Friday, November 14, 2014

*** သူရဦးရွှေမန်း မျိုးဆက် *** =================

တော်တော့ကို တော်တာဗျာ။ အဖေကြီး ပါဝါမပါပဲ ကုဋေကြွယ်တွေဖြစ်အောင် လုပ်နိုင်တာ တော်တော့ကို တော်တာပါ။ကိုယ်စွမ်းကိုယ်စကိုပဲအားကိုးပြီး သမာအာဇီဝ ချမ်းသာဖို့ တော်တော်ခက်တဲ့ နိုင်ငံမှာ တော်တော့ကို ချမ်းသာအောင် ရိုးရိုးသားသာလုပ်နိုင်တာ တော်တော့ကိုတော်လို့ပေါ့ဗျာ။ အဖေဗိုလ်ချုပ်ကြီးရဲ့ သြဇာအာဏာကိုမသုံးဘဲ ထိပ်တန်းရောက်လာတာတော်တော့ကိုတော်တာပေါ့ဗျာ။ ကျနော် အသက်တော်တော်ကြီးတဲ့အထိ ကောင်းရောင်းကောင်းဝယ် အလုပ်လေးတစ်ခုကို သမာအာဇီဝကျကျ ကြိုးစားလုပ်တာနေ့မအားညမအားကို လုပ်ခဲ့တာ အခုမှနားတာ စားရရုံ နေရရုံလေးပဲမနေ့တနေ့ကမှ အိမ်သေးသေးလေးတစ်လုံးပိုင်တယ်ဗျာ။ကျနော်ကတော့ ကိုယ့်ဘာသာကြိမ်းမောင်းမိပါတယ်။ မင်းတော်တော့ကိုညံ့တာပဲ ဘာမှအသုံးမကျပါလား အလကားကောင်လို့။ဟုတ်တယ်လေဗျာ။ သူများသားသမီးတွေလည်း ကိုယ့်ဘာသာ အဖေအားမကိုးဘဲ ကျောထောက်နောက်ခံ မရှိဘာမရှိ ကောင်းရောင်းကောင်းဝယ်လုပ်ကြတာ ဒိတ်ဒိတ်ကိုကြဲနေအောင်ချမ်းသာကြတာ။ဦးရွှေမန်းက တော်တာကိုးဗျ သူ့မျိုးဆက်လည်းဒါကြောင့်တော်တော့ကို တော်ကုန်ကြတာနေမှာကျနော့်လိုကောင်မျိုးတွေရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် သူတို့ အားမစိုက်ရဘူး ထိပ်တန်းလုပ်ငန်းရှင်တွေဖြစ်ကုန်ကြတာတော်တော့ကိုတော်လို့မဟုတ်ရင် တခြားဘာအကြောင်းရှိမှာလဲဟုတ်တယ်မဟုတ်လား။ကျနော် တော်တော်ညံ့ပါတယ်။ -

No comments: