Saturday, December 19, 2015

မူဆယ်-နမ့်ခမ်း-ရွှေလီမြစ်ကြောင်းတစ်လျောက်က RCSS/SSA တွေ ပြန်လာပြီဟုဆို

မူဆယ်-နမ့်ခမ်း-ရွှေလီမြစ်ကြောင်းတစ်လျောက်က RCSS/SSA တွေ ပြန်လာပြီဟုဆို
========================================

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမှတ် (၇၀၁) စစ်ဒေသအတွင်းရှိ RCSS/SSA တပ်များ အင်အားနဲချိန်မှစတင်၍ တအောင်း(ပလောင်) လက်နက်ကိုင်တပ်ဖွဲ့ TNLA၊ KIA တပ်မဟာ (၄) လက်အောက်ခံတပ်ရင်းများ၊ MNDAA တပ်များနှင့်၊ အခြား အမည်မသိသောင်းကျန်းသူတပ်ဖွဲ့ အမည်ခံ FUA သူပုန်တပ်ပေါင်းစုတို့ ၀င်ရောက်လှုပ်ရှား စိုးမိုးချယ်လှယ်ခဲ့ကြသည်။

၎င်းဒေသအတွင်း သောင်းကျန်းသူပေါင်းစုံ လှုပ်ရှားနေခြင်းကြောင့် ဒေသခံပြည်သူများမှာ လာသမျှလူအားလုံးကို ကြောက်လန့်နေကြရပြီး ဆက်ကြေးတောင်းသမျှသူအားလုံးကိုလည်း ပေးဆောင်နေကြရသည်ဟု သိရသည်။ အမည်မသိ သောင်းကျန်းသူအမည်ခံ သူပုန်တပ်ဖွဲ့ မှလည်း ကျေးရွာများအတွင်း လူသစ်ဆွဲခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းများကို မကြာမကြာ ပြုလုပ်ကြကြောင်းသိရသည်။

ရွှေလီမြစ်ဝှမ်းဒေသတွင် အဓိက လှုပ်ရှားနေသောအဖွဲ့မှာ TNLA အဖွဲ့ဖြစ်သော်လည်း နောက်ကွယ်မှ KIA ၏ စေခိုင်းချက်အရသာ လှုပ်ရှားနေရသည်ဟု သိရသည်။ ထို့ကြောင့် ရှမ်းမြောက်ရှိ ဖိနှိပ်ခံ ရှမ်းလူမျိုးများနှင့် အခြားလူမျိုးစုများအတွက် ယခင် အမှတ် (၇၀၁) စစ်ဒေသ RCSS/SSA တပ်များ ပြန်လည် ပြန်လာပြီဟု ဒေသခံများထံမှ ကြားသိရ သည်။

RCSS/SSA သည် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးဒေသ၌ နှစ်ဖက်တပ်ဖွဲ့အကြား ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားသည့်နောက်ပိုင်း တအာင်းနယ်မြေအတွင်းသို့ နမ့်ခမ်း၊ မူဆယ်၊ ရွှေလီမြစ်ကမ်း တစ်လျှောက်၊ ဟိုပန်၊ မိုင်းဝီး၊ မန်ဟီးရီုး၊ နောင်မ၊ နမ့်ပုံဒေသ အင်အား ၄၀၀ ကျော်၊ နမ့်ဆန်၊ ကိုက်တိုင်၊ ကျောက်ဖြူ၊ ဟိုနမ့်ဒေသ အင်အား ၄၀ကျော်၊ သီပေါ၊ ကျောက်မဲ၊ မိုင်းငေါ့၊ ပန်ခမ်း၊ အုံမု၊ ဟဲခမ်း၊ ညောင်ပင်လှ၊ တော့စန်ဒေသ အင်အား ၂၀၀ ကျော်၊ လားရှိုး၊ မိုင်းကျက်၊ မိုင်းယော်ဒေသ အင်အား ၂၀၀ ကျော်၊ နမ္မတူ၊ မိုင်းရင်ဒေသ အင်အား ၁၀၀ ကျော်၊ ကွတ်ခိုင်၊ မုံးစီး၊ မုံးဟွမ်ဒေသ အင်အား ၁၀၀ ကျော် စုစုပေါင်း အင်အား ၁၀၀၀ ကျော် ထပ်မံဝင်ရောက်လာပြီဟု TNLA ဘက်မှ ပြောကြားထားပါသည်။

By Voice Of Kachin

No comments: