Friday, November 14, 2014

ဂွင်ဝေး နေတဲ့ ၈၈ ပွင့်လင်း

တစ်နေ့သ၌ ကျွန်ုပ် ဆားပုလင်းရေကျင်းပြောင် သည် လကုန်ခါနီးရက်မို့ အိမ်ရှိ စာကြည့်စားပွဲတွင် ဆံပင်၏အထူတမျှ ကြီးမားလှသော မျက်မှန်ကြီးအား ပင့်ကာ ပင့်ကာ ဖြင့် အမှုတွဲများဖတ်နေစဉ် တပည့်ကျော် စံပြူး မှာ အမောတကောဖြင့် စာကြည့်ခန်းထဲသို့ ပေါက်ချလာလေသည်။ ထို့အတူ ထိုင်ခုံပင် ဖင်မကပ်သေး “ဒုက္ခပဲ ဆရာရေ…” ဟု အစချီကာညည်းညူ၍ ၀င်လာလေသည်။

ကျွန်ုပ် ။     ဘယ်လို ဖြစ်တာတုန်း စံပြူးရ။

စံပြူး ။    ဒီလို ဆရာရေ KKO က ဗက အဆင့်ရှိတဲ့ ပြန်ကြားရေးတာဝန်ခံ အောင်နိုင် ကို စစ်တပ်က ပစ်သတ်လိုက်သတဲ့ဗျ။

ကျွန်ုပ်။    ဟေ…ဟုတ်လား…ဘယ်လိုဖြစ်တာလဲ ။ မင်းဘယ်လိုကြားလဲ ။

စံပြူး ။ ဒီလိုဆရာ ရ ။ စစ်တပ်က ကင်းသမားဆီက နေတ်လုထွက်ပြေးဖို့လုပ်လို့ ပစ်ထည့် လိုက်တာ ပြောတယ်။

ကျွန်ုပ်။      ဟုတ်လား ။ ဒါဆို ရင်တော့ ပစ်မှာပေါ့ကွ ။ကင်းသမားဆီက သေနတ်သွားလုတာကိုး။

စံပြူး ။ ဟုတ်တော့ဟုတ်တာပေါ့ ဆရာရ ။ အခု အဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ၈၈ ပွင့်လင်းက မင်းကိုနိုင်တို့ ၊ မြအေးတို့ ၊ ကိုကိုကြီး တို့ က ဆန္ဒပြဖို့ လူတွေလိုက်စုနေတယ်တဲ့ဗျ ။

ကျွန်ုပ်။ ဟေ..ဟုတ်လား (ကျွန်ုပ်ကား မျက်မှန်ကြီးကိုပင့်လျှက်) ။ ဒါနဲ့သူတို့က ဘာကိုပြမှာတုန်း။

စံပြူး ။ ဒါတော့ မသိသေးဘူးဆရာရ ။ ထုံးစံအတိုင်း လွှတ်ပေးတို့ ၊ တရားဥပဒေ စိုးမိုးရေးတို့ အမှုမှန်ပေါ်ပေါက်ရေးတို့ လုပ်မှာဖြစ်မှာပေါ့ ဆရာရ ။

ကျွန်ုပ်။ ဟမ်..ဘာဆိုင်လို့တုန်းကွ ။ ဟိုက သူပုန်သေနတ်လုပြေးဖို့လုပ်တာ သူတို့က ဆန္ဒပြမယ် ဆိုတော့ သူတို့ သူပုန်အားပေးတွေလား ၊ သူပုန် ကြံရာပါတွေလား ။

စံပြူး ။  ဒါတော့ မသိဘူးဆရာရ (စံပြူးမှာကား ခေါင်းကိုကုတ်လျှက်) ။ သူတို့ ပြောတာတော့ အလွတ်တန်းသတင်းထောက်လို့ပြောတယ်ဆရာ ရ။ ဒါကြောင့် အလောင်းဖော်ခွင့်ပေး အလောင်းစစ်ခွင့်ပေးလို့ ပြောသံကြားနေရတယ် ဆရာ။

ကျွန်ုပ် ။   အေးလေ စစ်ချင်တာ စစ်ပေါ့ ။ တကယ်လို့ စစ်တဲ့အခါ စစ်တပ်က ပြောသလို ကျည်ဆန် ကြောင့်သေတာ မဟုတ်ပဲ နှိပ်စက်လို့ သေတာဆိုရင် တရားစွဲမှာပေါ့ ဟုတ်လား။

စံပြူး ။     အဲ့လိုပဲ ထင်တာပေါ့ ဆရာ။

ကျွန်ုပ်။    ဒါ ဆို စစ်တပ်က ပြောတဲ့အတိုင်း ဟုတ်တယ် မှန်တယ် ဖြစ်နေခဲ့ရင် သူတို့ကို သူပုန်အား ပေး ၊ သူပုန်နဲ့ အဆက်အသွယ်ရှိတဲ့သူတွေအဖြစ်တရားစွဲခံမယ်ပေါ့ အဲ့လိုလား..

စံပြူး။    ဒါတော့ ကျွန်တော် လည်း မသိဘူးလေးဆရာ

ကျွန်ုပ်။    မင်း သိတာဘာရှိလဲ ဖောင်..(အမှုတွဲများဖြင့် ရိုက်လိုက်သည်)

စံပြူး။     ဒါဆို ကျွန်တော်တို့ ဘာတွေပြင်ဆင်ထားရမလဲ ဆရာ

ကျွန်ုပ်။     ဟ..ဘာပြင်ဆင်ရမှာလဲဟ..မင်းအမှုပေါင်း ဒီလောက်လိုက်လာတာမသိသေးဘူးလား..

စံပြူး     ဘာကို သိရမှာလဲဆရာ..။

ကျွန်ုပ်။    အ..ရန် ကောကွာ။ ဒီမှာ ၈၈ ပွင့်လင်းအကြောင်းလည်း မင်းမသိတာ မဟုတ်ဘူး ။ဒီကောင် တွေ ဂွင်ဝေး လို့ ထလုပ်တာကွ ။

စံပြူး။      ဗျာ…ဘယ်လိုဆရာ ..ဂွင်ဝေး လို့ ဟုတ်လား..(စံပြူးမှာကား ရယ်ချင်ပက်ကျိဖြစ်လျှက်)

ကျွန်ုပ်။    ဟေ့ရောင် ငါပြောတာ ရိုးရိုး။ မင်းအတွေးမချော်နဲ့။ဒီကောင်တွေ ဒီလိုလုပ်စားဂွင် မရှိလို့ ငြိမ်နေတာ ဘယ်လောက်ကြာပြီလဲ။ ဒဂုန်တာရာ ဈာပနာမှာလည်း လူစွာလုပ်ပြီး အလံ သွားအုပ်လို့ ဆူဆူညံညံ ကြားပြီးမဟုတ်လား။ အဲ့နောက်ပိုင်း ဦးဝင်းတင်ကြီးတုန်းကလည်း
အခုပဲ အခေါင်းထဲ ဆင်းလိုက်တော့မလိုနဲ့။နောက်တော့ ၁ လပြည့်လား နှစ်ပတ်လည်လား တောင် မသိတဲ့ကောင်တွေမဟုတ်လား။ အဲ့နောက်ပိုင်း ဂွင်ပျောက်လို့ အသာငြိမ်နေတာ။ အခုတော့ ဂွင်ဝေးနေတဲ့ကောင်တွေ အဆင်ပြေသွားတာပေါ့ကွာ။(ကျွန်ုပ်ကား အမှုတွဲအား ဆက်၍ဖတ်လိုက်သည်။)

စံပြူး။     ဟုတ်တယ်နော် ဆရာ ။ ဒီကောင်တွေမြ၀တီမှာလက်နက်ကိုင်အဖွဲ့တွေက လက်နက်ကြီး နဲ့ပစ်လို့ အရပ်သား ၄ ဦး သေပြီး ၊ အများအပြား ဒဏ်ရာ ရတုန်းကလည်း အသံမထွက်၊ လိပ်ကျွန်းလူသတ်မှု မှာ မြန်မာ ၂ ယောက် ဓားစာခံဖြစ်တော့လဲ အသံတိတ်၊ မလေးရှားမှာ မြန်မာတွေ ခနခနဓားခုတ်ခံရတုန်းကလည်း ဘယ်နားပုန်းနေမှန်းမသိဘူး။ အခုမှ အသံ
ထွက်လာတယ်။ သေလူတွေနဲ့လုပ်စားရတာ ၀ါသနာလားမသိဘူးဆရာ။

ကျွန်ုပ် ။     ကြွက်သေတစ်ခု အရင်းပြု ဆိုတဲ့စကား ဟာ ဒါမျိုးပေါ့ကွ စံပြူးရ။

စံပြူး။ ဟုတ်ကဲ့ဆရာ ။      ဒါဆို ကျွန်တော် တပ်ဖွဲ့ဝင်တွေကို ၈၈ ပွင့်လင်းကကောင်တွေ ဂွင်ဝေး နေလို့ လုပ်တာ ဘာမှ ပြင်ဆင်မထားနဲ့လို့သွားမှာလိုက်မယ်ဆရာ။

ကျွန်ုပ်။   အေး ..အေး ..၈၈ ပွင့်လင်းက ကောင်တွေ ဂွင်ဝေးနေလို့လုပ်တဲ့အကြောင်းကို
သေချာ ပြောနော်..။

စံပြူး။ ဟုတ်ကဲ့ဆရာ..ကျွန်တော် ဂွင်ဝေးနေတဲ့ ၈၈ ပွင့်လင်းအကြောင်း သေချာ ရှင်းပြလိုက်ပါ့ မယ်။

ကျွန်ုပ်။ အေး..အေး..ကောင်းပြီ။

စံပြုမှာကား ကျွန်ုပ်အား စလံပေး၍ စာကြည့်ခန်းမှ ရုတ်ချည်းဆိုသလို ထွက်ခွာသွားလေတော့သည်။
ထိုအခိုက် မိုးဖွဲလေးများ၏ ခေါင်မိုးသွပ်အား တရှိုက်မက်မက်နမ်းသည့်အသံကား ဆူညံ၍နေချေတော့သည်။

ဦးစစ်မင်း

No comments: