Thursday, November 20, 2014

နည်းပညာစာမေးပွဲတွင် ကျရှုံးခဲ့သူ တက္ကသိုလ်နှစ်ခုမှ ကျောင်းသားနှစ်ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေ

နည်းပညာစာမေးပွဲတွင် ကျရှုံးခဲ့သူ တက္ကသိုလ်နှစ်ခုမှ ကျောင်းသားနှစ်ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေ Wednesday, November 19, 2014 နိုဝင်ဘာ ၁၆ရက်နေ့က ကြေညာခဲ့ သော နည်းပညာစာမေးပွဲ အောင်စာရင်း၌ ကျရှုံးခဲ့သူ ကျောင်းသားနှစ်ဦးသည် ကိုယ့် ကိုယ်ကိုယ် သတ်သေသွားသည်။ ၄င်းတို့နှစ်ဦးမှာ မှော်ဘီနည်းပညာ တက္ကသိုလ်နှင့် စစ်တွေနည်းပညာ တက္က သိုလ်တို့တွင် တက်ရောက်ကာ စာမေးပွဲ ဖြေခဲ့ကြသူ အသက် ၂ဝ ကျော်အရွယ် ကျောင်း သားနှစ်ဦးဖြစ်ပြီး အောင်စာရင်း ထွက်ပြီးနောက်ရက်တွင် သတ်သေသွားခဲ့ ခြင်းဖြစ်သည်ဟုသက်ဆိုင်ရာနယ်မြေ ရဲစခန်းတို့က အတည်ပြုပြောကြားကြသည်။ ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်၊ ကောလိပ်စုစုပေါင်း ၃၂ ခုတို့ တွင် ပထမနှစ်မှ BE တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၆၅ဝဝ ကျော်ဖြေဆိုခဲ့ရာ စာမေးပွဲကျသူ ၁၆ဝဝဝ ကျော် (၂ဝ ရာခိုင်နှုန်းကျော်) ထဲ ၌ ၄င်းတို့နှစ်ဦးသာ ထိုရက်တွင် သတ်သေ သွားခဲ့ခြင်းဖြစ်သည်။ ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသည့် အနီးစပ်ဆုံးတရုတ် နိုင်ငံ၏ ယခုလ China Daily မေလ အစီ ရင်ခံစာ၌ တက္ကသိုလ်စာမေးပွဲကျ၍ တစ်နှစ် အတွင်း သတ်သေသွားသော ကျောင်းသား ၇၉ ဦးရှိကြောင်း ထုတ်ပြန်လာချိန်တွင် မြန်မာတွင်လည်း ယင်းပြဿနာ စတင် ကြုံလာပြီ ဖြစ်သည်။ ယခုနှစ်အတွက် နည်းပညာစာမေးပွဲ မှာ ပုံမှန်နှစ်များနှင့် အောင်ချက်ရာခိုင်နှုန်း သိပ်မကွာခြားပါဟု စက်မှုနှင့်သက်မွေးပညာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း က ပြောကြားနေသော်လည်း မှော်ဘီ နည်း ပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ကမူ ယခုလက်ရှိထုတ်ပြန်ထားသော အောင်စာရင်းနှင့်ပတ်သက်၍ ကျင့်သုံးနေ သောမူဝါဒများမှာ မြန်မာတွင်သာမကနိုင်ငံတကာတက္ကသိုလ်မူဝါဒများနှင့် မကိုက်ညီ ဟုစွပ်စွဲနေသည်။ စက်မှုနှင့်သက်မွေးပညာ ညွှန်ကြား ရေးမှူးချုပ်ဒေါက်တာဇော်ဝင်းက ”နှစ်စ မှာကတည်းက ဒီနှစ်ကတော့ သေသေ ချာချာ ကြိုးစားမှရမယ်၊ ပုံမှန်လုပ်နေလို့ တော့မရ ဘူးဆိုတာ ကျွန်တော်တို့ ကျောင်း သားတွေကို ပြောပြီးသားပါ။ အခု အောင် စာရင်းကသူတို့ဖြေထားတဲ့ရလဒ်အမှန်ပါ။ မရိုးမသားလုပ်ထားတာမရှိဘူး”ဟုပြောသည်။ ပြီးခဲ့သည့် တပ်မတော်အစိုးရ လက် ထက် ၂ဝ၁၁ခုနှစ် အထိ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ခံနည်းပညာ ကျောင်းတို့သည်Moderation (ရမှတ်နှင့် အဖြေလွှာ ပြန်ကြည့်ပြီး အတန်းတင်ပေး သည့်စာမေးပွဲစနစ်) ရှိသော်လည်း အင်ဂျင်နီယာအချို့၏ အရည်အသွေးပေါ် မေးခွန်း ထုတ်လာသူတို့များလာ၍ ယခုအစိုးရလက် ထက်တွင် ထိုစနစ်ကို ဖျက်ခဲ့သည်။ ထိုစနစ်ကြောင့် နည်းပညာတက္က သိုလ်၊ ကောလိပ်တို့၏ အောင်ချက်သည် တော်ရုံတန်ရုံ ဖြေဆိုနိုင်ရုံနှင့်မရတော့ သော အခြေအနေရောက်လာခဲ့သည်။ ယင်းအပြင် စာမေးပွဲတို့သည်လည်း အကျ များလာသည်။ တက္ကသိုလ်ဆရာများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာအာကာမိုးသူက ”ငယ်ငယ်ကလေးကတည်းက သင်ကြား သင်ယူမှု ပုံစံမပြောင်းခဲ့ဘဲ ခုမှ ရုတ်တရက် ပြောင်းလဲ လိုက်တဲ့အတွက် အဆင်သင့် မရှိသေးတဲ့ ကလေးတွေ အထိနာတယ်။တစ်ဆင့်ချင်းလုပ်ရမှာကို ချက်ချင်းပြောင်း လိုက်တော့ ဒီလိုပြဿနာတွေရှိလာတယ်” ဟု မှတ်ချက်ေ ပးသည်။ ထို့အပြင် စနစ်တစ်ခုသို့ ချက်ချင်း ပြောင်းလဲရာ၌ သင်ကြားသူဆရာတို့သာ မက၊ သင်ယူသူ ကျောင်းသား၊ ကျောင်းသူ တို့၏ အရည်အသွေးပိုင်းသည် ချက်ချင်း ပြောင်း လဲနိုင်ဖို့ရန် ခက်ခဲတတ်ပြီး လိုက်ပါ မပြောင်းလဲနိုင်သူအချို့သည် စိတ်ဓာတ်ကျ ခြင်း၊အားပေးသူမရှိပါက တလွဲထွက် ပေါက်ရှာ ခြင်း စသည်တို့ဖြစ်တတ်သည်ဟု ၄င်းက ပြောသည်။ နိုင်ငံရှိတက္ကသိုလ်တို့မှာ မြို့ထဲနှင့် ဝေးကွာသော နေရာတွင်ရှိနေသည့်အပြင် နေထိုင်စားသောက်မှုစရိတ် ကြီးမြင့်လာ သောယနေ့ အခြေအနေကြောင့် တစ်နှစ် တာ ကျောင်းတက်ရာတွင် အသုံးပြုရသော အထွေထွေစရိတ်သည် လူလတ်တန်းစား ကျောင်းသားမိဘတစ်ဦးအဖို့ ကြီးမားလှ ကြောင်း၊ ထို့အတွက်ကြောင့် မိဘတို့၏ ဖိအားသည်လည်းရှိနေကြသည်ဟု မှော်ဘီ နည်းပညာတက္ကသိုလ်ကျောင်းသားအချို့က ပြောကြသည်။ ယခုဖြစ်ရပ်က စာမေးပွဲကျခြင်းဆိုသည့် ကိစ္စရပ်မှာပင် အဆုံးမသတ်ခဲ့ဘဲကိုယ့်ကိုယ် ကိုယ်သတ်သေခြင်းဖြင့် အဆုံးသတ်မှုက ကျောင်းသားလူငယ်တို့ အတုယူမှားမှု ရှိလာမည်ကိုစိုးရိမ်သည်ဟု တက္ကသိုလ် ဆရာတစ်ဦးက ပြောသည်။ တရုတ်နိုင်ငံ၏ စစ်တမ်းတွင် မိဘ၏ ဖိအားကြောင့် သေဆုံးရမှုမှာ သတ်သေမှု ၏ ၇ ရာခိုင်နှုန်းသာရှိပြီး ကျန်သည်က စာမေးပွဲစစ်သော ဆရာတို့နှင့်အငြင်းအခုံ လုပ်ခြင်းနှင့် သတ်သေကြခြင်းဖြစ်သည်။ မြန်မာတွင်မူ ထိုအရင်းအမြစ်ကိုတိကျ စွာသိရန်ရှာဖွေဖို့လိုသည်ဟု တက္ကသိုလ် ဆရာများအဖွဲ့ချုပ်မှ ဆရာအချို့က ပြော ကြသည်။ ပုံမှန်စာမေးပွဲများထက် အကျ များနေ မှုသည် AGTI တန်းမှBTech တန်းသို့လည်းကောင်း၊ BTech တန်းမှ BE တန်းသို့လည်းကောင်း တက်လိုသူတို့၏ အရည်အချင်းစစ်စာမေးပွဲမှာမူ အောင်မြင် သူက သိပ်မရှိခဲ့ပေ။ ပုံမှန်စာမေးပွဲစစ်၍ ကျခဲ့သူတို့ကို ပြန်လည်ကုစား ဖြေဆို ခိုင်းသည့် အရည်အချင်းစစ်စာမေးပွဲတွင် တစ်နိုင်ငံလုံးမှ ဖြေဆိုသူစုစုပေါင်း ၄၂၇၆ ဦးရှိရာ ၁ဝဝ၂ ဦးသာအောင်ခဲ့သည့်အတွက် ပုံမှန်စာမေးပွဲအောင်စာရင်း အောင်ချက် ထက် ပိုမိုဆိုးရွားခဲ့သည်။ မှော်ဘီနည်းပညာတက္ကသိုလ်မှဆွဲကြိုးချသေဆုံးသွားသောကျောင်းသား ကိုတင့်လွင် မသေခင်နောက်ဆုံးရေးသွားသောနှုတ်ဆက်စာ Popular Myanmar News Journal 

No comments: