Thursday, November 20, 2014

မင်းတို့မစနဲ့နော်

 ဆန္ဒပြ ကျောင်းသားလေးများ အတွက်. တော်ပါသေးရဲ့.... ပညာရေး ဥပဒေ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြရာကနေ တဖြည်းဖြည်း အသွင်ပြောင်းလာပြီး မလိုအပ်တာတွေ ဖြစ်လာတော့မလို့.... ကလေးတွေကို စိတ်ပူနေခဲ့ရတာ... အခု သပိတ်လှန်လိုက်ပြီတဲ့.... ရက်ပေါင်း ၆၀ တဲ့.... တော်တယ်... ကျောင်းသားတွေ တော်တာလား... ကျောင်းသားမိဘတွေ တော်တာလား... တာဝန်ရှိသူတွေ တော်တာလား... ဆရာ / ဆရာမတွေ တော်တာလား... ဘယ်သူပဲ တော်တော် အခု အေးအေးဆေးဆေး ဖြစ်သွားပြီ... ကျောင်းသားတွေကို စောင့်ကြည့်နေရတာ တဖြည်းဖြည်းနဲ့ အရောင်တွေ ရောလာတယ်... ပထမ ကျောင်းသားတွေ စတယ်...... ဒုတိယ ကျောင်းသား မဟုတ်သူတွေ လာရောက်ပူးပေါင်းတယ်။ တတိယ ငြိမ်း/ပွင့် မြအေး.... လာရောက်ပူးပေါင်းတယ်။ စတုတ္ထ နေမျိုးဇင်.... လာရောက်ပူးပေါင်းတယ်။ ပဉ္စမ... ကေအင်န်ယူ ( ငြိမ်းချမ်းရေးကောင်စီ) ရေလာလှူတယ်... ဆဌမ... ( လက်နက်ကိုင် တိုက်ခိုက်နေဆဲ အဖွဲ့တစ်ဖွဲ့ ) က အကွက်ဖျောက်ပြီး ရောဝင်လာတယ်.. သတ္တမ... ( ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာအဖွဲ့တစ်ဖွဲ့ ) က ပူးပေါင်းထောက်ကန် စီမံပေးဖို့ ကြိုးစားလာတယ်... တကယ်လုပ်နေတာက ကျောင်းသားတစ်ဖွဲ့တည်း... ပူးဝင်လာတာက ၆ ဖွဲ့.... ရည်ရွယ်တာက ပညာရေး.... ပညာရေးကနေ နိုင်ငံရေး ဖြစ်လာတယ်... နိုင်ငံရေးကနေ.... စစ်ရေးတွေ ပူးဝင်လာတယ်... ======================== ကျောင်းသားလည်း ဖြစ်ခဲ့တယ်.. နိုင်ငံရေးကို မျက်ခြေ မပြတ်လည်း ကြည့်ခဲ့တယ်.. ပေသီးခေါက်နေတာတွေကိုလည်း မြင်ရတယ်.. အမြတ်ထုတ်နေတာကိုလည်း သိရတယ်.. အမုန်းတရားနဲ့ ရန်ပြုနေတာလည်း သတိထားမိတယ်.. အခု ကျောင်းသားမိဘ ဖြစ်နေပြီ.... တကယ်တမ်း နိုင်ငံရေးအတွက် ကလေးတွေကို ရှေ့ ထုတ်လာတာကို လုံးဝ မကြိုက်ပါဘူး... ၈၈ မှာ ဒီကလေးတွေအရွယ်ဖြစ်ခဲ့တော့ ၈၈ ကို ပြန်ရောက်သွားမှာလည်း ကြောက်နေပါတယ်... ငယ်ငယ်ကလို မဟုတ်ပဲ စိတ်လည်း အရမ်းပူတတ်လာပါတယ်.. ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ၈၈ ကို ကျွန်တော်တို့ သားသမီးတွေကို မကြုံစေချင်ပါဘူး... သို့သော် ၈၈ ကို အသက်သွင်းချင်နေသူတွေတော့ ရှိနေပါသေးတယ်.. ၈၈ ပယောဂကြောင့် မသေ မကျိုး မပဲ့.... အလုပ်လုပ်စရာမလိုပဲ ထင်ပေါ်ကြော်ကြား ချမ်းသာသွားတဲ့ သူတွေပါ... ၈၈ ကျောင်းသားတွေ သေကြေသွားခဲ့ပေမယ့်.... ၈၈ ကျောင်းသူလေးတွေ တောထဲမှာ အနားမရ မုဒိန်းကျင့် ခံခဲ့ရပေမယ့်... ၈၈ ကျောင်းသား အချင်းချင်း အစုလိုက် အပြုံလိုက် ရက်စက်စွာ စွပ်စွဲ သတ်ဖြတ်ခဲ့ကြပေမယ့်... ရေပေါ်ဆီ ၈၈ တွေကတော့ ဒီနေ့အထိ ရှင်သန် အဆင်ပြေနေကြတုံးပါပဲ.... အော်ဟစ် ဆူပူနေကြတုန်းပါပဲ.... သွေးထိုး မြှောက်ပင့်နေကြတုန်းပါပဲ... ၈၈ ကို ပြန်သွားချင်နေကြတုန်းပါပဲ.... ကလေးတွေကို တစ်ခုတော့ ပြောပြချင်ပါတယ်.. မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ၈၈ အရေးအခင်းဆိုတာ ရေပေါ်ဆီတွေနဲ့ လူယုတ်မာတွေက လွဲလို့ ဘယ်သူ့ကိုမှ ကောင်းကျိုး မပေးခဲ့ဘူး ဆိုတာပါပဲ... ကိုယ်လိုအပ်တဲ့အရာ... ကိုယ်လိုချင်တဲ့ အရာကို ကျိုးကြောင်း သင့် မသင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေအနေ အရပ်ရပ်ကို ထည့်တွက် စဉ်းစား သေချာစွာ စိစစ်ပြီး သက်ဆိုင်ရာကို ညင်သာစွာ တင်ပြတောင်းဆိုပါ... အကျိုး အပြစ်တို့ကို အကောင်းဆုံးဖော်ညွှန်းကာ အစွန်းမထွက်အောင် ရေးသားဖော်ပြပြီး စာဖြင့်ဖြစ်စေ.... လူကိုယ်တိုင်ဖြစ်စေ.... သက်ဆိုင်ရာမှ တဆင့်ဖြစ်စေ... မီဒီယာမှ တဆင့် ဖြစ်စေ... တင်ပြတောင်းဆိုပါ။ လွှတ်တော်ထဲ တိုက်ရိုက် ရောက်စေလိုပါကလည်း မိမိတို့ ယုံကြည်ရသော လွှတ်တော်ကိုယ်စားလှယ် များမှတဆင့် ပေးပို့နိုင်ပါတယ်... တကယ်လို့ မဖြစ်မနေ ဆန္ဒပြ တောင်းဆိုဖို့ လိုအပ်ပါကလည်း မိမိတို့ ကျောင်းသားများသာ ဆောင်ရွက်ကြပါလို့ တိုက်တွန်း လိုက်ပါတယ်.... ဦးဦးကွန်... ပူးဝင်လာမှုတစ်ချို့ကို ပုံလေးနဲ့ တွဲပြထားပါတယ်... (အပြည့်အစုံတော့ မဟုတ်ပါ)

No comments: