Wednesday, October 26, 2016

နည်းပြသက်တမ်းတစ်လျှောက် အကြီးမားဆုံး နောင်တကို ထုတ်ပြောလိုက်သည့် ဆာအဲလက်စ်



26-Oct-2016  tagged as 

မန်ယူအသင်း နည်းပြဘဝ တစ်လျှောက် အကြီးမားဆုံး နောင်တကို အသင်းနည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ထုတ်ပြောလိုက်ပါပြီ။

နည်းပြသက်တမ်း တစ်လျှောက် ရခဲ့တဲ့ အကြီးမားဆုံး နောင်တဟာ ချန်ပီယံလိဂ်နဲ့ ပတ်သက်နေပါတယ်။

ဖာဂူဆန်ဟာ မန်ယူအသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလားကို ၁၉၉၉ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၂ ခုနှစ်မှာ တစ်ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၂ ခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်လုပွဲ ရောက်အောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ အပေါ်မှာတော့ နောင်တ အကြီးအကျယ် ရမိတယ်လို့ ဖာဂူဆန်က စကော့တလန်မှာ ရောက်နေတုန်း ပြောပြခဲ့ပါတယ်။

နောင်တရခဲ့ရတဲ့ အကြောင်းကတော့ ၂၀၀၂ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ဖာဂူဆန်ရဲ့ မွေးရပ်မြေ စကော့တလန်က ဂလက်စဂိုမြို့မှာ လုပ်ဖို့ စီစဉ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်ယူအသင်းက ဒေါ့မွန်ကို အဝေးဂိုးနဲ့ ရှုံးနိမ့်ကာ ဆီမီးဖိုင်နယ်က လှည့်ပြန်ခဲ့ရတာပါ။

“ကျွန်တော် မမေ့နိုင်တဲ့ နောင်တ တစ်ခုကတော့ ၂၀၀၂ ခုနှစ်မှာ မန်ယူကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ မပို့ပေးနိုင်ခဲ့တာပဲ။ လေဗာကူဆင်ကို ကျွန်တော်တို့ ရှုံးခဲ့တယ်။ ကံလည်း ကိုယ့်ဖက်မှာ သိပ်မရှိခဲ့ပါဘူး”လို့ ဖာဂူဆန်က သူ့မွေးရပ်မြေကိုရောက်တုန်း ပြောပါတယ်။

Ref : Metro

No comments: