Friday, November 14, 2014

အာဏာအတွက် သာသနာဖျက်တော့မှာလား NLD ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မနက်စောစောစီးစီး NLD ကလုပ်တဲ့စာပေဟောပြောပွဲအမည်ခံ နိုင်ငံရေးမဲဆွယ်ပွဲမှာမှာ ထင်လင်းဦးဆိုသူ NLD တယောက်ရဲ့ မြတ်ဗုဒ္ဓနဲ့ သံဃာတော်တွေကို စော်ကားထားတဲ့ ဗီဒီယိုဖိုင်ကိုကြည့်မိပြီး စိတ်နောက်ညစ်ညူးအကုသိုလ်တွေအတုံးလိုက်အတစ်လိုက်ဝင်ရောက်လာပါတယ်။ထင်လင်းဦးဆိုသူဟာ သာကီယ၊သကျဆိုတဲ့ အနက်အဓိပ္ပါယ်မျှပင်မသိရှိပဲ ဗုဒ္ဓဘာသာကို ပါတီအတွက်။မူဆလင်အတွက် အစွမ်းကုန် မိုက်ရိုင်းယုတ်မာစွာစော်ကားထားပါတယ် ခွေးမျိုးလို့ကို ခိုင်းနှိုင်းစော်ကားထားပါတယ်။ ထင်လင်းဦးရဲ့ဟောပြောချက်ထဲမှာ အစ်ကိုက နှမကို မယူရင် နှမက အစ်ကို့ကို မယူ(နိုင်)ရင် သာကီမျိုးလို့မပြောနဲ့။ ဒို့က သာကီမျိုးလို့ သင်္ကန်းပတ်လာတဲ့ လူကြီးက ပြောလာရင် မင်းနဲ့ငါ ဆံပင်ရှိတာနဲ့ မရှိတာပဲ ကွာတယ်ကွ ဟကောင်ရဲ့လို့ပဲ ပြောလိုက်မယ်။ လူတွေက ကတုံးကြီးတုံးပြီး သင်္ကန်းပတ်လာရင် ဖင်ကုန်းဦးချတော့တာပဲ။ ဗုဒ္ဓဘာသာကို သင်္ကန်းဝတ်တွေ ဖျက်ဆီးနေတာ။ ဒီလောက် အမျိုးချစ်နေကြရင် မြတ်စွာဘုရားကို မကိုးကွယ်ကြနဲ့။ ဘုရားက တိုင်းရင်းသားဖြစ်တဲ့ ရှမ်းလည်းမဟုတ်ဘူး။ ကချင်လည်းမဟုတ်ဘူး။ ရခိုင်လည်းမဟုတ်လို့ မျိုးချစ်တွေ ကိုးကွယ်စရာမလိုဘူး။ မြတ်ဗုဒ္ဓနဲ့ ဗုဒ္ဓဘာသာတရပ်လုံးကို စော်ကားထားပါတယ်။ ယခုနောက်ပိုင်းသံဃာတော်ကိုစော်ကားနေကြတဲ့အရေးအသား၊အပြောဆိုပြုလုပ်ပြောဆိုသူအားလုံးဟာ NLD တွေ ပဲဖြစ်နေတာကို ၀မ်းနည်းစွာတွေ့မြင်နေရပါတယ်။ အင်တာနက်စာမျက်နှာနဲ့တရားဝင်ပုံနှိပ် မီဒီယာတွေမှာ အမျိုး၊ဘာသာ၊သာသနာကိုစော်ကားကြတာဟာ မူဆလင်ကုလားနဲ့ NLD တွေပဲဖြစ် နေပါတယ်။ဘာသာသာသနာကိုစော်ကားရာမှာ မူဆလင်နဲ့ NLD က လေသံတလေသံထဲဖြစ်နေပါတယ်။ မူဆလင်ကုလားကစော်ကားတာကို ဘာမှမခံစားရပေမဲ့ သံဃာထုတရပ်လုံးနဲ့ ပြည်သူလူထုတွေအားလုံးက အားကိုးတကြီးမျှော်လင့်အားပေးခဲ့ရတဲ့ NLD ပါတီကစော်ကားတာကိုတော့ အသဲပေါက်မတတ်နာ ကျင်ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလဲဒကာမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံကိုတာဝန်ယူထားရပါတယ်ဆိုတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်တဲ့ တော်ဝင်နှင်းဆီ ဦးစိုးညွှန့်ဆိုသူကလည်း ပြည်သူတွေကို ငတုန်းတွေလိုဆိုပြီး မဘသဆရာတော်တွေကို“ခွေးနေရာခွေးနေလူရောလူနေလို့”ဆိုပြီး ခွေးနဲ့နှိုင်းပြီးတောင်စော်ကားခဲ့ပါသေးတယ်။ အာဏာအတွက် ၊မူဆလင်အတွက် ဒီလောက်အထိ မိုက်မိုက်ရိုင်းစော်ကားနေသော်လည်း ပါတီလူကြီးတယောက်ကမှ တားမြစ်ထိန်းကြောင်းပေးတာမပြုလုပ်ပဲ လက်ခုတ်တီးသြဘာပေးကာ အားပေးအားမြှောက်တောင်လုပ်ခဲ့ ကြပါသေးတယ်။ NLD တွေသိထားဖို့ မဘသ ဆရာတော်နဲ့ အမျိုးဘာသာ၊သာသနာစောင့်ရှောက်ရေး ဆိုတဲ့အဓိပ္ပါယ်ကို ပြောပြချင်ပါတယ်။ မဘသ ကိုဦးဆောင်တဲ့ဆရာတော်တွေဟာ သီလ၊သမာဓိ၊ပညာ အားလုံးပြည့်စုံတဲ့ ပရိယတ္တိ၊ပဋိပတ္တိအကျော်အမော်ဆရာတော်ချည်းသာဖြစ်ပါတယယ်။ မဘသ ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီးဆိုရင် NLD ကိုအားပေးကူညီထောက်ခံလို့ ဆရာတော်ကြီးတန်မဲ့ စစ်အာဏာရှင်တို့ရဲ့ ထောင်တွင်းအကျဉ်းချခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ဒုတိယဥက္ကဋ္ဌဖြစ်တော်မူတဲ့ သီတဂူဆရာတော်ဘုရားကြီးဆိုရင်လည်း ကမ္ဘာကျော်သာသနာပြုဆရာတော်တပါးဖြစ်ပါတယ်။ သီတဂူဆရာတော်ကြီးလည်း စစ်အစိုးရကိုဆန့်ကျင်လို့ စစ်အစိုးရဲ့ရန်ကြောင့် ပြည်ပမှာ တိန်းရှောင်ခဲ့ရပါတယ်။ ဓမ္မကထိဆရာတော်တွေ၊ကမ္မဋ္ဌာန်းပြဆရာတော်တွေ၊ဂဏ၀ါစကစာချဆရာတော်အားလုံးဟာ မဘသဆရာတော်ပဲဖြစ်တယ်။သာသနာ့ဦဆောင်တွေဖြစ်တဲ့ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးနဲ့ လောကီ အရေးတွေနဲ့လုံးဝကင်းကင်းရှင်းရှင်းနေတဲ့ တိပိဋကဓရ ယောဆရာတော်ကြီးပင် မဘသ နဲ့ အမျိုးစောင့်ဥပဒေဟာအနာဂတ်ဗုဒ္ဓဘာသာနဲ့ မြန်မာပြည်အတွက်အမှန်တကယ်လိုအပ်လို့ ထောက်ခံအားပေး လက်မှတ်တော်ထိုးခဲ့ပါတယ်။ သုတဗုဒ္ဓလို့ဆိုရတဲ့ တိပိဋကဓရ ဆရာတော်အားလုံးဟာလုံး မဘသ ကိုအပြည့်အ၀ထောက်ခံသလို ကိုယ်တော်တိုင်လဲ အားခွန်ခွန်စိုက် သာသာနာအတွက် ဆောင်ရွက်နေပါတယ်။ မဘသဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဆရာတော်ဦးဝီရသူ ဆိုရင်လဲ စစ်အစိုးရကိုဆန့်ကျင်ကြောင်း NLD ကိုအားပေးကြောင်းပြောလို့တရားဟောပလ္လင်အဖျက်ခံရသိလုနောက်ဆုံး ထောင်ဒဏ်အနှဏ်(၆၀)ကျော်အထိ အပြစ်ပေးခံ့ရသူပါ။ ဆရာတော်ဦးဝီရသူကို သူရဲကောင်းဆုဆိုပြီး NLD ကပဲပေးခဲ့ပါသေးတယ်။ ဆရာတော်ထောင်ကလွတ်လာတဲ့အခါမှာလဲ NLD ပါတီအတွက်တစိုက်မတ်မတ်လုပ်ဆောင်ပေးတုန်းက ဒို့ဘုန်းဘုန်းဆိုပြီးမြှောက်စားထားပြိးဆရာတော်ကNLDရဲ့မှားကွက်ကိုစေတနာနဲ့ထောက်ပြတဲ့အခါမှ ဘုန်းဘုန်းကနေ ကတုံးစုတ်လို့ပြောဘိုပြော စစ်ဘုန်းကြီးလို့ဆိုလို နည်းမျိုးစုံနဲ့စော်ကားကြပါတော့တယ်။ ယခု မဘသ သံဃာတော်အားလုံးဟာတချိန်တခါကစစ်အစိုးရကိုတော်လှန်ခဲ့ကြသူတွေ NLD ကိုထောက်ခံခဲ့ကြသူတွေပါ ၊ NLDကိုထောက်ခံတဲ့အတွက် တရားဟောပွဲများကိုပင်အပိတ်ခံရတာအားလုံး အသိပါ။ဒီနေမှာ အစိုးရကိုကော ပါတီတွေအားလုံးကိုပါ အသိပေးလိုပါတယ် သံဃာတော်တွေဟာ ဘယ်ပါတီအတွက်မှ အလုပ်လုပ်နေသူတွေမဟုတ်ပါဘူး ကိုယ့်နိုင်ငံနဲ့ လူမျိုး ဘသာ သာသနာအတွက်သာ ဘုရားရှင်ရဲ့ လမ်းစဉ်နဲ့အညီ ဉာတတ္ထစရိယအလုပ်ကိုပြုလုပ်နေကြတာပါ။ ဘယ်ပါတီအာဏာရတာ၊ မရတာကို စိတ်လဲမ၀င်စားပါဘူး၊ သံဃာတော်တွေဟာ သမ္မတတွေ၊၀န်ကြီးတွေဖြစ်ဖို့မပြောနဲ့ မဲပေးခွင့်တောင် ရကြတာမဟုတ်ပါဘူး။ ဒါ့ကြောင့် သံဃာတော်တွေရဲ့ လုပ်ဆောင်မှုတွေဟာ အဂတိကင်းလောဘကင်းတဲ့ ဖြူစင်တဲ့လုပ်ဆောင်မှုမျိုးဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်။ မဘသဦးဆောင်ဆရာတော်များအကြောင်းနဲ့သံဃာတော်တွေရဲ့သဘောထားကိုပြောပြပြီးတဲ့နောက် မဘသ ဆိုတဲ့အဓိပ္ပယ်ကိုလဲ ရှင်းပြလိုပါတယ်။ မဘသ ဆိုတာ အမျိုးဘာသာ သာသနာ၊ကာကွယ်စောင့် ရှောက်ရေးဆိုတဲ့ စကားရဲ့အတိုကောက်ပဲဖြစ်ပါတယ်။အမျိုးဘာသာ သာသနာ၊ကာကွယ်စောင့်ရှောက်ရေး ဆိုတာကိုလဲ ထပ်မံရှင်းပြလိုပါတယ်။ အမျိးဆိုတာ ပြည်ထောင်စုမြန်မာတိုင်းရင်းသား ၁၃၅ မျိုးကိုဆိုလိုပါတယ်။၁၃၅-မျိုးထဲမှာအကျုံးဝင်တဲ့တရုတ်အနွယ်၊ကုလားအနွယ်အားလုံးနဲ့ မြန်မာပြည်သား ဖြစ်ခွင့်ရှိသူအားလုံး ဒီအမျိုးဆိုတဲ့အထဲမှာ အကျုံးဝင်ပါတယ်။ဘာသာဆိုတာကတော့ ၁၃၅ မျိုးသော တိုင်းရင်းသားတွေကိုးကွယ်တဲ့ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊ဟိန္ဒူဘာသာ၊အစ္စလာမ်(မူဆလင်)ဘာသာအား လုံးကိုဆိုလိုပါတယ်။ မြန်မာမဟုတ် ဗုဒ္ဓဘာသာမဟုတ်တဲ့ မူဆလင်တွေကိုလဲ တခြားဘာသာခြားတွေကို စော်ကာတာကိုလည်း ကူညီပေးဖူး၊ကူညီပေးဆဲပါ၊သာသနာဆိုတာကတော့ ဗုဒ္ဓသာသနာတော်ပဲဖြစ်ပါတယ် အမျိုးစောင့်ဥပဒေဟာလည်း ဗုဒ္ဓဘာသာတွေအတွက်သီသန့်မဟုတ်ဘဲ ဘာသာပေါင်းစုံ အတွက် အကာအကွယ်ပေးထားတဲ့ ဥပဒေပဲဖြစ်ပါတယ်။ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ရင် ဘာသာရေးကြောင့်ဖြစ်တဲ့ ပြဿနာတွေ အဓိကရုန်းတွေ ရေရှည်မှာ ငြိမ်းအေးသွားပါလိပ်မယ်။ အမျိုးစောင့်ဥပဒေကို သေခြာလေ့လာခြင်းအမပြုပဲ မူဆလင်အကြို့က်ကန့်ကွက်ရှုတ်ချနေတာဟာ ဒီမိုကရေစီမဆန်သလို သူခိုးဓါးရိုးကန်း ကိုယ့်ပြသည်သူကို ကိုယ်ပြန်သတ်တာနဲ့အတူတူပဲဖြစ်ပါတယ်။ တကယ်တော့အမျိုးစောင့်ဥပဒေနဲ့အမျိးဘာသာ၊သာသနာတော်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွေဟာ အစိုးရနဲ့ နိုင်ငံရေးပါတီတွေက လုပ်ဆောင်ရမဲ့အလုပ်တွေပဲဖြစ်ပါတယ်။အစိုးရနဲ့ ၊ပါတီတွေဟာ တကယ်နိုင်ငံရေးအလုပ်ကိုမလုပ်ဘဲ အားဏာရရေးကိုသာ ဦးစားပေးလုပ်နေလို့ သံဃာတော်တွေဟာ အစိုးရနဲ့ ပါတီတွေအစား အမျိုးစောင့်ဥပဒေနဲ့ အမျိးဘာသာ၊သာသနာတော်စောင့်ရှောက်ရေး လုပ်ငန်းစဉ်တွေကို ပြုလုပ်နေရတာပဲဖြစ်ပါတယ်။ ပါတီတွေထဲမှာလဲ ဒီအမိုကရက်တစ်ပါတီ(မြန်မာပြည်) NDFပါတီ၊ စတဲ့နိုင်ငံရေးပါတီတွေကအမျိုးစောင့်ဥပဒေကိုထောက်ခံပါတော့လည်း မြန်မာနိုင်ငံရေးမှာ အရေးပါတဲ့ သံဃာတော်နဲ့ ပြည်သူတွေအားကိုးတဲ့ NLD ပါတီသာ မစူးစမ်းမဆင်ခြင်ဘဲ တိုင်းတပါးအကြို့ဆန့်ကျင်နေတာဖြစ်ပါတယ်။နောက်ဆုံးအနေဲ့အာဏာအတွက် သာသနာဖျက်တော့မှာလား NLDလို့မေးခွန်းထုတ်ရင်း နိဂုံးချုပ်လိုက်ပါတယ်။ (အာဏာနိုင်ငံရေး ၊ကျဆုံးပါစေ) ဓမ္မ၀ီရ အရှင်တေဇနိယ ဗုဒ္ဓဂယာ၊အိန္ဒိယ ဘုန်းကြီးတွေကို ငါနဲ့ ကိုင်မတုတ်ယုံတမယ် ဟောပြောမှု

No comments: