Tuesday, October 25, 2016

ရခိုင်ပြည်သူတွေနဲ့ တပ်မတော်သားတွေကို လှူဒါန်းထောက်ပံ့ဖို့ စီစဉ်နေတဲ့ မင်းသွေး


ရခိုင်ပြည်နယ်အတွင်း ဒုက္ခကြုံတွေ့နေသည့် ပြည်သူများနှင့် ရှေ့တန်းရှိ စစ်သည်များအ တွက် မိတ်ဆွေသူငယ်ချင်းများနှင့် အမာခံပရိသတ်များ စုပေါင်း၍ အလှူငွေလှူဒါန်းရန် အစီအစဉ်ရှိ ကြောင်း သရုပ်ဆောင် မင်းသွေး က ပြောသည်။

‘‘ကျွန်တော့် Fan တွေရယ်၊ မိတ်ဆွေတွေရယ်ကို အလှူငွေ လေးကောက်ပြီး ဒီကနေ စစ်တွေ ကိုသွားမယ့် မီးသတ်က ကျွန် တော့်မိတ်ဆွေကနေတစ်ဆင့် လှူ မှာပါ။ သူတို့က ဟိုရောက်ရင် ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေနဲ့ ရှေ့တန်းက ရဲဘော်တွေ ဘာလို အပ်လဲသွားကြည့်ပြီး လိုအပ်တာ တွေကို ထောက်ပံ့ပေးသွားမှာပါ’’ ဟု ၎င်းက ပြောသည်။

အဆိုပါ လှူဒါန်းမှုအစီအစဉ် တွင် ပါဝင်လှူဒါန်းလိုသူများ သည် ကိုဖြိုးကိုကိုဇော် ၀၉-၂၆၅၅၄၆၅၆၄ သို့ ဆက်သွယ် လှူဒါန်းနိုင်သည်ဟု ၎င်းက ဆို သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအဖြစ် ဒါရိုက်တာ သားညီရိုက်ကူးမည့် ရုပ်ရှင်ဇာတ် ကားကို နိုဝင်ဘာ ၁ ရက်တွင် ငရုတ်ကောင်းကျွန်းဘက်သို့ သွား ရောက်ရိုက်ကူးရန် အစီအစဉ်ရှိ ကြောင်း မင်းသွေးက ပြောသည်။

‘‘ဇာတ်လမ်းရဲ့ ရည်ရွယ် ချက်က လောကကြီးမှာ လူတွေ က ငွေကြေးနောက်ကိုပဲလိုက်ပြီး ငွေကြေးကိုပဲ ဒုတိယဘုရားသခင် လို့ ထင်ကြတယ်။ ဒါပေမဲ့ ဘယ် အရာမဆို အချိန်အတိုင်းအတာ တစ်ခုရောက်တဲ့အချိန်မှာ မေတ္တာ တရားကသာ တန်ဖိုးအကြီးမား ဆုံးဆိုတဲ့ ကိစ္စလေးကို ပြချင်တဲ့ ဇာတ်လမ်းလေးပါ’’ဟု အဆိုပါ ရုပ်ရှင်ဇာတ်ကားအကြောင်းကို မင်းသွေးက ပြောသည်။

ယင်းရုပ်ရှင်ဇာတ်ကားတွင် မင်းသွေးနှင့်အတူ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ စည်ဖြိုး၊ ပိုင် ဖြိုးသု၊ ရွှေသမီး၊ သံသာမိုးသိမ့်နှင့် ဇာတ်ပို့၊ ဇာတ်ရံများ ပါဝင်မည် ဖြစ်သည်။

‘‘ဇာတ်ကားနာမည်ကတော့ ဆင်ဆာက လူကြီးတွေက ဇာတ် ကားနှင့် မသက်ဆိုင်ပါ၍ ခေါင်း စဉ်ပြောင်းပေးပါရန်လို့ ပြောထား တာရှိလို့ အဲဒါကို ပြန်ပြီးညှိနှိုင်း သွားဖို့ရှိမယ်’’ဟု မင်းသွေးက ပြောသည်။

ထို့အပြင် ပရိသတ်များအ တွက် အမှတ်တရ ဦးထုပ်အရေ အတွက် အနည်းငယ်ကိုလည်း သင့်တင့်သည့် ဈေးနှုန်းဖြင့် ထုတ် ပေးရန် အစီအစဉ်ရှိကြောင်း ၎င်း က ဆိုသည်။

‘‘တချို့ပရိသတ်တွေက မရ ဘူးဆိုပြီး နားပူနားဆာလုပ်တာ တွေရှိတဲ့အခါကျတော့ ရန်ကုန် မှာ လုပ်တဲ့ဆိုင်ရှိတယ်။ ဈေး လည်းအတော်အသင့်ပဲ။ အဲဒါကို လုပ်ပြီး သွားရင်တော့ ဦးထုပ်အ နေနဲ့ ထုတ်မယ်။ ဒါပေမဲ့ အစက  တည်းက ပြောထားသလို စီးပွား ရေးအရ လုပ်တာမဟုတ်တဲ့အ တွက် လွန်ရောကျွံရော ငါးဆယ် လောက်ထုတ်မယ်’’ဟု မင်းသွေး က ပြောသည်။

No comments: