Thursday, November 20, 2014

သူပုန်ထတော့မလားထကြဟေ့

 ကွန်မြူနစ် သူပုန် ထချင်နေတာလား နည်းနည်းလောက် ပြောကြည့်မယ်... အခု ကျောင်းသား သပိတ် လှုပ်ရှားမှု မှာ..မူရင်း အမျိုးသား ပညာရေးမူကြမ်း ရဲ့ ဗဟိုချုပ်ကိုင်မှု များလွန်းတာ မကြိုက်ဘူးဆိုတဲ့ လှုပ်ရှားမှုကနေမြေအောက် ကွန်မြူနစ် လုပ်ရပ်တွေ ရုပ်လုံးကြွလာတာ အားလုံးအသိပါ..။ အမှန်တကယ်.. ပညာရေး မူကြမ်း ရဲ့ လိုအပ်ချက် ကို ပြုပြင်ပေးဖို့တစ်ခု သက်သက် လိုလားတဲ့ အရိုးခံ ဆရာ နဲ့ ကျောင်းသားတွေ ..ဒီလှုပ်ရှားမှု မှာ ပါဝင်နေတယ် ကို ..မငြင်းလိုပါဘူး..။ ဒါပေမယ့် .. အဲ့ဒါကို ခုတုံးလုပ်ပီး.. ၈၈ တုန်းက မြေအောက်လှုပ်ရှားမှု နဲ့ အာဏာသိမ်းပွဲ မအောင်မြင်လိုက်တဲ့ ဗကပ တွေ က..အခု ဗကသ ဆိုတဲ့ အမည် နဲ့တကျော့ပြန် တိုက်စစ်ဆင်လာခဲ့လေသလား...ပေါ့..။ ဗကသ ဖွဲ့စည်းခြင်းနဲ့ ပါတ်သက်လို့..၈၈ တုန်းက ကျောင်းသား ကနေအစပြုပီး ..လူထုအုံကြွမှု ဖြစ်ပေါ်လာဖို့.. ဗကပ မြေအောက်လှုပ်ရှားမှုတွေလုပ်ဆောင်တဲ့ နေရာမှာ ဒုတိယတန်း ခေါင်းဆောင်အဆင့်ရှိတဲ့ ကွန်မြူနစ်ဟောင်း တစ်ယောက် က ကျော်ကိုကို ကို..စာရေးမေးထားတဲ့ အပေါ်မှာ.. တစ်နိုင်ငံလုံး က ကျောင်းသားထုရဲ့ထောက်ခံမှု နဲ့ ဖွဲ့စည်းထားတာပါဆိုပီး ..ကျော်ကိုကို ရောချဖြေသွားတာ တွေ့ရလိမ့်မယ်..။အဲ့ဒီမှာ..အတွင်းရေးမှူး ပါ ဆိုတဲ့ ဖြိုးဖြိုးအောင် ကတော့ ..ကျော်ကိုကို ရဲ့နယ်ရုပ် အဆင့်ပဲ ရှိတယ်..။ ဆက်စပ်ပြချင်တာ တခုက..အခု.."အောင်သာ... ပီ သုံးလုံး" ဆိုတဲ့ အမည်နဲ့ ကွန်မြူနစ် ကဗျာတွေ ရေးနေတဲ့ သူက..၁၉၆၂ ကျောင်းသားဟောင်းဦးလှရွှေ..။ ၁၉၈၉ ခုနှစ်မှာ မြေပေါ် ဗကပ ကွန်မြူနစ် ပါတီဆိုပီး ဖျက်သိမ်းခံလိုက်ရတဲ့ ပါတီ ၃ ခုထဲမှာ ဦးလှရွှေ တို့ရဲ့ ပီသုံးလုံး ပါတီ (အလံဖြူ)ပါတယ်..။ ဦးလှရွှေ က ဧရာဝတီတိုင်း ကွန်မြူနစ် နယ်မြေမှာ ဗိုလ် အာဠာဝက ဆိုတဲ့ နာမည် နဲ့ တောခိုဖူးတယ်..။ လက်ရှိ..ဗကသ ဥက္ကဌ ပါလို့ ဆိုတဲ့ ကျော်ကိုကို က အဲ့ဒီ ဦးလှရွှေ ရဲ့ လက်သပ်မွေးထားတဲ့ တပည့် အရင်း..။ နောက်တခုက.. ၈၈ ကာလမှာ ၄၈၂၈ ဗကပ မြေအောက် UG လှုပ်ရှားမှု အဖွဲ့ ဆိုတာ ရှိသေးတယ်..။အဲ့ဒီမှာ..ပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ဒေါက်တာ နေ၀င်း ဆိုတာ... အခု ဖြိုးဖြိုးအောင် ရဲ့ အဖေ အရင်းကြီးပဲ..။၄၈၂၈ အသုံးပြုတဲ့ လိုဂိုက တူ / တံစဉ် တံဆိပ်..။ အခု..ကျောင်းသားလှုပ်ရှားမှု မှာ အဲ့ဒီ လိုဂို ထွက်ပေါ်လာတာ ဘယ်လို သဘောတရားလဲစဉ်းစားကြည့်ကြပေါ့ ဗျာ..။ ကျော်ကိုကို ဆိုတာကလည်း..ဇာတ်တူသား စားဖူးတဲ့ ABSDF မှာ စစ်သင်တန်းတက်ပီး ပြန်လာတာ..။ ကျော်ကိုကို မိန်းမ မေလင်းခ ဆိုတာကတော့ ပြောမနေပါနဲ့တော့..။ ဖေ့ဘွတ်ပေါ်တက်ပီး ကွန်မြူနစ် တံဆိပ် တူ/တံစဉ် ခမောက်ဆောင်း၊ ကွန်မြူနစ် အလေးပြု ပုံစံ နဲ့ ဓါတ်ပုံတောင် ရိုက်တင်ထားသေးတာ..။ အခု..ကျောင်းသားသပိတ်နဲ့ ပါတ်သက်ပီး..ပြည်ပ က AB ဇာတ်ပျက် မိုးသီးဇွန် နဲ့ ချိုတူးဇော် တို့ရဲ့ အွန်လိုင်း လှုံ့ဆော်မှုတွေ အရဆိုရင် ဗကသ ဟာ AB ဟောင်းတွေ နဲ့ ဗကပ လက်ကျန်ရဲ့ ဂိုက်လိုင်းနဲ့ ကျောင်းသားထုကြားထဲ ၀င်ပီး၊ အစိုးရ နဲ့ ကျောင်းသားထု ထိပ်တိုက်အကြမ်းဖက် တွေ့ဆုံရေး လမ်းကြောင်းပေါ်ရောက်ဖို့ .. ကွန်မြူနစ် ကြွေးကြော်သံတွေနဲ့ တွန်းတင်နေတယ် ဆိုတာ ထင်ရှားပါတယ်..။ ပြောချင်တာက..အခု လှုပ်ရှားမှု တွေမှာ.. ကျောင်းသားသီးသန့် မဟုတ်ပဲကျောင်းသား အရေခြုံ.. လုပ်စားတွေ ပါဝင်နေတယ် ဆိုတာပဲ..။ ကျောင်းသားကို ကစားတဲ့ နေရာမှာ ဗကပ ဟာ သိပ်ကျွမ်းကျင်ပါတယ်..။ သမိုင်းကြောင်းအရ..ပုန်ကန်လိုစိတ်ပြင်းပြတဲ့ မြန်မာ့စရိုက် နဲ့ အသက် ၂၀ ၀န်းကျင်ကြားမှာဟီးရိုး ဖြစ်ချင်စိတ်ရှိတဲ့ လူ့သဘောသဘာဝ ကို ကွန်မြူနစ်တွေ အတော်လေးကြေညက်တယ် ပြောရမယ်..။ အဆုံးပိတ် မေးချင်တာက.. ဗကသ နဲ့ အနေနဲ့ ကျောင်းသား အရေခြုံပီး.. တိုင်းပြည် ကို သမိုင်းတပတ်လည် ကွန်မြူနစ် သူပုန် ထ ချင်နေသလား လို့ပါ..။။။။ လင်းသူ Photos - Copied

No comments: