Monday, November 17, 2014

CIA နဲ့ ဘိန်းရာဇာတွေ အရှုပ်

ကြာတော့ကြာပြီ - - -
ဦးခွန်ဆာ လက်နက်ချတော့ အဲ့ အဖွဲ့ထဲမှာ ပြည်သူ့စစ်ကနေတောခိုသွားတဲ့ တိုင်းရင်းသားခေါင်းဆောင်
တယောက်နဲ့က သူတောမခိုခင်ကတည်းက ကျနော်နဲ့ခင်တော့ ဟိုမိန်းက သူ့အိမ် သွားလည်ပါတယ် ။အဲ့မှာ စားကြသောက်ကြရင်းနဲ့ သူ့အိမ်မှာ အမေရိကန် လူကြီးတယောက်နဲ့ သူနဲ့ ဓါတ်ပုံတွဲရိုက်ထားတာတွေ့တော့ ဒါဘယ်သူလည်း လို့ကျနော်က မေးပါတယ် ။သူက အမေရိကန် DEA ကတဲ့ ။ဒါနဲ့ ကျနော်ကဆက်မေးပါတယ် ခင်ဗျားတို့ ဘိန်းဖြူချက်နေတာ အမေရိကန်ကသိလို့ ခွန်ဆာကို ဆုငွေထုတ်ထားတာဘဲ အဲ့လူကမသိဘူးလား ဆိုတော့ ဆက်ကြေးပေးရတာပေါ့ တဲ့ ။

ပြောစမ်းပါဦး ဆိုတော့ သူတို့ ကို နှစ်စဉ်ကြေး ပေးရကြောင်း ငွေသား အမေရိကန်ဒေါ်လာသွားပေးစဉ် ရုပ်ရှင်ထဲကလို ချိန်းဆိုလေ့ရှိကြောင်း ။ဥပမာ a ဟိုတယ် အခန်းနံပါတ် ၁ ကိုငွေလာပေး ဆိုပြီးချိန်းလို့ သွားပေးရင် ဟိုရောက်တော့ အဲ့ အခန်းထဲမှာ ဘယ်သူမှ မရှိဘဲ ဖုံးလာလို့ကိုင်လိုက်တော့ b ဟိုတယ် အခန်းနံပါတ် ၂ ကို ထပ်ပြီးချိန်းဆိုကြောင်း အလွန်ကြောက်တတ်ပြီး safe side ယူတတ်ကြောင်း
ငွေလက္ခံသူမှာ ထိုစဉ်က အရှေ့တောင်အာရှCIA ရုံးမှ ကပ္ပလီ အရာရှိတယောက်ဖြစ်ကြောင်း
ပြောပြပါတယ်။ သူတို့က ဒီငွေနဲ့ အမေရိကန်လွှတ်တော် ဘတ်ဂျက်ကော်မတီကလက်မခံတဲ့ KNU နဲ့ ABSDF တို့ ကို လက်နက်ခဲယမ်း ဝယ်ဘို့ ကိုထောက်ပံ့တယ်လို့ပြောပါတယ်။ ရိက္ခါ ဝယ်ဘို့တော့ ဘတ်ဂျက်ရှိတယ်လို့ပြောပါတယ် ။
    အဲ့အချိန်တုံးက အီရန် ကွန်ထရာ အရေး ဆိုတာလည်း ပေါ်ထားတော့ ဒီလူပြောတာဖြစ်နိုင်ခြေရှိတယ်လို့ ကျနော်လက်ခံ ခဲ့ပါတယ် ။အီရန် ကွန်ထရာ အရေးဆိုတာ က အမေရိကန် လွှတ်တော်က တောင်အမေရိကတိုက်က ကွန်ထရာ သူပုန်တွေကို ငွေကြေးထောက်ပံ့ဘို့ လက်မခံပါဘူး ဒါပေမဲ့ CIA က အီရန်ကိုလက်နက်ခိုးရောင်းပြီး ရတဲ့အမြတ်ငွေတွေကို ကွန်ထရာသူပုန်တွေဆီ တရာမဝင် လွှဲပြောင်းတာပေါ်သွားလို့ CIA ဒုဗိုလ်မှုးကြီး တယောက် အစစ်ဆေးခံရတဲ့ပြဿနာကြီးပါ ။ ဒါကြောင့် မြန်မာပြည်ကို မဟုတ်မဟတ်လုပ်တဲ့ ဘယ်နိုင်ငံသားကိုမဆို ဥပဒေ ပြဌာန်းပြီး ဆိုင်ရှင်လုပ်သင့်တယ်လို့ ပြောတာပါ။အဲ့ မတိုင်မှီ အချိန်တုံးကလည်း ဦးခွန်နဲ့ အမေရိကန် တွေနဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေ အစိုးရ သတင်းစာတွေထဲမှာလည်းပါဘူးပါတယ် ဗျာတို့ရေ

လှဆွေ

No comments: