Monday, November 17, 2014

ဘာလို့ မတည်ငြိမ်မငြိမ်းချမ်းချင်သလဲ?

ပညာရေးဥပဒေကြမ်းကို တစ်ခါမှမဖတ်ဖူးလို့ အထဲမှာ လက်မခံနိုင်စရာ ဘယ်လို အချက်တွေ ပါနေသလဲ မသိပါ။ ပြင်စရာအချက်တွေရှိတယ်။ အနည်းအကျဉ်းလောက်ပေါ့။ တစ်အုပ်လုံးသုံးမရဘူးလို့
ပြောနေကြတာတော့ မဟုတ်သေးဘူးလို့ တချို့ပြောနေကြတာတွေလည်းတွေ့ပါတယ်။ အခု ထက်ထိ မထောက်ခံပါဘူးဆိုတွေဘက်က ဘာတွေပြင်ချင်တယ် ဘာတွေလိုအပ်နေတယ် ဘယ်လိုပြင်သွားမယ်လို့
သေသေချာချာတစ်ချက်ချင်း ပြောဆိုနေတာမတွေ့မိသေးပါ။ ရှိရင်ရှိပါလိမ့်မယ်။ ကြားတာကတော့ ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ တရားဝင်ဖွဲ့ခွင့်မပေးလို့ ဒီဥပဒေကို သပိတ်မှောက်နေတယ်လို့တော့ကြားရပါတယ်။ ဒီ့ထက့်ခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ ကန့်ကွက်တာမျိုးသာဖြစ်စေချင်ပါတယ်။ ဆိုလိုတာက ကျောင်းသားသမဂ္ဂတွေ ဘာလို့ဖွဲ့စည်းချင်ရသလဲ။
ကျောင်းသားအရေးတွေတောင်းဆိုချင်လို့ ပညာရေး၊ ကျောင်းသားရေးရာ ကိစ္စတွေမှာ ထိထိရောက်ရောက်ဆောင်ရွက်ချင်ကြလို့ဖြစ်ပါလိမ့်မယ်။ လက်ခံပါတယ် အားပေးပါတယ် နိုင်ငံတကာ
မှာလည်းဒါမျိုးတွေဖွဲ့စည်းလုပ်ကိုင်ကြတာပါဘဲ။ ကိုယ်တကိမဲ့ကျောင်း ကိုယ်သင်မဲ့စာ ကိုယ်ကျင့်သုံးရမဲ့စနစ်အတွက် ကာယကံရှင်ကိုယ့်မှာလည်းဝင်ရောက်ဆွေးနွေးခွင့် အပြည့်အ၀ရှိပါတယ်။
.

ပြန်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးခေတ်ကနေ စပြီး ၈၈ အထိ မြန်မာ့သမိုင်းတစ်လျှောက်မှာ
ကျောင်းသားတွေက တကယ့်အရေးတဲ့အခန်းကဏ္ဋတွေမှာ ရှိနေခဲ့တယ်။ ကျောင်းသားထဲကနေ အာဇာနည်တွေလည်း အများကြီးထွက်လာတယ်။ မြန်မာ့ကျောင်းသားသမိုင်းက တကယ်ကောင်းခဲ့တယ်။ ဒါပေမဲ့ လက်ရှိအဖြစ်အပျက်ကိုကြည့်လိုက်တော့ ဒီလိုကောင်းခဲ့တဲ့သမိုင်းကို အလွဲသုံးစားလုပ်နေတယ်လို့ ယူဆရတယ်။ အလွဲသုံးစားလုပ်တာက ကျောင်းသားတွေမဟုတ်ပါဘူး။ ဦးစီးဦးဆောင်လုပ်ပြီး ပံ့ပိုးပေးနေတဲ့လူတွေပါ။ နိုင်ငံရေးဇာတ်စင်ပျောက်နေသူတွေပါ။
စင်နောက်က လူတွေပါ။ ဒီလူတွေက စင်ထိုးပေးတယ်၊ အပေါစားဇာတ်ညွှန်းရေးပေးတယ်၊ ကားလိပ်ဆွဲပေးတယ်၊ ကျောင်းသားတွေကို ဇာတ်ဆောင်တင်တယ်။ ပြီးတော့ ဖျာရောင်းတယ်။ ဇာတ်ညွှန်းက ပွဲပြီးရင် ပရိတ်သတ် ခဲစာမိမဲ့ ဇာတ်ညွှန်းပါ။ အလွဲသုံးစားလုပ်တယ်ဆိုတာ လိုချင်တဲ့အကျိုးစီးပွားတစ်စုံတရာရှိလို့ တစ်စုံတစ်ခု/ ယောက် ကို အသုံးချလိုက်တာပါ။ ဒါဆို ဘာလိုချင်ကြသလဲ။ ရှင်းပါတယ်။ မတည်ငြိမ် မအေးချမ်းမှုပါ။ အဲဒီအတွက်ကြောင့် လိုချင်တဲ့ မတည်ငြိမ်မှာ မအေးချမ်းမှုဖြစ်အောင် ခလုပ်ကန်သင်းတွေခင်းပေးဖို့လိုတယ်၊ ပဋိပက္ခတွေ ဖန်တီးပေးဖို့လိုတယ်။
.

ဘာလို့ မတည်ငြိမ်မငြိမ်းချမ်းချင်သလဲ?

!

အခု အစိုးရသစ်လက်ထပ်မှာ liberalizationတွေ တစ်ဆင့်ပြီးတစ်ဆင့်လျှော့ချလာပါတယ်။ freedom of speech, freedom of press, freedom of association စတာတွေကို တစ်ဆင့်ချင်းလုပ်လာတယ်။Political Spaceကို တဖြေးဖြေးချဲ့ပေးလာတယ်။ လက်ရှိမှာ နိုင်ငံရေးတိုးတက်မှု မရှိဘူးလို့ပြောတဲ့သူတွေအကုန်လုံးကို ဆန့်ကျင်ပါတယ်လို့ အခုရက်ပိုင်းကလေးမှာတင်
ဒေါ်စုကိုယ်တိုင်ကတောင် ပြောသွားပါသေးတယ်။ ( ဒီလောက်ချဲ့ပေးရုံနဲ့မဖြစ်သေးဘူး လုပ်ပေးစရာတွေအများကြီးကျန်သေးတယ်ဆိုတာ သိပါတယ်။ နားလည်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ပြောချင်တယ်။ ဒါလေးကိုပဲ စည်းကမ်းရှိရှိနဲ့ စနစ်တကျသုံးတတ်အောင် သုံးကြည့်ကြပါအုံး၊ ဒီ့ထက် liberal ပိုဖြစ်တာတွေနဲ့တန် မတန်သေး၊ အကျိုးရှိရှိ သုံးစွဲနိုင်ခြင်းရှိ မရှိသေး ဆိုတာ ဖေစ့်ဘွခ် ကိုကြည့်ရင်တောင်သိနိုင်ပါတယ်)။ ဆီးဂိမ်းလို အာဆီယံထိပ်သီးပွဲလို ပွဲကြီးတွေကို ထင်ထားတာထက်တောင်မှအဆင်ပြေပြေကျင်းပသွားနိုင်တယ်၊ ကိုကာကိုလာလို အမေရိကန်အခြေစိုက်
လုပ်ငန်းတွေရောက်လာတယ်၊အိုဘားလိုအထင်ကရခေါင်းဆောင်တွေအကြိမ်ကြိမ်လာတယ်၊ ဒါ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်ကိုရောက်နေတယ်လို့ သေချာပေါက်ဆိုလို့ရပါတယ်။ ဒိအချိန်မှာ ခုဏကပြောတဲ့ နိုင်ငံရေးစင်ပျောက်နေသူတွေက ကြားဖြတ်စင်ဝင်ထိုးပြီး နေရာဝင်
လိုချင်ကြတယ်။ ဒါကြောင့်ဖွံ့ဖြိုးတိုးတက်ရေးအရှိန်ကိုဆွဲသတ်နိုင်မဲ့ ခလုပ်ကန်သင်းတွေ တစ်ခုပြီးတစ်ခု ဖန်တီးတာမျိုးတွေရှိနေတယ်။
.

အဲဒီတော့ ကျောင်းသားတွေစဉ်းစားရမှာက ကျောင်းသားသမဂ္ဂတွေဖွဲ့စည်းချင်ကြတာသည် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုချည်းမခံချင်ကြလို့ဘဲ လို့နားလည်မိတယ်။ ကျောင်းသားတွေ
ကိုယ်တိုင် သေချာပြန်စဉ်းစားကြည့်ကြပါ၊ အခု လုပ်ရပ်ကရော နိုင်ငံရေးစင်ပျောက်သူများရဲ့ ကြိုးဆွဲရုပ်တွေ ဖြစ်မနေဘူးလား? ကျောင်းသားတွေသည် လွတ်လွပ်လပ်လပ်နဲ့ ကျောင်းသားအခွင့်အရေး
အပြည့်အ၀နဲ့ ပညာသင်နိုင်သူတွေဖြစ်ဖို့လိုပါတယ်။ ဥပဒေနဲ့ပတ်သက်ပြီး လိုချင်တာ ဖြည့်စွက်ချင်တာကို တဖြေးဖြေးချင်း ညှိနှိုင်းပြီး တစ်ဆင့်ချင်းရယူသင့်ပါတယ်။ မြန်မာပြည်မှာအပူတပြင်းလိုအပ်နေတာသည် ပညာတတ်စစ်စစ်တွေဖြစ်တဲ့အတွက်ကြောင့် အစိုးရသည်လည်း ပညာရေးဥပဒေနဲ့ ကျောင်းသားအရေးကို လိုအပ်ချက်မရှိအောင် တဖြးဖြေးပြင်ဆင်ပေးသွားရမယ်။ ဒီအတွက် ကျောင်းသားတွေနဲ့ အစိုးရကြားမှာ နားလည်မှုနဲ့ ကတိတစ်ခုယူထားရမယ်။ ဟုတ်ပြီ၊ အခု သမဂ္ဂဖွဲ့စည်းခွင့်မရှိရင် ဘယ်တော့ဖွဲ့ခွင့်ပေးမလဲ၊ ဘယ်လို လုပ်ပိုင်ခွင့်တွေ ပါဝင်ခွင့်တွေနဲ့ ဖွဲ့ခွင့်ပေးမှာလည်း၊ စသဖြင့် စသဖြင့် နှစ်ဘက်ကြား သဘောတူညီချက်တစ်ခု ယူထားရမယ်။ အချိန်ကျရင် အစိုးရဘက်ကလည်း ကတိတော့ တည်ပါစေ။ ကျောင်းသားသမဂ္ဂဆိုတာလည်း နိုင်ငံရေးလုပ်ဖို့မဟုတ်ဘူး။ ကျောင်းသားအရေးလုပ်ဖို့။ အမြင်ကျယ်ရမယ်။ သမဂ္ဂဆိုတဲ့စကားလုံးကြီးကို ကြောက်မနေသင့်ဘူး။ ပြန်မာပြည်ကြီးတစ်သက်စာ ဇာတာကောင်းဖို့ ပညာရေးကို အရင်လိုပရမ်းပတာ မထားသင့်တော့ပါဘူး။ တက္ကသိုလ်ကြီးဆောက်ထား
ပေးပြီးပြီ ဘာထပ်လိုချင်သေးတာလည်းလို့ လုပ်လို့မရဘူး။ သသွားလာရေးလွယ်ကူဖို့အပြင် တခြားလိုအပ်တာတွေ စီစဉ်ပေးရမယ်။ စနစ်ပိုင်းပြုပြင်ဖို့တွေအများကြီးလိုလိမ့်မယ်။

ပညာရေးမှာ အပြုသဘောဆောင်တဲ့လမ်းကြောင်းသုံးပြီး ပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေလည်း
တွေ့ပါတယ်။ ကျေးဇူးလည်း အင်မတန် တင်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဒီလို အင်စတီကျူးရှင်းတွေ အများကြီးအများကြီးလိုပါသေးတယ်။ အချုပ်ပြောရရင် ပဋိပက္ခမဖြစ်အောင် ကာကွယ်တာက ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်ရောက်နေတဲ့ ကိုယ့်နိုင်ငံရဲ့အနာဂတ်ကို ကာကွယ်ခြင်းဘဲ ဖြစ်တယ်။
ကျောင်းသားသည် နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့အတွက် ကိုယ့်အနာဂတ်ကို ကိုယ်ကာကွယ်ကြပါ။ (ခဏနေရင်ပုဒ်မ၁၈နဲ့ပါသွားတော့မယ် @_@ ) ကိုယ့်အနာဂတ်ကိုကာကွယ်နိုင်မှကိုယ့်မျိုးဆက်တွေကို ဆက်ကွယ်နိုင်မှာ။ ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ချင်ကြပါ။ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အခွင့်အရေးတွေရလာဖို့ တဖြေးဖြေးချင်းတောင်းဆိုသွားစေချင့်တယ်။ အချိန်တစ်ခုတော့ ပေးရပါလိမ့်မယ် (နှစ်ပေါင်း၅၀အချိန်ပေးပြီးပြီလို့တော့မပြောကြပါနဲ့) ဒေါ်စုတောင်မှ စိတ်ရှည်ရှည်နဲ့ ဘောင်အတွင်း
စည်းအတွင်းကနေဘဲ ဖြစ်ချင်တာကိုကြိုးစားနေတာပါ။ မြှောက်ပေးနေတဲ့ အမြှောက်တပ်ဖွဲ့သား
တွေကိုလည်းပြောချင်ပါတယ်။ အခုတလောလေးတင် ကယားပြည်နယ်မိန့်ခွန်းမှာ ဒေါ်စုထည့်ပြော
သွားပါတယ်။ သူမှာ ပြည်သူ့အားရှိတာကိုသိတယ်။ ဒါပေမဲ့ မမှန်ကန်တဲ့နည်းလမ်းနဲ့ လုံးဝအသုံးမချဘူးလို့ ပြောသွားပါတယ်။ ရှင်တို့လည်း ကိုယ့်ကိုကိုယ်ပြန်စဉ်းစားကြပါ။ ရှင်တို့က ကလေးတွေရဲ့အနာဂတ် -တစ်နည်း - နိုင်ငံရဲ့အနာဂတ်ကို သတ်သလိုဖြစ်နေတယ်။ ရှင်တို့က ကလေးတွေကို ဆုံးမရမှာ။ ဖျက်ဆီးရမှာ မဟုတ်ဘူး။ ဖေးမကူညီရမှာ။ မြှောက်ပေးရမှာ မဟုတ်ဘူး။ အားလုံးဆင်ခြင်ဆဝါးနိုင်ကြပါစေ။ We need wise guys but not stupid ones.
.
.
(မနက်က ဖတ်ထားတဲ့စတေးတပ်ထဲကလို လွှတ်တော်ထဲက ၂၅ % ကို ဖယ်ဖို့ စဉ်းစားနေတုန်း ၁၀၀% ဖြစ်သွားမှာစိုးလို့ ပြောရတာ)

No comments: