စနစ်တကျ အာဏာလွှဲပြောင်းရေးအတွက် ရွေးကောက်ပွဲအနိုင်ရပါတီနှင့် အစိုးရအဖွဲ့တို့တွေ့ဆုံ
နိုင်ငံတော်အကြီးအကဲတာဝန်နှင့် အစိုးရအဖွဲ့တာဝန်များ စနစ်တကျလွှဲပြောင်းရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကို NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ယနေ့( ဒီဇင်ဘာလ ၁၆ ရက်)နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၏ လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားဖော်ပြထားသည်။
အဆိုပါအစည်းအဝေးကို အစိုးရဘက်မှ ဦးရဲထွဋ်၊ ဦးမောင်မောင်အုန်းနှင့် ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ပြီး NLD ပါတီဘက်မှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်၊ ဒေါက်တာအောင်သူတို့ တက်ရောက်ခဲ့ကြောင်း၊ တာဝန်လွှဲပြောင်းရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်း ဦးရဲထွဋ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားချက်အရသိရသည်။
(Photo-Ye Htut Facebook Page)
No comments:
Post a Comment