Sunday, May 1, 2016

ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ &**********************&

ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့
&**********************&
~ ကျမ ကျောင်းဆရာမတစ်ယောက်ပါ။ဆရာမဆို
တာ ဆရာဝန်တွေ အင်ဂျင်နီယာတွေလို ဝင်ငွေ
မကောင်းပါဘူး။ အဆဲခံရဆုံးနဲ့ဝင်ငွေအနည်းဆုံးကဆရာမပါ။
   ဆရာဝန်တွေ်ရဲ့လက်ထဲမှာ လူနာတွေရဲ့အသက်ဟာ အရေးကြီးသလို  အင်ဂျင်နီယာတွေရဲ့လက်ထဲမှာ လည်း လူတွေရဲ့
အသက်အိုးအိမ်တွေရှိတယ်။ ထို့အတူဆရာတွေရဲ့လက်ထဲမှာတော့ လူငယ်
ပေါင်းမြောက်မြားစွာရဲ့အနာဂတ်တွေရှိတယ်။

~ ဆရာဝန်တွေ အင်ဂျင်နီယာတွေ အရေးကြီး
တာထက် ဆရာ/ ဆရာမတွေရဲ့ အခန်းကဏ္ဍက
ပိုပြီး အရေးကြီးပါတယ်။ ဒါပေမယ့်လည်း ပညာ
ရေးနဲ့ပတ်သက်လို့ တစ်စုံတစ်ရာဖြစ်ပီဆိုတာနဲ့
ဝိုင်းပြီး ဆွမ်းကြီးလောင်းချင်တဲ့လူတေ,ွ ဝိုင်းပြီး
သမ ချင်တဲ့လူတွေ , ဝိုင်းပြီးဆဲဆိုချင်တဲ့လူတွေ
သိပ်ကိုများလွန်းပါတယ်။ တစ်ခါ တစ်ခါ ဆရာမ
လုပ်ရတာ ရှက်ရွံ့အားငယ် သလို/ သိမ်ငယ်သလို
တောင် ခံစားမိပါတယ်။

~ ဒါဟာ မှန်ကန်တဲ့လုပ်ရပ်ဟုတ်ပါသလား?
ပညာရေးနိမ့်ကျခြင်းဟာ ဆရာ/ ဆရာမတွေချည်း အပြစ်ပုံချလို့ရပါသလား?
ဆရာ/ဆရာမတွေဟာကြိုးဆွဲရာကရတဲ့ရုပ်သေးရုပ်
တွေဖြစ်ပါတယ်။ အရမ်းဆဲဆို ကြိမ်းမောင်းခြင်း
နဲ့ပြဿနာကိုဖြေရှင်းလို့မရပါဘူး။

~ ဘာကိစ္စပဲဖြစ်ဖြစ် လူတွေဟာ ဆဲရေးတိုင်းထွာ
နေကြတော့တာပဲ။ ထမင်းလွတ် ဟင်းလွတ်ကို
ဆဲနေကြတော့တာပါပဲ။
ကျမတို့ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ထောင်
မယ်လို့ပြောတယ်။
ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်မယ်
လို့ပြောတယ်။

~ စည်းလုံးညီညွတ်မှုမရှိဘဲ၊  တစ်ယောက်ကိုတစ်
ယောက် ယုံကြည်မှုမရှိဘဲ၊ တစ်ယောက်ကို တစ်
ယောက် နားလည်ခွင့်လွှတ်မှုမရှိဘဲ ကျမတို့
ဒီမိုကရေစီနိုင်ငံကို ဘယ်လိုထူထောင်မလဲ။
ဖက်ဒရယ် ပြည်ထောင်စုကို ဘယ်လိုထူထောင်
မလဲ။ စဉ်းစားကြည့်ပါဦး။

~ကျမတို့နိုင်ငံမှာ တရုတ်လည်းရှိတယ်။ ကုလား
လည်းရှိတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံလည်း
ရှိတယ်။ ဗမာတွေကလူများစုနေထိုင်တယ်။
ဒီနိုင်ငံသားအဖြစ် ခံယူထားသူတိုင်း ဒီနိုင်ငံကို ပိုင်
တယ်။ ဒါကို ကျမတို့ငြင်းလို့မရဘူး။ တစ်ချို့ကိစ္စ
တွေ ၊ ကျမတို့မမွေးဖွားခင် ဘိုးဘေးတွေလက်ထက်က ဖြစ်လာခဲ့တဲ့ကိစ္စ
ရှိလာခဲ့တဲ့အရာတွေကို ကျမတို့ဘာမှ ပြုပြင်
လို့လည်းမရဘူး။ ငြင်းဆန်လို့လည်း မရဘူး။
ရွေးချယ်ခွင့်လည်း မရှိဘူး။ ကြိုက်သည်ဖြစ်စေ
မကြိုက်သည် ဖြစ်စေ, ကျမတို့လက်ခံရမယ်။
တစ်ယောက်နဲ့တစ်ယောက် ဆဲဆိုကြိမ်းမောင်း
နေတာ ရန်ဖြစ်နေတာ တိုင်းပြည်ဆူပူတယ်။
အေးအေးချမ်းချမ်း နေချင်တဲ့ပြည်သူတွေ စိတ်
မချမ်းသာဘူး။ဒါကိုကျမတို့နားလည်သင့်ပါတယ်။

~ ဒီနေ့လက်ရှိတွေ့မြင်နေရတာတွေက လူတိုင်း
လူတိုင်းပဲ။ သိပ်ပြီး အကဲဆတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် လေသံလေးနဲ့တောင်အထိပါးမခံနိုင်ကြဘူး။
စကားလုံးတွေကိုလည်း အထအန သိပ်ကောက်
တယ်။ လူတစ်ယောက်က ရိုးရိုးလေးပြောလိုက်ရင် အဓိပ္ပါယ်ကို အနက်ကြီး
တွေးပလိုက်တယ်။ ပြီးတော့ အထင်လွဲတယ်။
စိတ်ကောက်တယ်။ စိတ်ဆိုးတယ်။ တစ်ယောက်နဲ့တစ်ယောက် မုန်းတီးတယ်။ဒီလိုပဲ
သံသရာလည်နေတယ်။

~ အဲဒါ ဖြစ်သင့်ရဲ့လား?
တစ်ကယ်ဆို ကျမတို့တွေအားလုံး စိတ်ကိုအရှင်း
ဆုံးထားရမှာ။ ကျမတို့သေရင် ဘာယူသွားလို့ရ
လဲ။ လူ့ဘဝသက်တမ်းက နတ်သက်နဲ့တွက်ရင်
တစ်ရက်နဲ့တစ်မနက်စာပဲရှိတာ။
တစ်ကယ့်ကို ရေပွက် ပမာ ခဏတာလေးကို
တစ်ယောက်နဲ့တစ်ယောက် အဆဲလက်ဆုံစား
နေကြတာ စိတ်မချမ်းမြေ့ဘူး။

~ ကျမကတော့ အသက်ရှင်ရသခိုက် အေးအေး
ချမ်းချမ်းနေချင်တယ်။ အတတ်နိုင်ဆုံးစိတ်ကို ဖြူ
စင်အောင်ထားတယ်။ ဘယ်သူ့အပေါ်မှ ရန်ငြိုး
မထားဘူး။ ဘယ်သူ့ကိုမှ မဆဲချင်ဘူး။
လူတိုင်း လူတိုင်းကိုလည်း စိတ်ချမ်းသာစေချင်
တာပါပဲ။ ဆဲဆိုခြင်းကင်းတဲ့လောကကြီးမှာ
ကျမနေချင်မိတယ်။အနာဂတ်ရဲ့မျိုးဆက်လေးတွေကို ဆဲဆိုခြင်းတွေလက်ဆင့်ကမ်းမပေးချင်ဘူး။
ဒါကျမရဲ့ဆန္ဒပါ။
ဒါပေမယ့်ဖြစ်ချင်တာက ဆန္ဒ
ဖြစ်နေတာက ဘဝလေ။

® သူငယ်ချင်းတွေအားလုံး ကိုယ်၏ ကျန်းမာခြင်း
စိတ်၏ ချမ်းသာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေ ။
cre-org uploader

No comments: