Monday, November 17, 2014

အမျိုးသားပညာရေး ဥပဒေကို လေ့လာခြင်း


အမျိုးသားပညာရေး ဥပဒေ ကို …
ကျွန်ပညာရေး ဥပဒေ …
စစ်ကျွန် ပညာရေး ဥပဒေဆိုတဲ့  ....
အသံတွေ ထွက်လာတော့ …
မျက်ကလူးဆန်ပြာ ဖြစ်ပြီး …
ကမန်းကတန်း ထရှာ ...
ဖတ်မိရ ပြန်ပါတယ် …..

ဘာတွေတွေ့ ရလဲဆိုတော့ ....
အမျိုးသားပညာရေး ဥပဒေမှာ …
အခြေခံမှု ၁၃ ချက် ပါဝင်တာတွေ့ ရပါတယ် …
အရေးကြီးတဲ့ အချက်တွေက …
ဒီအချက်တွေ ဖြစ်ပါတယ် …

# လူမူရေး စီးပွားရေးမှာ ....
လက်တွေ့ အသုံးချနိုင်တဲ့  ပညာရေး ဖြစ်ရမယ် …

# တက္ကသိုလ် ကောလိပ်များဟာ ....
လွတ်လပ်သော စီမံခန့် ခွဲခွင့်နဲ့  ရပ်တည်နိုင်ရမယ်...

# ကျောင်းသားတွေဟာ ...
ကိုယ်ဆန္ဒရှိတဲ့ တက္ကသိုလ်ကို တက်နိုင်တယ် …
တက္ကသိုလ်က သတ်မှတ်ထားတဲ့  ...
အရည်အချင်း နဲ့ တော့ ပြည့်မီရမယ် ...

# ကျောင်းများမှာ ...
ဘာသာရေး နဲ့  နိုင်ငံရေး စွက်ဖက်မူ မရှိစေရဘူး...

# မသင်မနေရ ...
အခမဲ့  မူလတန်း ပညာရေးစနစ် ကျင့်သုံးရမယ်...

# ပညာရေးအဆင့်တိုင်း နဲ့ ပညာရပ်နယ်ပယ်တိုင်းမှာ ….
အဆင့်အတန်းသတ်မှတ်ပြီး …
အရည်အသွေးကို အာမခံနိုင်တဲ့  စနစ်ကို ဆောင်ရွက်မယ် …

# ပညာရေးဝန်ထမ်းတွေရဲ့ အရည်အသွေးနဲ့  …
လူမှု ဘ၀မြင့်မားရေးကို ဆောင်ရွက်မယ် …
သူတို့ ရဲ့ စွမ်းရည်မြင့်လာတာနဲ့ အမျှ …
ဗဟိုချုပ်ကိုင်မှုကို လျော့ချသွားမယ် …
ဒီလိုမျိုး ပါဝင်တာ တွေ့ ရပါတယ် ....

ဒီဥပဒေမှာ ....
ပညာရေး စနစ်ကို သုံးမျိုး ပိုင်းခြားထားပါတယ် …
အခြေခံပညာရေး ...
နည်းပညာ နှင့် သက်မွေးပညာရေး နဲ့  …
အဆင့်မြင့် ပညာရေး တို့ ဖြစ်ပါတယ် …

အခြေခံပညာရေး
==========
အခြေခံပညာကို ....
မူလတန်း ၊ အလယ်တန်း နဲ့  …
အထက်တန်းဆိုပြီး ....
အဆင့်သုံးဆင့်ပိုင်းခြားတယ် …

၁၂ နှစ် သင်ယူရမယ် …
အဆင့်တစ်ခုစီအတွက် သင်ယူတတ်မြောက်မှုကို ….
စစ်ဆေးအကဲဖြတ်ခံရမယ် …
အင်္ဂလိပ်စာကို မူလတန်းက စသင်ယူရမယ် …

နည်းပညာ နှင့် သက်မွေးပညာရေး
====================
အမျိုးအစား လေးမျိုးခွဲခြားပါတယ် …
မူလတန်းအောင်တဲ့ သူတွေ တက်နိုင်တဲ့  ပညာရေး
အလယ်တန်း အောင်တဲ့ သူတွေ တက်နိုင်တဲ့  ပညာရေး
အထက်တန်း အောင်တဲ့ သူတွေ တက်နိုင်တဲ့  ပညာရေး
မည်သူမဆို တက်နိုင်တဲ့  ပညာရေး တို့ ဖြစ်ပါတယ် ….

ဒီသင်တန်းတွေရဲ့ သင်ရိုးညွှန်းတမ်း …
သင်တန်းကာလ နဲ့  ...
အပ်နှင်းမယ့် ဒီပလိုမာ အမျိုးအစားတို့ ကို …
သက်ဆိုင်ရာ ၀န်ကြီးဌာနက သတ်မှတ်မှာ ဖြစ်ပါတယ်…

အဆင့်မြင့်ပညာရေး
============
ကျောင်းတွေအားလုံး ….
လွတ်လပ်စွာ အုပ်ချုပ်ခွင့် စီမံခန့် ခွဲခွင့် ရှိတယ်...
သင်လိုတဲ့ ပညာရပ်နဲ့ ကျောင်းကို ….
လွတ်လပ်စွာရွေးချယ်သင်ယူနိုင်တယ် …
သို့ သော် ကျောင်းက သတ်မှတ်တဲ့  ….
အရည်အချင်းတော့ ပြည့်မီရမယ် …

ကျောင်းတွေဟာ …
သုတေသနနဲ့  ပညာရပ်ဖွံ့ ဖြိုးမှုကို ဦးစားပေးရမယ် …
အဆင့်မြင့် ပညာရေးမှာ ….
အဝေးသင်စနစ်ကိုလည်း ထည့်သွင်းကျင့်သုံးမယ် …

=================================

ဒီဥပဒေထဲမှာ ပါတဲ့ ....
အခြား အရေးကြီးတဲ့ အချက်တွေကတော့ …

၁။ ပညာရေး ဆုံးခန်းမတိုင်ခဲ့သူတွေ …
ဆက်လက်သင်ယူနိုင်အောင် စီစဉ်ပေးရမယ် …

၂။ မသန်စွမ်းသူများအတွက် ….
အထူးပညာရေးကျောင်းတွေ ဖွင့်လှစ်မယ် ..
ပုဂ္ဂလိကကိုလဲ ဖွင့်ခွင့်ပြုမယ် …

၃။ အရေးပေါ်အခြေအနေ ဖြစ်နေတဲ့  …
ဒေသက ကလေးတွေအတွက် …
ရွေ့ လျားစာသင်ကျောင်းတွေ စီစဉ်ပေးရမယ် …

၎။ အခြေခံပညာအဆင့်မှာ မြန်မာဘာသာ …
ဒါမှမဟုတ် အင်္ဂလိပ်ဘာသာ နဲ့ သင်ယူနိုင်တယ် ..
နှစ်ဘာသာလုံး နဲ့  သင်ယူချင်လည်း ရတယ် …
လိုအပ်ရင် တိုင်းရင်းသား ဘာသာစကား တစ်ခုခု နဲ့  …
တွဲဖက် သင်နိုင်တယ် …

၅။ မိဘတွေဟာ ကလေးတွေကို ….
မသင်မနေရပညာရေးစနစ် …
မူလတန်းအဆင့် ပြီးဆုံးသည်အထိ ကျောင်းထားရမယ် …

၆။ ဥပဒေ နဲ့  အညီ ဖွင့်လှစ်ထားတဲ့  …
ဘယ်ကျောင်းမှာမဆို …
ကိုယ့် ကလေးကို အပ်နိုင်တယ် ….

၇။ ကျောင်းဆရာတွေဟာ စာသင်ဖို့ အတွက် ….
သတ်မှတ်ထားတဲ့  ဘွဲ့  ၊ ဒီပလိုမာတွေ ရရှိရမယ် …

၈။ ဆရာတစ်ဦး မှာ ရှိရမယ့် အရည်အချင်းတွေကို …
သူသင်ကြားမယ့် အဆင့်အလိုက် …
ဝန်ကြီးဌာနက သတ်မှတ်ပေးမယ် …

၉။ ပညာရေးအဆင့်တိုင်းအတွက် …
အရည်အသွေး အကဲဖြတ်မှုကို …
ကျောင်းတွင်းကရော အပြင်ကပါ စစ်ဆေးမယ် …

၁၀။ စစ်ဆေးရမယ့် စံနူန်းတွေကို …
အမျိုးသားပညာရေးကော်မရှင်က သတ်မှတ်ပေးပြီး …
စစ်ဆေးမယ့် ကော်မတီကို ဖွဲ့ စည်းပေးမယ် …

၁၁။ ကျောင်းတွေဟာ …
ပြည်တွင်းပြည်ပက အလှူငွေနဲ့  …
ပစ္စည်းတွေကို လက်ခံနိုင်တယ် …
ဒီငွေတွေကို ပညာရေးကိစ္စကလွဲလို့  ….
တစ်ခြားနေရာ မသုံးရဘူး …
ဘယ်လို သုံးစွဲတယ်ဆိုတာကိုလည်း စစ်ဆေးခံရမယ် …

==============================

ပြသနာတက်နေတာက ….
ဒီကိစ္စ ဖြစ်ပါတယ် ……
အမျိုးသား ပညာရေးကော်မရှင် ဖွဲ့ စည်းပြီး …
ပညာရေးစနစ်ကို အကောင်အထည်ဖော်မယ် ဆိုလို့ ပါ …

ကောင်းပြီ ….
အမျိုးသား ပညာရေးကော်မရှင်ကို …
ဘယ်လို ဖွဲ့ စည်းလဲ ကြည့်ရအောင် …

အမျိုးသား ပညာရေးကော်မရှင်ကို …
အစိုးရက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဌ …
( ဒု သမ္မတ လို့ ဆိုပါတယ် )
သက်ဆိုင်ရာဝန်ကြီးများ ၊ တိုင်းရင်းသား ပညာရှင်များ …
အခြား သင့်လျော်သော ပုဂ္ဂိုလ်များ နဲ့ ဖွဲ့  စည်းပြီး ….
ပြည်ထောင်စုလွှတ်တော် ကို တင်ပြ အတည်ပြုရပါမယ် …

လွှတ်တော်က အချိန်မရွေး ….
ဒီကော်မရှင်ကို ပြင်ဆင်ဖွဲ့ စည်းနိုင်ပါတယ် …

ကော်မရှင်က ဘာတွေလုပ်ပိုင်ခွင့်ရှိလဲဆိုတော့ …
ပညာရေးမူဝါဒတွေ အခြေခံမူများ ….
ပညာရေးစီမံကိန်းများနှင့် ပတ်သက်ပြီး ...
သုံးသပ်အကြံပြု လမ်းညွှန်ခြင်း ….

ပညာရေး အရည်အသွေး ...
စံချိန်စံညွှန်းသတ်မှတ်ဖို့ အတွက် …
လိုအပ်သော မူဝါဒများ ချမှတ်ခြင်း …

ပြည်တွင်းပြည်ပ …
ငွေကြေးအထောက်အပံ့ နှင့်ပတ်သက်သော ...
မူဝါဒများ ချမှတ်ခြင်း …

ပြည်တွင်းပြည်ပကျောင်းများ ….
ဖွင့်လှစ်ခြင်း ရပ်ဆိုင်းခြင်း ….
ပိတ်သိမ်းခြင်းနှင့် ပတ်သက်သော မူဝါဒများ ချမှတ်ခြင်း …

တက္ကသိုလ် ကောလိပ်များ၏ ….
လွတ်လပ်စွာ စီမံခန့် ခွဲမှုကို မထိခိုက်စေဘဲ …
မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနိုင်းပေးခြင်း…
ဒါတွေကို လုပ်ဆောင်မယ်လို့  သိရပါတယ် …

ဆန္ဒပြနေတဲ့ သူတွေ မကျေနပ်တာက …
ဒီအမျိုးသား ပညာရေးကော်မရှင် ရှိနေတဲ့ အချက်ကို …
လက်မခံကြတာလို့ သိရပါတယ် …

ကျွန်တော့် အမြင်ကတော့ …
ဒီ အမျိုးသားပညာရေး ဥပဒေဟာ ..
ဗဟိုချုပ်ကိုင်မှု ....
အတော်အသင့်ရှိနေသေးတာ မှန်ပါတယ် …

သို့ သော်လည်း …
တစ်ဆက်တည်း တွေးမိလာတာက …
ကိုယ့်ဆီက ကျောင်းတွေကရော …
အစိုးရက လုံးဝ ၀င်မပါတော့ဘဲ …
မင်းတို့  လုပ်ချင်တာ လုပ်ကြတော့လို့  …
လွှတ်ပေးရလောက်အောင် ….
အဆင့်မြင့်နေကြပါပြီလား ?????

သင်ချင်ရာသင်တော့ ဆိုတဲ့ အချိန်…
ကျောင်းတွေမှာ မဟုတ်တရုတ်တွေ လျောက်သင်ပြီး …
နိုင်ငံရေး ဘာသာရေး ….
အစွန်းရောက် ကလေးတွေ ပေါ်ထွက်မလာပါဘူးလို့  …
ဘယ်သူများ တာဝန်ယူပါသလဲ ????

အမျိုးသား ပညာရေး ဥပဒေဟာ …
ပြည်နယ်နဲ့ တိုင်း ၁၄ခု အတွက် ခြုံငုံဆွဲရတာပါ …
ရန်ကုန်နဲ့  မန်းလေးတင် …
ကွက်ကွက်လေး စဉ်းစားလို့ မရပါဘူး …

ဥပမာ တစ်ခုပေးပါမယ် …
ဘူးသီးတောင် မောင်တောက ...
ပုဂ္ဂလိကကျောင်းတစ်ခုကို …
အစိုးရထိန်းချုပ်မှု အောက်က …
လွှတ်ပေးသင့်ပါပြီလား ????
ဒီမေးခွန်းကို အမှန်အတိုင်း ဖြေကြည့်ပါ ….

ဒီ အချက်တွေ ထည့်မစဉ်းစားဘဲ ….
မျက်လုံးစုံမှိတ်ပြီး ….
ကျွန်ပညာရေး ဥပဒေ လို့  …
တွင်တွင် ထအော်နေတာကတော့ …
သောက်ကဲပိုလွန်းတယ်လို့ ပဲ ….
ထင်မြင်ယူဆမိပါကြောင်း …။ ။

( ရဲမိုး )

No comments: