Thursday, November 20, 2014

လင်းယုန်ကြီးစာမတတ်ဘူးလား

 လင်းယုန်သိပါလေစ လင်းယုန်ဆိုတဲ့ ကလောင်ရှင်ကြီးရေ ခင်ဗျားရဲ့ ''သြော်ဟုတ်လား ဒါနဲ့... ပြောရအုံးမယ် ဟဲ.ဟဲ.ဟဲ...''ဆိုတဲ့ဆောင်းပါးတွေကို အပတ်စဉ်သံတော်ဆင့်ဂျာနယ်မှာ ဖတ်ရတယ်ဗျ။ ဖတ်မိသမျှ တော့ ခင်ဗျားဟာ ကိုယ့်ကိုကိုယ်ဟုတ်လှပြီမှတ်ပြီး ဘ၀င်လေဟပ် ပြည်သူကို အဆိပ်ခတ်နေတာသာ တွေ့ရတယ်ဗျာ။ ဘယ်သူတွေကများ မြှောက်ပေးထားသလဲဗျာ။ ခင်ဗျားတို့ အခုကြွေးကြော်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ကန့်သတ်ချက်လို့ ခင်ဗျားတို့ဆိုတဲ့ ပုဒ်မ၄၃၆ ကို မပြင်ဖို့အတွက် တပ်မတော်သားကိုယ်စားလှယ်တွေဘက် က သဘောထားဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန္ဒနဲ့ မကိုက်ညီပါဘူးလို့ခင်ဗျားပြောတယ်နော်... ဟုတ်ပါရဲ့လား လင်းယုန်။ နောက်ပြီးလွှတ်တော်တွင်းမှာအင်အားအကောင်းဆုံးဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီမပါ အခြားပါတီတွေ ကတော့ ပုဒ်မ ၄၃၆ ကိုပြင်သင့်ကြောင်း အကြံပြုတယ်လို့ ခင်ဗျားဆိုပြန်တယ်၊ ဟုတ်ပါရဲ့လား လင်းယုန်။ ကဲ ဒါဆိုရင် ကျွန်တော်မေးပါရစေ..လင်းယုန်။ ခင်ဗျားဆိုထားတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒဆိုတာ လက်မှတ်ထိုးထားတဲ့ ပြည်သူငါးသန်းကိုပြောတာလား လင်းယုန်။ ပြည်သူ့ဆန္ဒဆိုတာ ပြည်သူ တစ်ရပ်လုံးကို ကိုယ်စားပြုတာပါ လင်းယုန် ခင်ဗျားပြောသလိုသာဆို ဆန္ဒပြုလက်မှတ်မထိုးခဲ့တဲ့ ကျွန်တော်တို့လို သန်းငါးဆယ်သောပြည်သူလူထုကို သိမ်းကျုံးဆွဲသွင်းလိုက်ပုံတော့...မိသဗျာ။ နောက်တစ်ချက် ခင်ဗျားကို ပြောချင်တာက ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်တွေဟာ အခြေခံဥပဒေကို နည်းလမ်းတကျပြင်ဆင်နိုင်အောင် လမ်းဖွင့်ပေးထားခြင်းသာဖြစ်ကြောင်းပါ။ အတားအဆီးကန့်သတ်ချက် မဟုတ်ပါ။ ဒါကိုဘာကြောင့် ခင်ဗျားတို့အနေနဲ့ အတားအဆီးကန့်သတ်ချက်တစ်ခုအဖြစ် ရှုမြင်နေ သလဲဆိုရင် ပထမအချက်ကြီူ ဥက္ကဋ္ဌ ဒေါ်စုဟာ ပုဒ်မ ၅၉(စ)ပါ သမ္မတအရည်အချင်းတွေနဲ့ မကိုက်ညီတဲ့အတွက် ပုဒ်မ ၅၉(စ)ကို ပြင်ရမယ်။ ဒါပေမယ့် ပုဒ်မ ၅၉(စ)ကိုပြင်နိုင်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး သော့ချက်ဖြစ်တဲ့ပုဒ်မ ၄၃၆ အတိုင်း နည်းလမ်းတကျပြင်နိုင်ဖို့အတွက်ြီူ အနေနဲ့ အရည်အချင်းမရှိဘူး။ ဒါကြောင့် ပုဒ်မ ၄၃၆ ဆိုတဲ့ ဖွင့်ပေးထားတဲ့လမ်းအတိုင်း ဖြောင့်ဖြောင့် မလျှောက်နိုင်တဲ့အတွက် မှီခိုစရာတောင်ဝှေးတစ်ချောင်းရှာဖို့လိုလာတယ်။ ဒါကြောင့် ပြည်သူကို လမ်းပေါ် ဆွဲတင်ပြီး ဆန္ဒပြုလက်မှတ်ထိုးခိုင်းတယ်။ နောက်ပြီး အခြားနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား အင်အားစုတွေပါလာအောင် ဖက်ဒရယ်စနစ်နဲ့လှုံ့ဆော်တယ်။ တကယ့်တကယ်မှာတော့ လက်မှတ် ၅ သန်းသာ (ြီူ ထုတ်ပြန်ချက်အရ)ရလိုက်ပြီး တောင်ဝှေးမဖြစ်ဘဲ ကောင်းရိုးတစ်မျှင်သာရလိုက်တယ်။ ဒါပေမယ့်ြီူ အနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပြည်သူတွေြီူ ဘက် ဘယ်လောက်ပါသလဲ ကြိုတင်မဲဆွယ်ခွင့်သဘော အကျိုးအမြတ်ရလိုက်တယ်။ ဒါကြောင့်ြီူ ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုအားလုံးဟာ ပြည်သူအတွက်မဟုတ်ဘဲ ဒေါ်စုသမ္မတဖြစ်ရေးနဲ့ နိုင်ငံရေးအမြတ် ထုတ်မှု သက်သက်ပဲလို့မြင်ပါတယ်။ြီူ ရထားတဲ့ ကောက်ရိုးတစ်မျှင်ဟာလည်းဘဲ ပြည်သူ့ဆန္ဒ အစစ်အမှန် ဟုတ်ရဲ့လား သံသယ၀င်စရာပါ။ ဟုတ်ပါရဲ့လား...လင်းယုန်။ နောက်ပြီး ခင်ဗျားဆိုတဲ့ လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကိစ္စမှာ အခရာကျနေတယ်လို့ ပြောခဲ့တယ်နော် ဟုတ်ပါရဲလား... လင်းယုန်။ ဒါဟာလင်းယုန်အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ အမြင်တစ်ခုတည်းနဲ့ ကြည့်လို့သာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်း လာတာ ၃ နှစ်ကျော်သာရှိသေးတာမို့ တည်ငြိမ်ရင့်ကျက်မှုရှိရန် လိုအပ်သည်မှာ မငြင်းပယ်နိုင်တဲ့ အရှိတရားတစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဟာ လွတ်လပ်ပိုင်ခွင့်ရှိသလို ပြန်လည်ထိန်းကျောင်းမှု၊ တာဝန်ယူမှု၊ လိုအပ်ရင်အရေးယူမှုများရှိတာကို တရားဥပေဒစိုးမိုးရေးရူ့ထောင့်မှလည်း ကြည့်မြင်တတ်ဖို့လို ပါတယ်...လင်းယုန်။ မြန်မာနိုင်ငံအတွက် အရေးကြုံလာရင်(အမျိုးသားအကျိုးစီးပွားကို ထိပါးလာရင်) တပ်မတော်ဟာ ရှေ့တန်းမှရပ်တည်ပေးခဲ့တာ သမိုင်းဖြစ်စဉ်တွေကို ကြည့်ရင်တွေ့နိုင် ပါတယ်။ ဒါကြောင့် သမိုင်းအစဉ်အလာတွေအရ အမျိုးသားနိုင်ငံရေးမှာပါဝင်ခဲ့တဲ့ တပ်မတော်အနေနဲ့ နိုင်ငံတော်ကို ကာကွယ်ဖို့၊ တိုင်းပြည်ငြိမ်းချမ်းသာယာဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ အမျိုးသားအကျိုးစီးပွားတွေကို လက်ရှိ မှာလည်း အစိုးရနဲ့အတူ လက်တွဲလုပ်ဆောင်ရင်း အများသဘောဖြင့် ဆုံးဖြတ် လုပ်ဆောင်ရတဲ့ ဒီမိုကရေစီကျင့်စဉ်တွေမှာလည်း အင်အားချိန်ခွင်လျှာညှိပေးတဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ်ရှိနေပေးဖို့ လိုအပ်ပါတယ်။ အာရှနိုင်ငံအတော်များများရဲ့ တပ်မတော်တွေဟာ အမျိုးသားနိုင်ငံရေး (ပါတီနိုင်ငံရေး မဟုတ်ဘူးနော်)မှာ ပါဝင်ခဲ့ရတာ ဃျေနှအကိပ လုပ်ကြည့်ရင် မလွဲမသွေတွေ့ရမှာ အသေအချာပါပဲ။ ဥပမာ အင်ဒိုနီးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုဟာ ထပ်တူ မဟုတ်တောင် အနီးစပ်ဆုံးတူညီနေပါတယ်။ အင်ဒိုနီးရှားလွှတ်တော်တွင်းမှာ တပ်မတော်သား ကိုယ်စားလှယ်ပါဝင်မှုဟာ ဒီမိုကရေစီရင့်သန်လာတာနဲ့အမျှ တဖြည်းဖြည်းလျှော့ချခဲ့တာ မျက်မှောက် ခေတ်မှာလုံးဝမရှိတော့ဘူး ဆိုတာ တွေ့ရမှာပါ။ ယခုလွှတ်တော်တွင်း အဆိုပြုချက်၊ မွေးခွန်းများ မေးမြန်းရာမှာ တပ်မတော်သားကိုယ်စားလှယ် များရဲ့မေးမြန်းချက်တွေဟာ တိုင်းကျိုးပြည်ပြုတွေပါပဲ။ လက်တွေ့ကျအပြုသဘောဆောင်တဲ့ နည်းပေး လမ်းပြတွေပါ။ ဒီမိုကရေစီအရွေ့ကို နောက်ကြောင်းမပြန်နိုင်အောင် ဒီ ၂၅ ရာခိုင်နှုန်းက မားမားမတ်မတ် ရပ်တည်ထိန်းကျောင်းပေးနိုင်ဖို့အတွက် အခရာကျတယ်လို့ ကျွန်တော်မြင်တယ်။ သမ္မတပြောခဲ့တဲ့ '' လောလောဆယ်မှာတော့ ၂၅ ရာခိုင်နှုန်းဟာရှိသင့်၊ ရှိထိုက်တယ်''ဆိုတဲ့မှတ်ချက်ဟာ နောက်ပိုင်း ဒီမိုကရေစီရင့်သန်လာရင် တပ်မတော်ရဲ့ပါဝင်မှုကို တဖြည်းဖြည်းလျှော့သွားမယ်အခြေအနေမို့ စိုးရိမ်စရာ မလိုကြောင်းတွေ့နိုင်တယ်။ လတ်တလော အာဏာရချင်သူတွေအတွက်တော့ ၂၅ ရာခိုင်နှုန်းဟာ ဆူးတစ်ချောင်းလို့မြင်ကြမှာပါပဲ။ ဒါကြောင့် တပ်မတော်ဟာ ဒီမိုကရေစီမရင့်သန်သေးမီကာလမှာတော့ အာဏာရူးတွေ ပွဲလန့်တုန်းဖျာမခင်းဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးဟာ ပြည်သူ့အတွက်သာ ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်.. လင်းယုန်။ ဒါကြောင့် လင်းယုန်ကို ပြောချင်ပါတယ်။ လင်းယုန်ပြောတဲ့ မိမိတို့ရဲ့ သြဇာအာဏာအကျိုးအတွက် မျက်နှာလွဲခဲပစ်လုပ်၊ ခေါင်းမာ တင်းခံနေရင် လူထုအနေနဲ့ လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတာ မှန်ပါတယ်ခင်ဗျာ။ လက်ရှိပြည်သူ့ အကျိုးထက် မိမိသမ္မတဖြစ်ရေးကို ဦးစားပေးပြီး ပြည်သူကိုပါခုတုံးလုပ်နေတာ ဘယ်သူလဲ။ ဒီလိုအဖြစ်မျိုး ကိုလူထုကလက်ပိုက်ကြည့်မနေသလို တပ်မတော်ကလည်း ပြည်သူ့ဆန္ဒအတိုင်း ဖြစ်တယ်ဆိုတာကို ...လင်းယုန်သိပါလေစ... မြန်မာပြည်သား

No comments: