မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 18, 2014
အာဏာရှင်တွေရဲ့ အောက်လမ်းပညာ မျိုးချစ်ဗျူဟာ
----------------------------------------------
ဘယ်သူသေသေ ငါ့အာဏာတည်တံ့ရေးသာအဓိက ဆိုတဲ့ အင်မတန်ပက်စက်တဲ့ အောက်လမ်းလက်နက်ပါပဲ ၊ အမျိုးသားရေးကိုဗန်းပြ ဘာသာ သာသနာကိုခုတုံးပြီး ဖန်တီးယူထားတဲ့ ပြဿနာဖြစ်လို့ ကိုင်တွယ်ဖြေရှင်းရ အလွန်ခက်သည့်အပြင် မိမိဘက်မှပင် အကျအဆုံးများစွာနဲ့ ရှူံးနိမ့်ရတတ်ပါတယ် ၊ သူတို့ရဲ့ဗျူဟာအခင်းအကျင်းနဲ့ ဇစ်မြစ် ကို သိထားသင့်ကြပါတယ် ။ နမူနာယူစရာ နီးနီးနားနားဥပမာအဖြစ်
မကြာသေးခင်က တရုပ်ပြည်မှာဖြစ်တဲ့ပြဿနာနဲ့ အမျိုးတူတွေပါပဲ ၊
အတိုက်အခံ ဒီမိုတွေကိုဖြိုခွင်းချင်တော့ တရုပ်အစိုးရက ဂျပန် နဲ့ အငြင်းပွားကျွန်းကိစ္စကိုရှေ့တန်းထုတ်ပလိုက်တယ်လေ ၊ နောက် အဲဒီပြဿနာကို ကြီးသထက် ကြီးအောင်အကျယ်ချဲ့တော့တာပါပဲ ၊
နိုင်ငံကူးလက်မှတ်မှာ မြေပုံ ထည့်တယ်တို့ ကျောင်းသင်ရိုးမှာပြဋ္ဌာန်းတယ် . . . . စသဖြင့် အစိုးရချင်း အပြန်အလှန် အခြေအတင်စကားတွေလဲများရော အဲဒီမှာ မျိုးချစ်တွေ ဝင်လာပါလေရောပေါ့ဗျာ ၊ ဒါလောက် တိုင်းပြည်နဲ့လူမျိုးအရေး အမျိုးသားရေးကျတာရှိအုံးမလားဗျာ ၊ တစ်တိုင်းပြည်လုံး ပွတ်လောရိုက်ပြီးပါလာကြပြီပေါ့ ၊
အဲ . . အဲဒီမှာ အမှန်အကန် ဒီမိုချင်းတောင် နှစ်ခြမ်းကွဲရတော့တဲ့အဖြစ်ပေါ့ဗျာ ၊
ဇာတ်လမ်းက တအားရှူပ်သွားပြီလေ ၊
ပြဿနာကိုဖန်တီးတဲ့သူ၊ သွေးထိုတဲ့သူ၊ မြှောက်ပေးတဲ့သူ၊ ရိုးရိုးသားသားမသိနားမလည်တဲ့သူ၊ အစိုးရရဲ့ကျောထောက်နောက်ခံအား၊ ပရိယာယ်ထောင်ချောက်ကိုသိတဲ့သူ၊ ရှင်းပြမရ ပိုဆိုးတဲ့သူ၊ ဒေါသထွက်တဲ့သူ၊ ပြင်းထန်ပေါက်ကွဲတဲ့သူ . . . .
အားလုံးလည်းပြီးရော -
မိမိတို့ဘက်က အင်အားတွေလည်းဖဲ့ပေးလိုက်ရ၊ အမျိုးသားရေးသစ္စာဖေါက်ပါဆိုပြီး စွတ်စွဲသိက္ခာချ အထင်လွဲခံရရင်း အရှူံးပေါ်အရှူံးဆင့်ကာ အရှူံးရဲ့အဆုံးမှာတော့ တရုပ်အာဏာရှင်ကပဲ အောင်ပွဲခံသွားရတော့တာပေါ့ ။
ဒါက ကျွန်တော်တို့ကိုယ့်ဟာကိုယ်ဆင်ခြင်ပြီး နမူနာယူနိုင်စရာပါ၊ တရုပ်နဲ့ မြန်မာ ဆိုတာ အာဏာရှင် ဆွေမျိုးပေါက်ဖေါ်ချင်းတွေဟလား၊ လုပ်ချက်တွေကလည်း အပြန်အလှန်တပုံစံထဲတွေပါ ၊
အခု ဒီကနေ့ ပြဿနာမှာ ကျွန်တော်တို့ဘက်ကတစ်ခုလေးပဲ ပိုသာဆိုးနိုင်စရာက သူ့ထက်သာတာ သင်္ကန်းပိုပါလာတာတခုပါ ။
ဒါပေမဲ့ အဲဒီတခုကလည်း တခုဆို ဆိုသလောက် ပိုပြီး နစ်နာနိုင်စရာအဖြစ်ဆိုးတွေနဲ့ကြုံရနိုင်စရာမဟုတ်လား ။
သတိထားဆင်ခြင်နိုင်ကြစရာပါ ။
အဓိက အရေးတကြီးအဖြစ်ကျွန်တော်သတိထားမိတာလေးကတော့
ဒီလိုကိစ္စမျိုးဟာ သာမာန်လူတယောက်ကြားဝင်ဖို့ မပြောနဲ့ အင်မတန်သြဇာကြီးလှတဲ့လူတယောက်တောင် လွင့်ထွက်သွားနိုင်တယ်ဆိုတဲ့အချက်ပါပဲ ၊
သံဃာ့အရေး နဲ့ စပ်ယှက်ထားတာဖြစ်လို့ သံဃာချင်းဖြေရှင်းတာကသာ အကောင်းဆုံးလို့ ထင်တာပါပဲ။
သံဃာချင်းဆိုတဲ့နေရာမှာတောင် နှစ်ဘက်နှစ်ခြမ်းမှ သြဇာအရှိဆုံးနဲ့ နဲနိုင်သမျှ အနဲဆုံး သံဃာအပါးဖြစ်လေကောင်းလေပါပဲ ။
ဝဋ်ကြွေးရှိခဲ့ပါလျှင်လည်း ဤမျှနဲ့သာကျေ၍
ကျွန်တော်တို့တိုင်းပြည်ဒီမိုကရေစီ ရေး အနှောက်အယှက်များ ကင်းဝေးရပါစေတော့ဘုရား ။
မိုက်တီး(ရုပ်ရှင်ဒါရိုက်တာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment