Monday, November 17, 2014

လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့လား… သောင်းကျန်းသူများအခွင့်အရေး လှုပ်ရှားသူများအဖွဲ့လား

တိုင်းရင်းသားဒေသ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက် မှုများ ဆက်လက်ရှိနေသည့်အခြေအနေများကို “Attacks on Peace” ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံရှိ လူ့အခွင့် အရေးလှုပ်ရှားသူများ က ဆွေးနွေးပွဲ ကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ နိုဝင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့တယ်လို့ သိလိုက်ရတယ်။

သူတို့ပြောတဲ့ရည်ရွယ်ရင်းက နိုင်ငံတကာက လက်ရှိတိုင်းရင်းသား နယ်မြေများ အတွင်း လူ့ အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို သိရှိစေရန်ရည်ရွယ် ၍ ဆွေးနွေးပွဲကျင်းပရခြင်း ဖြစ်တယ် တဲ့… ပြီးတော့ကချင်နဲ့ရှမ်းမြောက် ဘက်တွေမှာ စစ်တပ်ထပ်ဖြည့်လာတယ်။ကရင်ပြည်နယ်ထဲမှာလည်း စစ်ပွဲ ထပ်ဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်တာတွေရော ဖြစ်နေတယ်၊ အစရှိ သဖြင့်ပေါ့ ပြောနေကြ စကားလုံးတွေကို အရင်ကနဲ့တစ်မျိုး မရိုးအောင်ပြော ဆိုသွားကြတယ်။

ကဲ…ဆိုကြပါစို့… စစ်တပ်မရှိတဲ့နယ်မြေတစ်ခုပေါ့။ စစ်တပ်နဲ့လည်းလှမ်းတဲ့ ကချင်၊ ရှမ်း၊ ကရင် အစရှိသဖြင့်ပေါ့… နယ်မြေတစ်ခုခု ထဲမှာရှိတဲ့ ကချင်ဖြစ်ဖြစ် ရှမ်းဖြစ်ဖြစ် ကရင်ဖြစ်ဖြစ် ဗမာဖြစ်ဖြစ် အခြားတိုင်းရင်းသားဖြစ်ဖြစ်ပေါ့… အဲ့ဒီ တိုင်းရင်းသားတွေကို လက်နက်ကိုင်တိုင်းရင်းသားတွေက ဘာလုပ်နိုင်မလည်း၊ ဘာတွေလုပ်လိမ့်မလည်း။ စစ်တပ်နဲ့ ကင်းကွာတဲ့နေရာဒေသတွေမှာ လက်နက် ကိုင်တွေရဲ့ အတင်းအဓမ္မလူသစ်စုမှု၊ ဆက်ကြေးကောက်ခံရမှု၊ မုဒိမ်းမှုတွေ အစရှိသဖြင့် မဖြစ်ပေါ် လာနိုင်ဘူးလို့ အခုဆွေးနွေးသွားတဲ့အဖွဲ့အစည်းတွေက အာမ ခံနိုင်မလား။ တကယ်လို့ဖြစ်လာရင် အခု အဖွဲ့အစည်းတွေ က ဖြေရှင်းပေးနိုင် မလား။ ဖြစ်ပေါ်လာမယ်ဆိုရင် သူတို့လုပ်ရပ်တွေကို ရပ်တန့်နိုင် အောင် ဘယ်လို လုပ်ပေးနိုင်မလည်း… ဒါတွေကိုရှင်းလင်း ချပြနိုင်ရင်တော့ အခုတောင်းဆိုတဲ့ အစိုးရ ဘက်မှစစ်အင်အားတိုးချဲ့မှုများ၊ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်တန့်ရန်ဆိုတဲ့အချက်ကို အစိုးရ အဖွဲ့နဲ့ စစ်တပ်အကြီးအကဲတွေက လက်ခံစဉ်းစားလိုက်လျောပေးနိုင်မယ် ထင်တယ်။

အဲဒီတော့ပြောချင်တာက စစ်တိုက်တယ်ဆိုတာ ၂ ဖက်ရှိမှ တိုက်လို့ရတယ် ၊ တစ်ဖက်ကို စစ်အင်အားလျှော့ခိုင်းပြီး နောက်တစ်ဖက်က လူသစ်စုအင်အား တိုးချဲ့နေတာကို မျက်ကွယ်မပြုပါနဲ့၊ မသာမာနည်းနဲ့ချောင်းမြောင်းလုပ်ကြံပြီး အင်အားချိနဲ့အောင်လုပ်နေတာ ဘယ်အဖွဲ့လည်းဆိုတာ သိသိနဲ့ ဒီလို မျိုးတွေတောင်း ဆိုတာတော့ နည်းနည်း သံသယဖြစ်မိတယ်။ သူတို့(စစ်တပ်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့)လုပ်ရပ်တွေကိုပြောဖို့ ဘာလို့ ရေငုံနှုတ်ပိတ်နေသလည်းဆိုတာတော့ မစဉ်းစား တတ်အောင်ပဲ။

ဒါကြောင့် အဆိုပါ ဆွေးနွေးပွဲကျင်းပသွားကြတဲ့အဖွဲ့ဆိုတာ “ လူ့အခွင့်အရေး လှုပ် ရှား သူများအဖွဲ့လား… သောင်းကျန်းသူများအခွင့်အရေး လှုပ်ရှားသူ များ အဖွဲ့ လား ”လို့သာ မေးကြည့် လိုက် ချင်တော့တယ်။

written by မင်းဇေယျ

From >> Htar nay





No comments: