Thursday, November 20, 2014

ကံဆိုးနေသောမြန်မာပြည်

 -(ကံကောင်းပါစေ မြန်မာပြည်)- ၁။မီးစာပျိုး ဒီမိုအရေခြုံများ၏ အမာခံများ ၂။ဆိုက်ကိုထည့်အသုံးချခံကျောင်းသားများ ၃။စိမ့်ဝင်ပူးကပ်လာသော ဗကပ ကွန်မြူနစ် UG များ ၄။ဒီမိုအရေခြုံဒေါင်းနှင့် ဗြောင်ကျကျဖြစ်လာသော ကွန်မြူနစ်များ ၅-၆။ရေသန့်ဗူးဝေရင်း သိုက်တူးလာသော KNU/KNLA များ ၇။မင်းမဲ့စရိုက်လူသတ်ပွဲဖန်တီးနိုင်ရေး စတင် ဆိုက်ကိုထည့်ခြင်း ၈။ပြည်ဖျက်၊ ကလေကခြေနှင့်တောကြောင်များ မဟာမိတ်ဖြစ်လာခြင်း ၉။နိုင်ငံ အလုံးစုံ ပျက်သုဉ်းရေး ပဏာမအဆင့် အဓိက ရည်မှန်းချက်မှာ လက်ရှိအစိုးရ၏ အုပ်ချုပ်မှု ယန္တယား ပျက်စီး၍ တပ်မတော်က ဝင်ထိန်းရတော့မည့်အဆင့်ရောက်သည်နှင့် တပြိုင်နက် အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများ၏ ကြားဝင် ကျူးကျော် တပ်စွဲ စွက်ဖက်မှုဖြင့် ကြားဖြတ်အစိုးရတစ်ရပ် အမြန်ဖွဲ့နိုင်ရမည်ဖြစ်ပြီးထိုပြသနာများအား မီးစာပျိုးသူများသည် ယင်းကြားဖြတ်အစိုးရအဖွဲ့၌ နေရာရရှိလာမည် တစ်သက်လုံး ရူးလာခဲ့သော အာဏာကို ဖြတ်လမ်းမှ ရရှိကာ စိတ်ကူးတည့်ရာလုပ်ခွင့်ရလာမည်ဖြစ်သည်။ ပြည်ပနိုင်ငံများမှ အင်အားသုံးစွက်ဖက်မှုကြောင့် ပြည်ထောင်စုတပ်မတော်သည်လည်းလှုပ်ရှားခွင့်မသာပဲ နောက်တန်းသို့ အလိုလိုရောက်သွားမည် ချောင်ထိုးခံလိုက်ရမည်ဟု ယူဆထားကြခြင်းဖြစ်သည်။ ယခုဖြစ်စဉ်များသည် ဒီမိုအရေခြုံနှင့်လိုင်းပျောက်နေသော ဗကပတို့ ကြိုတင်အကွက်ချ ကြံစည်ထားသော ဆူပူရေး လုပ်ငန်းစဉ်များသာဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသား မိဘပြည်သူအားလုံး အသိသတိဖြင့် ဝိုင်းဝန်းထိန်းသိမ်းမှသာ အနာဂတ်မြန်မာပြည်သည် ကံကောင်းနိုင်မည်ဖြစ်ပါသည်။ Min Teiser

No comments: