Tuesday, October 25, 2016

မောင်တောအကြမ်းဖက်တိုက်ခိုက်မှု၌ ငွေကြေးထောက်ပံ့သူတဦး ဖမ်းမိ

ြည်နယ်၊ မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်နေသူများ အား ငွေကြေးထောက် ပံ့နေသူ မောင်မောင်စိန် (၅၇)နှစ်ကို မောင်တောမြို့ပေါ်တွင် အောက်တိုဘာ ၂၃ ရက်နေ့က ဖမ်းဆီးရမိ ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်သည်။

အောက်တိုဘာ ၁၂ ရက်က ဖမ်းမိထားသည့် အကြမ်းဖက်တိုက်ခိုက်သူတဦး၏ ထွက်ဆိုချက်အရ မောင်မောင်စိန် (ဘ) အော်ဇီအူလာ အား ၎င်းနေထိုင်ရာ မောင်တောမြို့၊ မြို့မတောင် ၂ ရပ်ကွက် အတွင်းရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်မောင်စိန် ဆိုသူမှာ မောင်တောမြို့တွင် ကျွဲ၊ နွား အသားရောင်းချခွင့် လိုင်စင်(c) ရယူထား ကာ လုပ်ကိုင်နေသူဖြစ်ပြီး ငါးခူရကျေးရွာမှ ဖမ်းဆီးရမိထားသည့် အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင် သူတဦးမှာလည်း ၎င်း၏ သားမက်တော်စပ်သူဖြစ်ကြောင်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ပြောသည်။

မောင်မောင်စိန် ဆိုသူမှ အကြမ်းဖက်တိုက်ခိုက်သူများအား ငွေကြေးမည်မျှ ထောက်ပံ့ခဲ့သည်၊ မည်သို့အဆက်အသွယ်များဖြင့် ထောက်ပံ့ခဲ့သည်ကိုမူ မောင်တော မြို့နယ် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ရှင်းလင်းစွာထုတ်ပြန်မှုမရှိသေးပေ။

အောက်တိုဘာ ၈ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်အတွင်း ရဲတပ်ဝင် ၉ ဦးကျဆုံးကာ လက်နက်မျိုးစုံ ၄၈ လက်ဆုံးရှုံးခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်သူ ၈ ဦးကို အသေဖမ်းမိကာ ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်။

ယင်းသို့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မောင်တောဒေသအတွင်း လူ ၅ ဦးထက်ပိုမစုဝေရ ပုဒ်မ-၁၄၄ ထုတ်ပြန်ကာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီး တပ်မတော်မှနယ်မြေရှင်းလင်းရာ အကြမ်းဖက်တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီး စစ်သည် ၅ ဦးကျဆုံးခဲ့ရကာ အကြမ်းဖက်တိုက်ခိုက်သူအချို့ကိုလည်း အသေဖမ်းဆီးရမိခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO) နှင့်ဆက်သွယ် သော မောင်တောဒေသတွင်လှုပ်ရှားသည့် Aqa Mul Mujahidin(အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့၏ လုပ်ဆောင်ချက်ဖြစ်ပြီး အရှေ့အလယ်ပိုင်နိုင်ငံအချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးထောက်ပံ့မှု အလုံအရင်းဖြင့် ရယူလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Topics: မောင်တော

No comments: