Friday, November 14, 2014

ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအများစု မပြင်ဆင်သင်...


ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအများစု မပြင်ဆင်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ) အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအများစု မပြင်ဆင်သင့်ကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်က ဆွေးနွေးရာတွင် “ပုဒ်မ ၅၉(စ)နဲ့ပတ်သက်ပြီးတော့ ကိုယ်စားလှယ်များ သိရှိနိုင်ရေး တင်ပြလိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီများ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်များအသီးသီးက ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးချက်များအရ မဲခွဲဆုံးဖြတ်ခြင်း ပြုလုပ်တဲ့နေရာမှာ ကော်မတီဝင် ၃၁ ဦးအနက် ၂၆ ဦး အစည်းအဝေးတက်ရောက်ခဲ့ပြီးတော့မှ ငါးဦးသာ ပယ်ဖျက်ရန် စကားအသုံးအနှုန်းပြောင်းရန် အဆိုပြုခဲ့ပြီး ကျန် ၂၁ ဦးက မူလအတိုင်းသာထားရှိရန် ထောက်ခံခဲ့ပါကြောင်း တင်ပြလိုပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေကို ပြင်ဆင်လိုပါက အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအပိုင်းမှာပါတဲ့အတိုင်း ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်”ဟု ဆွေးနွေးသည်။

Read More -->


ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအများစု မပြင်ဆင်သင့်ကြောင

No comments: