Thursday, November 20, 2014

တပ်မတော်သား (၂၅) ရာခိုင်နှုန်းကို လျှော့ချ ပေးရန် စစ်မှုထမ်းဟောင်းများ ဆန္ဒ ထုတ်ဖော်မည်

တပ်မတော်သား (၂၅) ရာခိုင်နှုန်းကို လျှော့ချ ပေးရန် စစ်မှုထမ်းဟောင်းများ ဆန္ဒ ထုတ်ဖော်မည် Wednesday, November 19, 2014 လွှတ်တော် အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း ပါဝင်နေ မှုကို လျှော့ချပေးရန် အတွက် ရန်ကုန် မြို့လယ်တွင် စစ်မှုထမ်း ဟောင်းများ ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ကြောင်း ယင်းဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်သူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောသည်။ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ရန်ကုန် မြို့တော် ခန်းမရှေ့၌ စစ်မှုထမ်းဟောင်း များနှင့် မြန်မာ့ လူမူဘ၀ တိုးတက် မြင့်မားရေး အသင်းမှ အဖွဲ့ဝင် များနှင့် ပူးပေါင်းကာ ဆန္ဒ ထုတ်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။ တပ်မတော်သား အားလုံး လွှတ်တော်ထဲက ထွက်ပေးဖို့ တောင်းဆိုတာ မဟုတ် ပါဘူး။ (၁၀) ရာခိုင်နှုန်း လောက်သာ ထားရှိ ခဲ့ပြီး ၂၀၁၅ ကနေ၂၀၁၆ ခုနှစ် ကျော်ကျော် တစ်နှစ်ခွဲလောက် အတွင်းမှာ ထွက်ခွာပေးဖို့ တောင်းဆို မှာပါ ဟု ၎င်း က ပြောသည်။ စစ်မှုထမ်းဟောင်းများ ဆန္ဒ ထုတ်ဖော်ရာတွင် တပ်မတော်တွင် တာဝန် ထမ်းဆောင် ခဲ့သည့် ရဲဘော်များမှ စ၍ ဗိုလ်မှူးချုပ် ရာထူး အထိ တာဝန် ထမ်းဆောင်ခဲ့ သူများ ပါဝင်မည် ဖြစ်သည်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ဆန္ဒ ထုတ်ဖော်ပွဲတွင် သက်ဆိုင်ရာ၏ တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒ ထုတ်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆန္ဒ ထုတ်ဖော်ရာတွင် ဖွဲ့စည်းပုံ အခြခံ ဥပဒေ ပြင်ဆင်ရာ၌ တပ်မတော်က ပုဒ်မ ၄၃၆ ကို ဦးဆောင် ပြင်ဆင်ပေးပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရမည့် မူဝါဒကို စွဲကိုင် မထားရန် အတွက် ဗီနိုင်းများဖြင့် ဆန္ဒ ထုတ်ဖော် သွားမည် ဖြစ်သည်။ လွှတ်တော် အတွင်း တပ်မတော်သားများ ပါဝင်နေ မှုကို လျှော့ချပေးရန် စစ်မှုထမ်းဟောင်းများ အများဆုံး ပါဝင်သော ဆန္ဒ ထုတ်ဖော်မှုသည် ယခု တစ်ကြိမ် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ထို့အပြင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုမှု များကို အခါ အားလျော်စွာ ပြုလုပ် သွားမည် ဖြစ်ကြောင်း မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အသင်းမှ သိရသည်။ Messenger News Journal

No comments: