Sunday, June 5, 2016

အအေးတစ်ဘူးနဲ့ စာရိတ္တစံ


အခုတစ်လော မြို့ကြီးတချို့မှာ ရောင်းသူမဲ့ အအေးဆိုင်တွေဖွင့် တဲ့အကြောင်း ခပ်စိပ်စိပ်ဖတ်ရပါ တယ်။  ရောင်းသူမရှိဘဲ သောက် ချင်ရာ ယူသောက်ပြီးရင် ပိုက်ဆံ ထားခဲ့ဆိုတာမို့ တချို့က ဒါပဲလား၊နည်းတောင်နည်းသေးတယ်လို့ ပြောသွားဦးမယ်။ လွယ်ရင်သူကြွယ်တောင် ခိုးတယ်။ ဘာညာ ပြောကြပေမယ့် တကယ့် တကယ့် မှာ ထင်သလောက်မဆိုးပါဘူး။ တစ်ဘူးတလေတော့လည်း ပျောက်တာပေါ့။ ဒီအကြောင်းကိုပဲ တချို့ကတော့ စာရိတ္တစမ်းသပ်ရာ သမာဓိချိန်ခွင်အဖြစ် အမွှမ်းတင်ကြပါ တယ်။
ဒီလိုရောင်းသူမဲ့ အအေးဆိုင် လေးတွေ နေရာအနှံ့မှာ လုပ်ပေး တာကောင်းပါတယ်။ များများလုပ် နိုင်လေ ပိုကောင်းလေပေါ့။ အထူး သဖြင့် မိဘတွေက ကလေးတွေ လက်ကိုဆွဲလို့ဖြစ်စေ၊ ကလေးတွေ ကို သွားဝယ်ခိုင်းလို့ဖြစ်စေ အ အေးဘူးကိုယူပြီးရင် တန်ရာတန် ကြေး ဒီလိုထားခဲ့ရတယ်လို့ သင် ပြပေးရင် အကောင်းဆုံးပါပဲ။ ဒါ ပေမဲ့ ကိုယ်ကျင့်တရား စာရိတ္တကို တိုင်းတဲ့ စံနှုန်းလို့ပြောရင်တော့ အ လွန်ချဲ့ကားရာ ရောက်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်မိတ်ဆွေ ဘုကျကျ လူတစ်ယောက်ကို ဒီကိစ္စဘယ်လိုမြင်သလဲလို့ ဖုန်းနဲ့ လှမ်းကလိလိုက်တော့ သူ့ထုံးစံအ တိုင်း ခွကျကျပြန်ပြောပုံက ကျွန်တော့်ရင်ကို ထိသွားပါတယ်။ ‘‘ဘယ်ထဘီသူခိုးကြောင့်မှ တိုင်းပြည်မမွဲဘူး’’တဲ့။
သူပြောမှ တစ်လောကအွန် လိုင်းမှာ ဖတ်လိုက်ရတာလေး သတိရပါတယ်။ ကမ္ဘာပေါ်မှာ အ ရိုးသားဆုံးနိုင်ငံ စာရင်းဆိုပြီးတွေ့ လိုက်လို့ ဖတ်ကြည့်တော့ (၁) လစ်သူရေးနီးယား(၂)ဗြိတိန် (၃)ဆွီဒင် (၄)ဂျပန်နဲ့ (၅)အီတလီတဲ့။ ရိုးသားမှုအနည်းဆုံးနိုင်ငံတွေကျတော့ (၁)တန်ဇန်းနီးယား (၂)မော် ရိုကို(၃)တရုတ် (၄)တူရကီ (၅)ပိုလန်တဲ့။ ဒါကတော့ သူတို့ကနိုင်ငံခြစားမှုတွေနဲ့ ယှဉ်ပြီးထွက်လာတဲ့ စာရင်းပါ။ ခြစာမှုများတဲ့ နိုင်ငံ က နိုင်ငံသားများဟာ ရိုးသားမှု နည်းကြပါသတဲ့။ နောက်ထပ်စိတ် ၀င်စားစရာတစ်ခုလည်း ဖတ် လိုက်ရပါတယ်။ ရီဒါဒိုင်ဂျက်စ် မဂ္ဂဇင်းက သတင်းထောက်တွေ လုပ်တဲ့ သုတေသနပါ။ အဲဒီ သတင်းထောက်က ကမ္ဘာတစ်ဝန်း က မြို့ကြီးတွေမှာ ပိုက်ဆံအိတ် ၁၉၂ အိတ်ကိုသုံးပြီး စမ်းသပ်ခဲ့ပါ တယ်။ အဲဒီပိုက်ဆံအိတ်ထဲမှာ နာ မည်၊ ဆဲလ်ဖုန်းနံပါတ်၊ မိသားစု ဓာတ်ပုံ၊ ကူပွန်၊ လုပ်ငန်းလိပ်စာ ကတ်နဲ့ ဒေါ်လာ ၅၀ ထည့်ထားပါ သတဲ့။
မြို့တစ်မြို့ဆီမှာ ပိုက်ဆံ အိတ် ၁၂ အိတ်ကို ပန်းခြံအနီး၊ ဈေးဝယ်စင်တာစတဲ့ လူစည်ကား ရာ နေရာတွေမှာ ချထားလိုက်ပါ တယ်။ ရတဲ့အဖြေတွေကတော့ ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့ က ပိုက်ဆံအိတ် ၁၂ အိတ်မှာ ၁၁ အိတ်ပြရသတဲ့။ အိန္ဒိယနိုင်ငံ မွမ် ဘိုင်းကတော့ ၉ အိတ်ပဲ ပြန်ရ တယ်။ ဟန်ဂေရီ ဘူဒါပက်က ၈ အိတ်။ အမေရိကန် နယူးယောက် ၈ အိတ်။ ရုရှား မော်စကို ၇ အိတ်။ နယ်သာလန် အမ်စတာဒန် ၇ အိတ်၊ ဂျာမနီ ဘာလင် က ၆ အိတ်၊အင်္ဂလန် လန်ဒန်က ၅ အိတ်၊ ပိုလန်ဝါဆောက ၅ အိတ်၊ စပိန်မက်ဒရစ်က ၂ အိတ်နဲ့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းက တော့  ၁ အိတ်ပဲပြန်ရပါသတဲ့။ ဒီမှာ ထူးခြားတာ က ပထမစစ်တမ်းမှာဖော်ပြခဲ့တဲ့ ကမ္ဘာပေါ်မှာ အရိုးသားဆုံး နိုင်ငံဖြစ်တဲ့ အင်္ဂလန်နိုင်ငံက ဒုတိယစစ်တမ်းမှာတော့ လန်ဒန်မြို့တော်က ပိုက်ဆံအိတ် ၅ အိတ်ပဲ ပြန်ရတယ်ဆိုတဲ့ တွေ့ရှိချက်ပါ။ သုတေသနလုပ်တဲ့အထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတော့ မပါပါဘူး။ပါခဲ့ရင် ဘယ်လိုအခြေအနေမျိုးဖြစ်မယ်လို့ ထင်ပါသလဲ။ ဒါကလည်း ပြောမရတဲ့အဖြေပါ။ ဒါက နိုင်ငံရဲ့ မြို့ကြီးတွေအလိုက် စမ်းသပ်တာလို့ ဆိုရပေမယ့် လူတစ်ဦးချင်းနဲ့ ပိုသက်ဆိုင်တဲ့ အခြေအနေပါ။
ဒီလိုရိုးသားမှု စာရိတ္တတွေအ ကြောင်းရေးနေတော့ ကျွန်တော့် ကို ကျွန်တော်ပြန်ဆန်းစစ်ကြည့်မိ ပါတယ်။ ကျွန်တော်ကော ပိုက်ဆံ အိတ်ကောက်ရရင် ပြန်ပေးမှာ လားဆိုတာကိုပါ။ သည်မှာတင် ကျွန်တော်ပျက်ယွင်းခဲ့ဖူးတဲ့ စာရိ တ္တတွေတစ်ခုပြီး တစ်ခုပေါ်လာပါ တယ်။ ကျွန်တော့်ဘ၀မှာ မှတ် မှတ်ရရ လိမ်လည်ခဲ့ဖူးတဲ့ ဖြစ်ရပ် ပါ။ ကျွန်တော့်အသက် (၂၅) နှစ် လောက်မှာ ကျောင်းပြီးခါစ အ လုပ်မရှိလို့ ဒုက္ခရောက်နေတဲ့အ ချိန်။ ကြုံရာကျပန်းလုပ်ပြီး အသက် မွေးနေရတဲ့အချိန်ပေါ့။ ကျွန်တော် ကို ချစ်လှပါချည်ရဲ့ဆိုတဲ့ ကြီး တော်တစ်ယောက်က သူ့အိမ်အ သစ်ဆောက်ပြီးစ လျှပ်စစ်မီးဆင် ခိုင်းပါတယ်။ အဲဒီခေတ်က အခေါ် အရဆို မီးရိုက်တယ်ပေါ့။ သွပ်က လစ်ချောင်းလေးတွေနဲ့ သပ်သပ် ရပ်ရပ်ရိုက်ရတယ်။ ခုလို ပလတ် စတစ်ချောင်းတွေ မပေါ်သေးတဲ့ ခေတ်ကိုး။ မီးတစ်ပွင့်မှ ၃၅ ကျပ် လောက်ရတာ။ တစ်အိမ်လုံးမီး ရိုက်တာ စုစုပေါင်း လက်ခ ၂,၀၀၀ ကျော်ကျတယ်။ သူများ ကိုခေါ်ရိုက်ရင် ၂,၀၀၀၊ ၂,၅၀၀ လောက်ကျမယ့် လက်ခကို ဒုက္ခ  ရောက်နေတဲ့ တူကိုထုတ်ပေးတာ ၁,၀၀၀ ထဲပါ။ ကျွန်တော့်စိတ်ထဲ တော်တော်မကောင်းဖြစ်သွားပါ တယ်။ ပြောလည်း မပြောရဲပါဘူး။ ဒီတစ်ထောင်ရတာတောင် ကိုယ့်အတွက် တော်တော်အဆင်ပြေ နေပြီကိုး။ နောက်တော့ အဒေါ်က ကျွန်တော့်ကို မီးအားမြှင့်စက်ဝယ် ခိုင်းပါတယ်။ ရန်ကုန်မြို့ထဲမှာ မီး အားမြှင့်စက်သွားဝယ်တော့ ဈေး နှုန်းကို ၁,၀၀၀ ပိုတင်လိုက်ပါ တယ်။ ကျွန်တော်ရသင့်တဲ့ ပိုက် ဆံကိုပြန်ယူလိုက်တာပါ။ အသက် အရွယ်ရလာတော့မှာ ကြီးတော် ဆီကပိုက်ဆံတစ်ထောင်ကို ကျွန်တော်လိမ်ညာခိုးဝှက်ယူခဲ့ မိတာပါပဲလို့ သိလာပါတယ်။ တကယ်တော့ ကျွန်တော့်ရပိုင်ခွင့် က ဒီလောက်တန်တယ်။ ပေးပါ ဆိုပြီး တောင်းဆိုရမှာကို မတောင်းဆိုရဲလို့ ခွင့်ကြုံလာတဲ့အချိန်မှာ မရရတဲ့နည်းနဲ့ လှည့်ယူလိုက်တာ ပါပဲ။ ကျွန်တော်တို့ပတ်ဝန်းကျင် မှာလည်း ဒီလိုအခြေအနေမျိုး ကြောင့် စာရိတ္တစံလွဲနေတဲ့ လူအ တော်များများရှိပါတယ်။ အထူး သဖြင့် လုပ်အားနဲ့တန်တဲ့ လုပ်ခ လစာကိုမရဘဲ အကြံအဖန်ခွင် လေးတွေကို မျှော်ကိုးပြီးလုပ်နေ ကြတဲ့ လူအများစုရှိပါတယ်။ သူ တို့ဟာ တရားဝင်ရရှိတဲ့ လုပ်ခလ စာက အလွန်နည်းပါးပေမယ့် တရားမ၀င်ရနေတဲ့ ခွင်လေးတွေ က ၀င်ငွေကောင်းနေလို့ မှိန်းပြီး လုပ်နေရင်းနဲ့ စာရိတ္တချို့ယွင်းသူ တွေလို့ သတ်မှတ်ခံနေရတဲ့သူတွေ ပေါ့။
နောက်ထပ် အတွေ့အကြုံ တစ်ခုကတော့ ကျွန်တော်ကုမ္ပဏီ တစ်ခုမှာ ကြုံခဲ့ရတာပါ။ အဲဒီကုမ္ပ ဏီက နိုင်ငံခြားမှာ အခြေစိုက်ပြီး မြန်မာပြည်မှာရုံးခွဲဖွင့်တာပါ။ ကျွန်တော်က လက်ထောက်စာ ရင်းကိုင်ပေါ့။ ကုမ္ပဏီက အလွန် စည်းကမ်းကြီးပါတယ်။ ကုမ္ပဏီ ရဲ့ ဘော့စ်အမ်ဒီအမြဲပြောနေကျ စကားက Trust Policy ပါ။ ယုံ ကြည်မှုပျက်ရင် ပြီးပြီဆိုတာပါပဲ။ ကုမ္ပဏီက ၀န်ထမ်းတွေငွေရေး၊ ကြေးရေးနဲ့ ပတ်သက်လို့ငါးရာ တစ်ထောင်တောင် အစွန်းထင်း မခံပါဘူး။ တစ်ယောက်ယောက် များ ပစ္စည်းသွားဝယ်လို့ ၅၀၀၊ ၁,၀၀၀  ပိုတင်လာလို့ကတော့ အစစ် ဆေး၊ အမေးမြန်းမရှိ ဂိုးပါပဲ။ အ လုပ်တန်းဖြုတ်ပစ်လိုက်တာပါ။ ဖြစ်ချင်တော့ နိုင်ငံခြားက သူဌေး ဆီကိုပို့ဖို့စာရင်းတွေအရေးပေါ် ကျွန်တော်လုပ်ရပါတယ်။ အဲဒီမှာ ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ လစာစာရင်းက နိုင်ငံခြားက တကယ်ပေးနေတဲ့ စာရင်းထက် ထက်ဝက်လောက် ကွာနေပါတယ်။  ပြီး တော့ သူပိုင်တဲ့ ၁၀ ပေပတ်လည် သစ်သားအိမ်လေးကို ဂိုဒေါင်ဆို ပြီး အငှားပြထားတာ တစ်လဆယ် သိန်းပါ။ ဒီလိုပုဂ္ဂိုလ်မျိုးက ရောင်း သူမဲ့ အအေးဆိုင်မှာတော့ အအေး ဖိုးမပေးဘဲ ဘယ်နေပါ့မလဲ။
ဒါတွေ ကျွန်တော်ရေးပြနေ တာက သူတစ်ပါးကို အပုပ်ချလို တာ မဟုတ်ပါဘူး။ ကိုယ်ကျင့် တရားစံနှုန်းကို သတ်မှတ်ရာမှာ ကွဲ ပြားနေတဲ့ အခြေအနေကိုပြောချင် တာပါ။
ကျွန်တော်တို့ လူမှုဝန်း ကျင်မှာ ငွေလေးမဖြစ်စလောက်၊ ရေသန့်ဘူးလေးတစ်ဘူး၊ နှစ်ဘူး လောက်ယူမိရုံနဲ့ ကိုယ်ကျင့်တရား ပျက်ပြားသူလို့ ယိုးစွပ်ခံရချိန်မှာ မြောက်မြားလှစွာသော ငွေကြေး တွေကို နည်းအမျိုးမျိုးနဲ့ ကိုယ် အိတ်ထဲရောက်အောင် လုပ်သွား သူတွေကတော့ လူကြီးလူကောင်း အဖြစ်နဲ့ ပွဲလယ်တင့်နေကြတုန်း ပါ။ တကယ်ဆို ကျွန်တော်တို့ က လေးတွေကို သင်ကြားပေးသင့် တာက သူတစ်ပါးမပေးသော ပစ္စည်းကို မယူရဆိုတဲ့ ခိုးခြင်း မြောက်တဲ့ အဒိန္နာဒါနသိက္ခာပုဒ်မှာ ခိုးခြင်းကို ၂၅ ပါး သတ်မှတ်ထား တယ်ဆိုတာရယ်။ ပြောရရင် သူ တစ်ပါးမသိအောင် ပစ္စည်းလေး ကို နေရာရွှေ့မိရင်တောင် ခိုးခြင်း မြောက်တယ်ဆိုတာကို အသေ အချာ ပြောပြထားဖို့ လိုပါတယ်။ နောက်ထပ် အရေးအကြီးဆုံးတစ် ခုကတော့ ကိုယ့်ရပိုင်ခွင့် မဟုတ် တဲ့ အရာတွေကို ယူနေတာတွေ ဟာလည်း ခိုးခြင်းပါပဲလို့ ငယ်စဉ် ကတည်းက သင်ကြားပေးသင့်ပါ တယ်။ ကိုယ့်ရဲ့ ရပိုင်ခွင့်ထက်ပို ပြီးယူနေကြ၊ ယူဖို့ကြိုးစားနေကြ ခြင်းက ကိုယ်ကျင့်စာရိတ္တပျက် ယွင်းခြင်းပါပဲ။ အဲဒါမျိုးကို ရှက် တတ်ဖို့ ရှောင်ကြဉ်ဖို့ လိုပါတယ်။ပြီးခဲ့တဲ့ ရက်က ပြန်ကြားရေး ၀န်ကြီးဟောင်းဦးရဲထွဋ်က နိုင်ငံ တော်သမ္မတဟောင်း ဦးသိန်းစိန် ပိုင်မြေမှာ ဖွင့်ထားတဲ့ ရွှေလယ် တောကော်ဖီဆိုင်နဲ့ပတ်သက်လို့ မီဒီယာမှာရေးကြပြောကြတဲ့ အ ပေါ်မှာ ‘‘၁၉၈၈ ကနေ ခုချိန်ထိအ တွင်းမှာ သားသမီးတွေ နာမည် တွေနဲ့ ကုမ္ပဏီတွေထောင်ပြီးတော့ မှ စီးပွားရေးလုပ်ငန်းတွေ အကြီး အကျယ်လုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်ဆုံးသူဌေးတွေထဲမှာ ပါဝင်တဲ့ လူတွေအများကြီးရှိနေတဲ့ နိုင်ငံမှာ သမ္မတကြီးရဲ့ ကော်ဖီဆိုင်ဆိုပြီး သတင်းလုပ်တာကတော့ ကျွန်တော်ထင်တယ်။  ဆင်တွေကြားထဲမှာ ယုန်ဝင်ဖမ်းတာနဲ့ တူတယ်လို့ ကျွန်တော်မြင်တယ်’’လို့ ပြောပါ တယ်။
   ဦးရဲထွဋ်ပြောသလိုပါပဲ။ ဆင်တွေအများကြီးမှာမှ ဘာလို့ ယုန်ဝင်ဖမ်းရသလဲဆိုရင် ယုန်က သာမန်ယုန်မဟုတ်ဘဲ ဒီမိုကရေစီ နိုင်ငံတော်သစ်ရဲ့ ပထမဆုံးသမ္မတ ဖြစ်နေခြင်း ကြောင့်ပါပဲ။ နိုင်ငံ တော်ရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဟာ လုံးဝဖြူစင်သန့်ရှင်းနေတယ် ဆိုရင် နိုင်ငံတော်အတွက် ဂုဏ်ယူ စရာ စံပြဖြစ်မှာကိုး။ ဒါကြောင့် လည်း ယုန်ကိုဝင်ဖမ်းဖို့ကြိုးစားနေ ကြတာ ဖြစ်မယ်ထင်ပါတယ်။
ရောင်းသူမဲ့အအေးဆိုင်တွေ အကြောင်း ပြောရင်းက ထွေလီ ကာလီတွေပါကုန်တာ ရွှေလယ် တောထိ ရောက်သွားပါတယ်။ ဘာပဲပြောပြော ကျောက်မျက်ရန် ပုံငွေယူရိုသန်း ၉၀ ကျော် အလွဲ သုံးစား လုပ်တယ်ဆိုတဲ့ အထဲမှာပါတဲ့သူတွေအားလုံးဟာ ရောင်းသူမဲ့ အအေးဆိုင်မှာ ရေသန့်ဘူး တော့ပိုက်ဆံမပေးဘဲ ဘယ်သူမှ မသောက်တာသေချာပါတယ်။ သူတို့က ဂုဏ်သရေရှိလူကြီးတွေကိုး။ 

No comments: