Friday, November 14, 2014

ဗမာပြည်မှာ ဆင်းရဲသား နင်းပြားဖြစ်ရတဲ့ ဘ၀ကတော့ ချာတူးကို လန်နေတာပဲ

ဗမာပြည်မှာ ဆင်းရဲသား နင်းပြားဖြစ်ရတဲ့ ဘ၀ကတော့ ချာတူးကို လန်နေတာပဲ။ သူများ နိုင်ငံတွေလို ထောက်ပံ့ကြေး မရချင်ပါဘူး။ လူကို လူလိုတော့ အသိအမှတ် ပြုစေချင်တယ်။ ဘယ့်နှယ်ဗျာ ဆင်းရဲသား နင်းပြားအတွက်ဆို ဒင်းတို့ စဉ်းစားတာ ဘာတစ်ခုမှ မရှိဘူး။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ကားပါမစ်တွေ ထုတ်ပေး။ ပင်စင်စား အထူးအခွင့်အရေး ဆိုတာကရှိသေး။ စစ်သားအို ဂေါပကလုပ်ခွင့်က တစ်မျိုး။ မရိုးနိုင်လောက်အောင် အတတ်ဆန်းကြပါပေတယ်။ ကုန်ဈေးနှုန်းကလည်း တရိပ်ရိပ်တက်အောင်လုပ်ထားတော့ ဒင်းတို့ပဲ လက်ထဲရှိသမျှကုန်မြတ်ပြီး ကြီးပွားနေကြရဲ့။ စစ်ပွဲရှိမှ ကြီးပွားတဲ့ကောင်တွေ၊ လူသတ်ပြီး ထမင်းစားနေတဲ့ကောင်တွေ၊ ဆင်းရဲသားနင်းပြားတွေကို ဂုတ်သွေးစုတ် အမြတ်ထုတ်နေတဲ့ကောင်တွေ၊ အနိမ့်ဆုံး လုပ်ခလစာလေးတောင် ပြဌာန်းမပေးတဲ့ကောင်တွေ၊ ငါတို့သားသမီးတွေကို ပညာသင်ခွင့်မရအောင် လုပ်ထားတဲ့ကောင်တွေ၊ ငါတို့ကို မ၀ရေစာနဲ့ မသေရုံကလေး ထမင်းကျွေးထားတဲ့ကောင်တွေ မင်းတို့ဘ၀တွေကို ငါတို့လက်တွေနဲ့ တည်ဆောက်ပေးထားရတယ်ဆိုတာ သတိရလိုက်စမ်းပါ။ -

No comments: