Thursday, November 20, 2014

ဒီကနေ့ နေ့လယ်ပိုင်းက ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော် ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းပေါ်ကို အစိုးရတပ်ဘက်က ပစ်လိုက်တဲ့

ဒီကနေ့ နေ့လယ်ပိုင်းက ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော် ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းပေါ်ကို အစိုးရတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ လူ ၂၀ သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရသွားတယ်လို့ ကေအိုင်အေ ဘက်က အတည်ပြု ပြောပါတယ်။ သေဆုံးသူတွေဟာ လူငယ် ဗိုလ်လောင်းလေးတွေ ဖြစ်ကြပါတယ်။ အများစုက ကချင်တွေဖြစ်ပြီး အဲဒီမှာ စစ်ပညာလာသင်တဲ့ တခြား တိုင်းရင်းသားတွေလည်း ပါတယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစိုးရဘက်ကတော့ တစ်စုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ မကြာခင် ရက်ပိုင်းကလည်း မန်စီမြို့နယ်မှာရှိတဲ့ ကေအိုင်အေ တပ်ရင်း (၁၆) (၁၇) အခြေစိုက်ဒေသတွေမှာလည်း အစိုးရတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲငယ်တွေ ဖြစ်ခဲ့ပါတယ်။ အခု တိုက်ခိုက်မှု ဖြစ်တာဟာ အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မကြာခင် လပိုင်းတွေအတွင်း တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးဖို့ ပြင်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ BBC 

No comments: