မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 18, 2014
( ဒုဝန်ကြီး ဦးရဲထွဋ်ဖတ်ရန် )
်
ကုလ အတွင်းရေးမှူးချုပ်ရဲ့ လုံခြုံရေးဟာ ၂ယောက်ထက် မပိုလောက်ပါဘူး။ သူတို့ဟာ ကုလရုံးချုပ်မှာလုပ်တဲ့ လုံခြုံရေးဝန်ထမ်း တွေဖြစ်ပါတယ်။ ကုလ/ချုပ် အပါအဝင် ကုလ ကိုယ်စားလှယ် တွေရဲ့ လုံခြုံရေးဟာ သာမာန်နိုင်ငံရဲ့ ခေါင်းဆောင် လောက်တောင် လုံခြုံရေး မရှိပါဘူး။ လုံခြုံရေးယူသူတွေဟာလည်း US/UK ရဲတွေလို အထူး လေ့ကျင့်ထား သူတွေ မဟုတ်ပါဘူး။ အတွေ့အကြုံတော့ ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အခန်းကဏ္ဍက ဘာလဲ?
ကွင်တားနားလုံခြုံရေးယူတဲ့ ပုဂ္ဂိုလ်နဲ့ စကားပြောဖြစ်ရာက သိတာလေး မျှဝေပါမယ်။
ဘာလို့ ကုလ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးအား နည်းရသလဲဆိုတော့ သူတို့ဟာ ကုလခေါင်း ဆောင်တွေဖြစ်နေလို့ပါဘဲ။ ကုလသမဂ္ဂဆိုတာ နိုင်ငံပေါင်းစုံနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ကုလ ခေါင်းဆောင်တွေကို နိုင်ငံတကာက လုံခြုံရေး ပေးရပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင်ဟာ ယင်းနိုင်ငံကိုဘဲ ကိုယ်စား ပြုတာကြောင့် သူ့ရဲ့ လုံခြုံရေးဟာ သူ့နိုင်ငံရဲ့ လုံခြုံရေးကိုဘဲ အားထားရလို့ လုံခြုံရေးအများအပြား ခေါ်လာရတာဖြစ်ပါတယ်။ ကုလ ခေါင်းဆောင်တွေ ကတော့ ဒီလိုမဟုတ်ပါဘူး။ နိုင်ငံတိုင်းဟာ အဖွဲ့ဝင် ဖြစ်လို့ အဖွဲ့ဝင် နိုင်ငံတွေက တာဝန်ယူ ရတာဖြစ်ပါတယ်။ ဒါဆို ဘာလို့ ကုလ ကိုယ်စားလှယ်တွေ ခရီးမှာ လုံခြုံရေး ပါလာရတာလဲ မေးစရာရှိပါတယ်။ ပါလာတဲ့ လုံခြုံရေးက အကြံပေးရုံပါဘဲ။ ဥပမာ ကွင်တားနားရဲ့ လုံခြုံရေး ပုဂ္ဂိုလ်ဟာ သူသွားမယ့် ခရီးတွေမှာ လုံခြုံရေး အကြံပေးရတာပါ။ အမြဲတမ်း Bodyguard လို အသင့်နေဖို့မဟုတ်ပါဘူး။ သူက ပြည်တွင်း လုံခြုံရေးယူသူတွေနဲ့ location ကို စောင့်ကြည့်ပြီး ဆက်သွားသင့်၊မသင့်။ အချိန်ကြာ နေသင့်၊မသင့် အကြံပေးရတာပါ။ ရုတ်တရတ်ဖြစ်လာတဲ့ လုံခြုံရေးကိုတော့ အထူးကာကွယ်ရတာပေါ့။ ဥပမာ လိုင်ဇာကနေ မြစ်ကြီးနားကို ပြန်လာတော့ ညမိုးချုပ်နေပြီး အချိန်တိုင်း တဘက်ဘက်က ပစ်ခတ်နိုင်ပါတယ်။ KIO ဘက်ကို KIA စစ်တပ်က တာဝန်ယူပြီးလိုက်ပို့ပါတယ်။ မြန်မာစစ်တပ် နယ်မြေ ရောက်တော့ ညဘက် တောလမ်းထဲမှာ စစ်တပ်က လမ်းတွေပိတ်ထားပါတယ်။ ဂိတ်တိုင်းမှာ ဆင်းပြီး ကုလ ကိုယ်စားလှယ်ဆိုတာ ရှင်းပြရပါတယ်။ ဒီလိုအခြေအနေမှာ လုံခြုံရေးပုဂ္ဂိုလ်က ကွင်တားနား ဘေးမှာ အမြဲထိုင်နေပြီး အခြေအနေကို စောင့်ကြည့် ပါတယ်။ လမ်းပိတ်ထားတဲ့ ဂိတ်တွေကို ဓါတ်ပုံရိုက် မယ့်သူတွေကိုတောင် သူက တားပါတယ်။ ဘယ်နိုင်ငံ ဘယ်နေရာမဆို လုံခြုံရေးလိုင်းကို ထိပါးရင် အန္တရာယ်ရှိနိုင်ကြောင်း အခုလိုတောထဲ စစ်ဇုံမှာ ပိုဆိုးတယ်ဆိုပြီး ကျနော့ကို သတိပေး ပါတယ်။ ဒီလို အခြေအနေမှာတော့ သူက အခြားသူတွေကိုပါ အကြံပေးပြီး ကွင်တားနား အတွက် bodyguard ဖြစ်သွားပါတယ်။
ကျန်တဲ့အချိန်တွေမှာတော့ နိုင်ငံခေါင်းဆောင်တဦးရဲ့ လုံခြုံရေးလို မျက်မှန်အနက်ကြီးဝတ်ပြီး တိုက်ခိုက်ရန် အသင့်ရှိမနေပါဘူး။
ကုလ ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးဟာ သူတို့သွားတဲ့ နိုင်ငံအစိုးရက အပြည့်အဝ တာဝန်ယူရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အခေါက်က ကွင်တားနားကားကို မိတ္ထိလာမှာ လူတစုက ထုရိုက်ကြတာဟာ အလွန် အန္တရာယ်များတဲ့ လုပ်ရပ်ပါဘဲ။ နောက်ဆက်တွဲကို နားမလည်ဘဲ မစဉ်းမစားလုပ်တာကို အစိုးရဝန်ကြီးတဦးကတောင် အဲဒီလူတစုဘက်က ခုခံပြောဆိုတယ်ဆိုတာ အမှန်တော့ တွေးပူတက်တဲ့ စိတ်မရှိလို့ပါ။ အနီးစပ်ဆုံး ဥပမာ ပြရရင်--- ပြီးခဲ့တဲ့ ရက်ပိုင်းက ဆီရီးယားပြည်တွင်းစစ်မှာ ပိတ်မိနေတဲ့ အတိုက်အခံ ဘက်က ပြည်သူတွေကို ကုလ က ကားတွေနဲ့ ကယ်ထုတ်ခဲ့ပါတယ်။ အာဆတ်အစိုးရက အောင့်အီးသည်းခံနေခဲ့ရပါတယ်။ ကယ်ထုတ်ခံရတဲ့ လူတွေက အာဆတ်အစိုးရကို တိုက်နေတဲ့ဘက်က ဖြစ်ပါတယ်။ ဒါပေမယ့် ကုလက ကယ်ထုတ်တာ ဖြစ်တော့ အာဆတ် ဘာမှ မတက်နိုင်ဘဲ သူ့စစ်တပ်ကို မပစ်ဖို့ အမိန့်ပေးခဲ့ရပါတယ်။ ကိုယ့်ပြည်သူကို စစ်တပ်နဲ့ သုတ်သင်တဲ့ အာဆတ်လို လူမျိုးတောင် ကုလကိုယ်စားလှယ် မပါဘဲ UN တံဆိပ်တပ်ထားတဲ့ ကားတွေကိုတောင် မထိရဲပါဘူး။
ကိုယ်စားလှယ် တယောက်စီးလာတဲ့ကားကို ထုရိုက်တယ်ဆိုတာ မဆင်ခြင်ရာရောက်ပါတယ်။
ဒီတော့ ကုလ ကိုယ်စားလှယ်အပါအဝင် သာမာန် ကုလ ဝန်ထမ်းတဦးဟာ ဘယ်လောက် အရေးကြီး တယ်ဆိုတာ သိထားဖို့လိုပါတယ်။ အဖွဲ့ဝင်နိုင်ငံတိုင်းက သူတို့ရဲ့ လုံခြုံရေးကို တာဝန်ယူဖို့ လိုတာကြောင့် ကုလကိုယ်စားလှယ်တွေမှာ အထူး လုံခြုံရေးမပါရတာဖြစ်ပါကြောင်း။
Watchdog Zor
Subscribe to:
Post Comments (Atom)
No comments:
Post a Comment