Saturday, January 24, 2015

ဣဿာမစ်္ဆရိယဆိုတဲ့ မနာလိုဝန်တိုစိတ် မန်လည်ဆရာတော်ရေးတဲ့ လေးဆစ်ကဗျာအမျိုးအစားထဲက-

ဣဿာမစ်္ဆရိယဆိုတဲ့ မနာလိုဝန်တိုစိတ် မန်လည်ဆရာတော်ရေးတဲ့ လေးဆစ်ကဗျာအမျိုးအစားထဲက- ““အပြစ်မရှိ ပြစ်ရှာ လမင်းကိုခွေးဟောင်လို့ ရွှေလရောင်ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ မြရွှေဂူ ပတ်္တမြားကိုလ ၀က်များကငြူစူစွာ ညွှန်လူးကာတိုက်နဲ့ ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ် ရှေးကထက်ကဲ....တဲ့။ ဒီကဗျာမှာပါတဲ့ ခွေးရဲ့စိတ်နဲ့ဝက်တွေရဲ့စိတ်ကို ဖွင့်ပြလိုက်တာ ဣဿာမစ်္ဆရိယတဲ့။ မနာလိုဝန်တို စိတ်လို့... ဖော်ပြထားတာကိုတွေ့တော့ တော်တော်လေးတရားကျမိပါတယ်။ ဣဿာ မစ်္ဆရိယပေါ့။ ဣဿဆိုတာက သူတစ်ပါးရဲ့စည်းစိမ်ဥစ်္စာကိုငြူစူခြင်းလို့ အဓိပ်္ပာယ်ရတယ်။ မစ်္ဆရိယ ကတော့ မိမိစည်းစိမ်ဥစ်္စာကိုဝန်တိုတာတဲ့။ အဲ့ဒီမစ်္ဆရိယမှာပဲ ငါးမျိုးရှိပြန်သတဲ့။ အာဝါသမစ်္ဆရိယ သူများကိုကြည်ညိုသွားမှာစိုးတာ။ ဓမ်္မမစ်္ဆရိယ- ကိုယ်သိထားတာသူများသိသွားမှာ၊ ကိုယ့်ထက်ပိုသိသွား မှာစိုးတာလို့ အကြမ်းဖျင်းပြောရင်ရပါတယ်လို့လည်း ဖော်ပြထားပါတယ်။ သမ္မတကြီးပြောနေကျစကားတွေဖြစ်တဲ့ ““မတူတဲ့အုပ်စုကိုဖယ်ထုတ်ဖို့ ကြိုးစားတာမျိုးမလုပ်ဘဲ လက်တွဲဖြေရှင်းဖို့”” ဆိုတာမျိုးက ဥပမာအားဖြင့် သဘောထားမတူတဲ့သူတွေကိုဖယ်ရှားရှင်းလင်းတာမျိုး မလုပ်ဘဲ အတူတူညှိနှိုင်းဖြေရှင်းဖို့ပြောတာ၊ ရိုင်းရိုင်းပြောရရင် ရှေ့ကနေဦးဆောင်ပြီးတော့ ပြုပြင် ပြောင်းလဲမှုတွေလုပ်ရမယ်ဆိုပြီး ပြည်သူတွေကို ၀ါဒမှိုင်းတိုက်၊ ဂဏန်းလိုဘေးတိုက်သွားနေတဲ့ အချို့ သူတွေကိုပြောတာ။ လက်ရှိ စစ်တပ်မကောင်းဘူးလို့တော့မပြောပါနဲ့။ နာဂစ်မုန်တိုင်းနဲ့ကုလား အရေး တွေမှာ ဘယ်သူတွေဘာလုပ်ပြီးဘယ်သူတွေငြိမ်နေလဲသိကြမှာပါ။ ဒါဆို... အဲ့ဒီဖော်ပြချက်အရ မတူတဲ့အုပ်စုတွေကိုဖယ်ထုတ်ဖို့လုပ်နေတယ်ဆိုရင် မတူတဲ့အုပ်စုတွေက ဘယ်သူတွေလဲ သူတို့ကို ဖယ်ထုတ်ဖို့လုပ်နေသလားဆိုတာ အသိပဲဖြစ်မှာပါ။ ရန်ကုန်တိုင်းဒေသကြီးမှာ ၁၂ ပွင့်ဆိုင်ဆိုပြီးထလုပ်၊ စစ်ကိုင်းတိုင်းလွှတ်တော်မှာကျတော့ ထိပ်သီးတွေ့ဆုံပွဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေပါ ထည့်သွင်းဖို့လုပ်ပြန်တော့ အင်း..ရွှံ့တွေတော့လူးကုန်ပြီလို့ တွေးမိပြန်တယ်လို့.... ဖော်ပြပြန်ပါလေရော... ၃ ပွင့်ဆိုင်၊ ၄ ပွင့်ဆိုင်ဆိုတာကလည်းပြောရရင် ဒေါ်စု+တပ်မတော်၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်က အကြီးအကဲတွေ တွေ့တာပေါ့ တပ်မတော်နဲ့အစိုးရကအကြီးအကဲတွေဆိုတာက ရှင်းပါတယ်။ သူတို့ နေရာတွေမှာ သူတို့ကအကြီးအကဲတွေလေ ဒါပေမဲ့ ဒေါ်စုကျတော့ တစ်နိုင်ငံလုံးကိုယ်စား တက်ရောက် တယ်ဆိုတော့ ဆွေးနွေးမဲ့ကိစ်္စနဲ့ပတ်သက်ပြီးတော့ တစ်နိုင်ငံလုံးကဒေါ်စုကို တက်ရောက်ဖို့သဘောတူ သလား သဘောတူတယ်ဆိုရင်တောင်မှ ခွင့်ပြုတယ်၊ သဘောတူတယ် ဆိုတဲ့အရာလေးတော့ ယူသင့်တယ်ထင်ပါတယ်။ ဥပမာ- ကချင်အရေးနဲ့ပတ်သက်ပြီးဆွေးနွေးမယ်ဆိုရင် ကချင်အရေးနဲ့ သက်ဆိုင်သူနဲ့ဆွေးနွေးတာ ပိုကောင်းမယ်၊ ဒေါ်စုကဆွေးနွေးမယ်ဆိုလဲ ကချင်အရေးနဲ့ သက်ဆိုင်သူတွေ ဆီက ခွင့်ပြုချက်လေး ဒါမှမဟုတ် အကြောင်းကြားတာမျိုးလေးတော့ လုပ်သင့်တယ်ထင်တာပါပဲ... ငါတကောကောပြီး ငါနဲ့ပဲဆွေးနွေး ငါနဲ့ပြီးတယ်ဆိုတာကတော့ အခြားသူရဲ့လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးကိုချိုးဖောက်နေတယ် ထင်တာပါပဲ။ ခုလိုဒေါ်စုလုပ်နေတာတွေက ဥပမာပြောရရင်ကလေး ၂ယောက်စကားများတာကို သက်ဆိုင်ရာ မိဘတွေက ဖြေရှင်းရမယ့်အစား အခြားမိဘတွေက ၀င်ဖြေရှင်းပေးနေသလိုဖြစ်နေတယ်လို့ ထင်မြင်မိပါတယ်။ မိဘတွေကမှ မကျေနပ်ကြရင် အဆင့်ဆင့်တိုင်ကြားပြီး ဖြေရှင်းရမယ်လို့ထင်ပါတယ်။ တကယ်တော့ ဒေါ်စုကြောင့် တစ်ကမ္ဘာလုံးက မြန်မာဆိုတာကို ဂရုတစိုက်ရှိခဲ့ကြတာမဟုတ် ဘူး။ အမေရိကန်ဆိုတာလည်း သူတို့နိုင်ငံအကျိုးစီးပွားအတွက် မကျန်ရင်ဘာမှလုပ်မှာကိုမဟုတ်ဘူး။ အဖြေကရှင်းနေတယ် လက်ရှိအစိုးရသက်တမ်းပြီးဆုံးသွားရင် သူတို့ဖြစ်ချင်တာကိုပြောရင် လိုက်လုပ်ပေးမဲ့ ဒေါ်စုကိုတင်မယ် အဲ့ဒီကျစိတ်တိုင်းကျချယ်လှယ်လို့ရမယ်လေ ဒါပဲ ရှင်းနေပြီ ဒီထက်ရှင်းတာပြောရရင် ဒေါ်စုအခုတက်လာပြီးကတည်းက တိုင်းပြည်အတွက်မပြောပါနဲ့ ပြည်သူတွေ အတွက် ဘာလုပ်ပေးပြီးပြီလဲဆိုတာမေးချင်ပါသေးတယ်။ အချို့နေရာတွေမှာ ရွေးကောက်ပွဲမတိုင်မီ ကတော့ လမ်းခင်းပေးပါ့မယ်၊ ဘာလုပ်ပေးပါ့မယ်ဆိုပြီး မဲမရရအောင်စည်းရုံးခဲ့တာ အခုအချိန်ထိအောင် လုပ်ပေးပြီးပြီလားဆိုတာ ပြည်သူတွေရဲ့အသံပါပဲ။ ဒေါ်စု အခုအချိန်ထိ တိုင်းပြည်အတွက်၊ ပြည်သူ အတွက် ခုအချိန်ထိဘာလုပ်ပေးပြီးပြီလဲဆိုတာလေးပဲ မေးချင်ပါတယ်။ ၅၉(စ)ပြင်မယ်လို့ပြောတာကကိုပဲ စဉ်းစားကြည့်ဒေါ်စုသမ်္မတဖြစ်စေ ချင်လို့ပြင်မှာဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်သူအတွက်နေနေသာသာ မိမိအတွက် ပုဂ္ဂလိကရေးရာအရ ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်ရန်ကြိုးစားခြင်းဖြစ်တယ်ဆိုတာ သိသာ ထင်ရှားလွန်းနေပါတယ်ဆိုတာ ပြည်သူများထံ ပြောကြားလိုက်ရပါတယ်။ ၈၈ ဇာနည်ဖွားလေး

No comments: