောက်လွှာကိုပေးခဲ့သည်။ ယခု EU က တင်သွင်းသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာဆုံးဖြတ်ချက်မှာ ယခင်ကဲ့သို့ မဲခွဲဆုံးဖြတ်ခြင်း မဟုတ်ဘဲ မြန်မာအစိုးရတာဝန်ရှိသူတို့နှင့် အပြန်အလှန်ညှိနှိုင်း၍ ကုလတတိယကော်မတီသို့ တင်သွင်းခြင်း ဖြစ်သည်။ ဆုံးဖြတ်ချက်အများစုတွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုထောက်ခံ ကြောင်း ပြောကြားချက်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ကြိုဆိုသော်လည်း ရိုဟင်ဂျာနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ သဘောထားနှင့် တည်ဆဲဥပဒေများကိုသာမူတည်၍ ဖြေရှင်းခဲ့ကြောင်း သတင်းရရှိသည်။ ===================================================== “ကုလက ရိုဟင်ဂျာဆိုသူများကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုရမည်ဟု ဆုံးဖြတ်ချက်အပေါ် ရခိုင်အမျိုးသား ပါတီ ပြင်းပြင်းထန်ထန်ကန့်ကွက်မည်” ===================================================== အောင်နိုင်၊ ရန်ကုန်။ ကုလသမဂ္ဂအထွေထွေညီလာခံက ရိုဟင်ဂျာဆိုသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည်ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းအပေါ် လိုအပ်သော နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွား မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက သဘောထားထုတ်ပြန်ကြေညာသည်။ ဒီဇင်ဘာ၂၉ရက်ကပြုလုပ်ခဲ့သော(၆၉)ကြိမ်မြောက်ကုလအထွေထွေညီလာခံတွင် ရိုဟင်၈ျာဆိုသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည်ဟု ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံရှိ ပြည်သူများက ရိုဟင်ဂျာလူမျိုးလုံးဝမရှိကြောင်း ဆန္ဒထုတ်ဖော်ငြင်းဆိုထားပြီး နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း ရိုဟင်ဂျာ လူမျိုးလုံးဝမရှိကြောင်း အတိအလင်းဖော်ထုတ်ပြောကြားထားသည်။ ယင်းအတွက်ကြောင့် ကုလအထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်သည် အချုပ်အခြာအာဏာကို စွက်ဖက်ထိပါးပြီး ရခိုင်ပြည်နယ် နယ်မြေတည်တံ့မှုကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်၍ အဆိုပါဆုံးဖြတ်ချက်ကို လုံးဝပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီကဆိုသည်။ ယင်းသို့ အင်အားသုံးဆုံးဖြတ်စွက်ဖက်မှုများကို လိုအပ်သော နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၄ ရက်ရက်စွဲဖြင့် ရခိုင်အမျိုးသားပါတီက သဘောထားထုတ် ပြန်ကြေညာသည်။ 

No comments: