Monday, November 17, 2014

တပ်မတော်ကို စစ်တပ်ဟု ဘာ့ကြောင့် ခေါ်သလဲ ? ----------------------

----------------------
မြန်မာနိုင်ငံ၏ တပ်မတော်ကို ၁၉၄၅ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဖြင့် ထိုင်းနိုင်ငံရှိ ဘန်ကောက်မြို့၌် စတင်သန္ဓေတည်ခဲ့ပါသည်။ ပထမဦးဆုံးသော အမည်မှာ ဗမာ့လွတ်လပ်ရေးတမ်တော် ( BIA ) ဟူ၍ဖြစ်သည်။ ထိုမှတဆင့် ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)၊ ဗမာ့မျိုးချစ်တပ်မတော်(PBF)
စသည်ဖြင့် ပြောင်းလဲ လာခဲ့သည်။ ဘယ်သောအခါမှ စစ်တပ်ဟူ၍ ရေးသားခြင်း၊ ခေါ်ဆိုခြင်း မရှိခဲ့ပါ။

ယနေ့ခေတ် လူအများနေ့စဉ်နှင့်အမျှ သုံးစွဲပြောဆိုနေသည်မှာ စစ်တပ်ဟူ၍သာဖြစ်သည်။ စစ်တပ်ဟု ဖြစ်ပေါ်လာရခြင်းသည် ဗကပ တို့၏ မြန်မာ့တပ်မတော်အား တိုက်ခိုက်စဉ်အခါဝယ် (နေ၀င်းခွေး) များဟု ချိုးနှိမ်ခေါ်ဝေါ်ပြီး ဒေါသစိတ်တို့ကို နှိုးဆွခြင်းများပြုလုပ်ခဲ့သည်။ ဤသည်မှစ၍ နောက်ပိုင်းတွင် (စစ်ခွေး) ဟုခေါ်ဝေါ်ခဲ့သည်။ သို့သော် ပြည်ပအသံလွှင်ဌာနများကမူ ဗကပ တို့၏ မြန်မာ့တပ်မတော်အပေါ် ချိုးနှိမ်ခေါ်ဝေါ်ခြင်းကို အစွဲပြုပြီး စစ်ခွေးဟု တိုက်ရိုက်မခေါ်ဝေါ်ပဲ စစ်တပ်ဟုသာ ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် (Political Warfare) အရမိမိတို့ ၀ါဒဖြန့်တိုက်ခိုက်လိုသောသူ သို့တည်းမဟုတ် ပစ်မှတ်ထားရာ အဖွဲ့အစည်းအား ချိုးနှိမ်ခေါ်ဝေါ်ပြီး တိုက်ခိုက်ခြင်းဖြစ်သည်။ ပြည်ပအသံလွှင်ဌာနများသည် မြန်မာ့တပ်မတော်ဟူ၍ ဘယ်သော
အခါမျှပြောဆိုသုံးစွဲခြင်းမရှိခဲ့ပဲ၊ မြန်မာစစ်တပ်ဟုသာ ခေါ်ဝေါ် သုံးစွဲခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ ၄င်းအပြင် လက်နက်ကိုင်အဖွဲ့အစည်းများအား တပ်မတော်ဟူ၍ ပြောင်းလဲခေါ်ဆို ပြန်သည် (ရခိုင်တပ်မတော်၊ ကချင်တပ်မတော်၊ ကရင်တပ်မတော်)။

ထိုနည်းတူစွာ ပြည်ပအသံလွှင်ဌန တို့သည် နိုင်ငံရေးစစ်ဆင်မှုအရ ပြည်တွင်းပဋိပက္ခများ (Conflicts) ကိုလည်း ပြည်တွင်းစစ် (Civil War) အဖြစ်သုံးစွဲခဲ့ကြပြန်သည်။ ဤသည်မှာ ကုလသမဂ္ဂ၏အတည်ပြုချက်အရ ပြည်တွင်းစစ်တွင် ပြည်ပနိုင်ငံများက ပါဝင်နိုင်သည်။ သာဓက ပြရလျှင် အီရတ်နိုင်ငံပင်ဖြစ်ပါသည်။ ၄င်းတို့သည် ပြည်တွင်းစစ်ဖြစ်သည်ဟု ကြေညာပြီး အမေရိကန်နိုင်ငံဝင်ရောက် စွတ်ဖက်ခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းများ ဟုတ်သည်မဟုတ်သည်ကို ယနေ့ခေတ်မီဒီယာများတွင်သာမက လွန်ခဲ့သည့် နှစ်ပေါင်းများ စွာကပင် ပြည်ပအသံလွှင့်ဌာနများ၏ သုံးစွဲပုံကို သတိပြုမိ လျှင်သိရှိနိုင်ပေမည်။

၎င်းအပြင် စစ်တပ်ဟုခေါ်ဆိုရခြင်းရှိပေသေးသည်။ တပ်မတော်ဟူသည် နိုင်ငံတစ်နိုင်ငံလုံး၏ တိုင်းရင်းသားလူမျိုး ပေါင်းစုံဖြင့်ဖွဲ့စည်းထားခြင်းဖြစ်။ မိမိတို့၏ နေအိမ်၌ မိခင်တစ်ဦးတည်းမှ မွေးဖွားသော ညီအစ်ကိုမောင်နှမများပင်လျှင် စိတ်ဓါတ်အရ တစ်သားတည်းမဖြစ်ပေ။ ထို့ကြောင့် တပ်မတော်တွင် လည်းအကျင့်စာရိတ္တ မကောင်းသူများလည်းရှိခဲ့ ပေသည်။ ဤသည်ကြောင့် ဥပဒေနှင့်မလွတ်ကင်းသော ကိစ္စရပ်များကို ကျူးလွန်ခဲ့သူများလည်းရှိခဲ့ပါသည်။ ၄င်းတို့ကို တပ်မတော်အနေဖြင့် ထိထိရောက်ရောက် ပြင်းထန်စွာ အရေးယူအပြစ်ပေးခြင်းများရှိခဲ့ပါသည်။ တပ်မတော်၏ အက်ဥပဒေသည် အရပ်ဘက်တည်ဆဲ ဥပေဒထက် ပိုမိုပြင်းထန်ပြီး တပ်မတော်သားတိုင်းသည် ထိုဥပဒေနှစ်ရပ်လုံးကို လိုက်နာကြရပေသည်။

ထို့ကြောင့် ပြစ်မှုခံရသော တပ်မတော်သား အရာရှိ၊ စစ်သည်များသည် ယနေ့ခေတ်ကာလ (မီဒီယာလွတ်လပ်) သို့ရောက်ချိန်တွင် ၄င်းတို့၏ပြစ်မှုများကို ဖုံးကွယ်ရန်အတွက်လည်းကောင်း၊ ၄င်းတို့ လူဝင်ဆံ့ရန်အတွက် လည်းကောင်း တပ်မတော်အပေါ် ပြည်သူတို့အထင်အမြင်လွှဲများစေနိုင်သည့် အသုံးအနှုန်းများဖြင့် ပုတ်ခတ် ပြောဆိုရေး သားကြရာမှ စစ်တပ်ဟူ၍လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါသည်။

နိုင်ငံတစ်နိုင်ငံ၏ အဓိကကျဆုံးသော အချက်မှာ အချုပ်အခြာအာဏပင်ဖြစ်သည်။ မိမိတို့၏ အချုပ်ခြာ အာဏာကို ထိခိုက်မှုမရှိအောင်ကာကွယ်ရန် အဓိကျဆုံးတာဝန်ရှိသူမှာ တပ်မတော်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံကို ဖြိုခွဲဖျက် ဆီးရန်အတွက် ပြည်သူနှင့် အစိုးရ ၊ ပြည်သူနှင့် နိုင်ငံကိုကာကွယ်နေသော တပ်မတော်တို့ကို သွေးခွဲပြီး ထိုနိုင်ငံကို ၀ါးမြိုရန်အတွက် အသုံးပြုလာခဲ့ကြသည်။ အချို့သော ဆန့်ကျင်ဘတ်အဖွဲ့အစည်းများသည်လည်းမြန်မာနိုင်ငံတော်ကို
ပြိုကွဲစေခြင်းလို့ငှာ တပ်မတော်အပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ မီဒီယာများမှတစ်ဆင့် စစ်တပ်ဟု တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြောင်း လေ့လာတွေရှိရသဖြင့် ဤဆောင်းပါအား ရေးသားတင်ပြလိုက်ရပါသည် ။

ME™ —







No comments: